What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 28 May 2020 12:13

သူ့ရဲ့ သွေးရည်ကြည်များကို ဆေးသုတေသန အတွက် လှူတမ်းတဲ့ မင်းသားကြီး Tom Hanks

ကိုရိုနာရောဂါကူးစက်ခံရပြီးတဲ့ နောက်ပိုင်းမှာ မင်းသားကြီး Tom Hanks နဲ့ သူရဲ့ ဇနီးဖြစ်သူ Rita Wilson ဟာသူတို့ရဲ့ သွေးရည်ကြည်များကို ဆေးဝါးထုတ်ဖော်ရာတွင်အသုံးပြုဖို့ လှူတမ်းခဲ့ပါတယ်။

 

Tom Hanks နဲ့ Rita ဟာ အသက် ၆၃ နှစ်အရွယ် အသီးသီး ရှိကြပြီး ထိုသို့သွေးလှူတမ်းခြင်းဟာ ယခုလိုဆိုးရွားတဲ့ရောဂါကြီး မရှိစေဖို့ ၊ ထိုကိုရိုနာ ဗိုင်းရပ်စ်ဆေးရှာဖွေတွေ့ရှိခဲ့သော် ကမ္ဘာကြီး ပြန်လည်စိုပြေလာဖို့ရယ်ရွယ်နေတယ်သိရပါတယ်။

 

Tom hanks က သူ့ရဲ့ လက်က သွေးကြောတွေကို ဘယ်လို ပင်အပ်နဲ့ဖောက်နေပါစေ သူမနာပါဘူးအလှူအတမ်းလုပ်ဖို့ဆိုရင် အင်မတန်မှ ရက်ရော ပါတယ်တဲ့။

 

သူတို့ ဇနီးမောင်နှံသည်လည်း ခန္ဓာကိုယ် အပူချိန် မြှင့်တက်ခါ အပြင်းဖျားနေချိန်တွင် တွေ့ကြုံခဲ့ရတဲ့ကိစ္စတွေကို အချက်ကျကျ ပြန်လည်ဝေမျှပေးသွားပါတယ်။

 

Tom Hanks ကိုယ်တိုင်ပြောကြားခဲ့တာဖြစ်ပြီး ကိုရိုနာရောဂါခံစားရတာခြင်းတူတူ သူနဲ့ သူ့ အမျိုးသမီးခံစားရတဲ့ ဝေဒနာ လက္ခဏာတွေ မတူပါဘူးတဲ့ ။

 

Tom Hanks ပြောကြားခဲ့တာကတော့ - '' ကျွန်တော့်ရဲ့ Rita က ရောဂါရဲ့ ဒဏ်ကို ခံစားရတာ ပိုဆိုးတယ် ဒါ့ထက်သူမအနေနဲ့ တကယ့်ကို ဆိုးရွားတဲ့ ကျန်းမာရေး ဒဏ်ကို ခံခဲ့ရတယ် ကျွန်တော့်ထက် ရောဂါဝေဿနာ ပိုခံစားခဲ့ရပါတယ် သူမ အနေနဲ့ အဖျားတွေအရမ်းကြီးတယ် ဒါ့ထက် မျက်လုံးအကြည့်တွေ ဝေဝါးလာတယ် ထို့နောက် အစားအစာတွေကို အရသာ မခံနိုင်တော့ဘူး ဒါ့ထက် ရနံ့ တွေကိုပါ သတိမပြု မိတော့တဲ့ အထိဖြစ်ခဲ့တာပါ ၊ ကျွန်တော်ကတော့ ခန္ဓာကိုယ် နေရာ အနှံ ယားယံတာမျိုးရှိတယ်ထို့အပြင် ပင်ပန်း နှုန်းချိနေတယ် ဒီလိုလက္ခဏာလောက်ပဲ ပြခဲ့ပါတယ် '' လို့ အော်စကာဆုရှင်မင်းသားကြီးမှ ပြောကြားသွားပါတယ်။

 

အခုအချိန်မှာတော့ သူတို့ နှစ်ဦးလုံးမှာ ရောဂါပျောက်ကင်းသွားခဲ့ပါပြီ ၎င်းတို့ နှစ်ဦးစလုံးက ရောဂါ လက္ခဏာ ပြပြ ခြင်းကိုပဲ အခြားသူများ မကူးစက်စေရန် သြစတေးလျ ဆေးရုံမှာ ၃ ရက် အလုံပိတ် အခန်းထဲ နေခဲ့ ရပါတယ်။

 

ထိုအချိန်အတွင်း Tom Hanks ပြောကြားချက်အရ ဆရာဝန်က အမြဲ လေ့ကျင့်ခန်း လုပ်ပြီး ၃၀ မိနစ်တစ်ခါ ၁၀ မိနစ်နဲ့ တင် သူအတော်လေး နှုန်းချိပါတယ်တဲ့။

 

ထို့အပြင် Tom Hanks နဲ့ သူရဲ့ အမျိုးသမီး Rita Wilson တို့ဟာ ရောဂါ စမ်းသပ်ရာတွင် လွယ်ကူစေဖို့ သူတို့ရဲ့ သွေးတွေကို လှူခဲ့ပါသေးတယ်တဲ့ အခုအချိန်မှာ Tom ဟာ နေကောင်းလာပြီး Hidden Heroes program ကို ပါဝင်ထားတယ်သိရပါတယ်။

 

<<< Zawgyi >>>

 


--------------------------------------------------------------------------------------------------

 


 


 


 


 


 


 


 


 


 

Ref ; Daily Mail

Read times
Rate this item
(0 votes)