What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 21 April 2020 15:43

COVID-19 ကုသရေးဌာန (ဖောင်ကြီး) အား ဧပြီလ (၂၁) ရက်မှစတင်ဖွင့် လှစ်

COVID-19 ကုသရေးဌာန (ဖောင်ကြီး) အား ဧပြီလ (၂၁) ရက်မှစတင်ဖွင့် လှစ်မည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်၊ဖောင်ကြီးကျေးရွာ၊ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)ဝန်းအတွင်း၌ COVID-19လူနာများထားရှိကုသမည့်အထူးကြပ်မတ်ကုသဆောင်များအားကြိုတင်
မွမ်းမံပြင်ဆင်ရေး လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ( MCEF )နှင့် ပုဂ္ဂလိကဆေးရုံများအသင်းတို့မှ မတ် ၃၁ ရက်မှစတင် တာဝန်ယူ ဆောက်လုပ်မွမ်းမံပြင်ဆင်ခဲ့သည်။
 
Covid-19အထူးကြပ်မတ်ကုသဆောင်တွင် ICU-1၌ လူဦးရေ ၁၀ ဦး၊ ICU-2၌ လူဦးရေ ၁၀ ဦး၊ ICU-3၌ လူဦးရေ ၁၀ ဦး နှင့် ICU-4 ၌ လူဦးရေ ၇ ဦး ထားရှိကုသနိုင်စေရန် အမိုး၊မျက်နှာကျက်များကို အသစ်လဲလှယ်ခြင်းနှင့် အတွင်းရှိ နံရံ၊အကာများအားအပြည့်အစုံပြုပြင်ဆောင်ရွက်ခြင်း၊တာဝန်ထမ်းဆောင်ကြမည့် ဆရာဝန် (၉၆ )ဦး နေထိုင်ရန် ဒဂုံအဆောင် ၌အခန်း (၄၈)ခန်း၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် အထောက်အကူပြုပညာရှင် (၁၁၂)ဦး နေထိုင်ရန်အတွက် ဥတ္တရအဆောင်၌ အခန်းတစ်ခန်းလျှင် ၂ ဦးနှုန်းဖြင့် အခန်း(၅၆)ခန်းတို့ကိုပြင်ဆင်ဆောင်ရွက်ခဲ့သည်။
ထို့ပြင် ICU အတွင်းပိုင်းရှိအောက်ဆီဂျင်ပိုက်လိုင်းများ၊လေစုပ်ထုတ်သည့်စနစ်နှင့် ကျန်းမာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများ၊ဆေးရုံသုံးပစ္စည်းများတပ်ဆင်ဆောင်ရွက်ထားရှိကြောင်းသိရသည်။
အထူးကြပ်မတ်ကုသဆောင် (ICU) ၂ ဆောင်အတွက် ခုတင် (၂၀) ၊ လူနာဆောင် (၁) ဆောင်လျှင် ခုတင် (၁၂၀) လုံးစီပါဝင်သော သရဖီ ဆောင်၊ ခွာညိုဆောင်၊ ခတ္တာဆောင်နှင့်သဇင်ဆောင်တို့ တွင် High De pendency Unit အဖြစ်အသုံးပြုနိုင်မည့် လူနာခုတင် (၄၈၀)အသင့်ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်းနှင့်ပုဂ္ဂလိကဆေးရုံများမှလှူဒါန်းထားသောကုတင်စုစုပေါင်း (၄၀၀)ကျော်ပါဝင်ကြောင်းသတင်းရရှိသည်။
Source : Myanmar Construction Entrepreneurs Federation
Read times Last modified on Tuesday, 21 April 2020 15:48
Rate this item
(0 votes)