What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 15 September 2020 17:42

သုဝဏ္ဏ COVID -19 ကုသရေးဌာနတွင် လာမည့် (၅)ရက်အတွင်း လူနာများ စတင်လက်ခံမည်

COVID -19 ရောဂါ ကုသရေးဌာန-သုဝဏ္ဏမှာ လာမယ့်( ၅)ရက်အတွင်း လူနာတွေကို စတင်လက်ခံဖို့ လျာထား တယ်လို့ ဆေးရုံအုပ်အဖြစ်တာဝန်ယူဆောင်ရွက်မယ့် ဒေါက်တာကောင်းမြတ်စိုးက ပြောပါတယ်။

 

Covid-19 ဒုတိယလှိုင်းမှာ Positive လူနာတွေ များပြားလာတာကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ဧရာဝတီဖောင်ဒေးရှင်းတို့ ဆွေးနွေးတိုင်ပင်ပြီး အဲ့ဒီကုသရေးဌာနကို တည်ဆောက်နေတာပါ။

 

ဒီကုသရေးဌာနမှာတော့ ရောဂါလက္ခဏာမပြဘဲ COVID-19 ပိုးတွေ့ခဲ့တဲ့ လူနာတွေကို ထားရှိသွားမှာ ဖြစ်တယ်လို့လည်း ဒေါက်တာကောင်းမြတ်စိုးက ပြောပါတယ်။

 

လက်ရှိမှာတော့ လူနာတွေထားဖို့ Hospital Tent ၄ လုံးကို ဆောက်လုပ်နေပြီး Tent တစ်ခုစီမှာ လူနာ (၁၀၀)ကျော်နဲ့ စုစုပေါင်း လူနာ (၄၀၀) ကျော်ကို ထားရှိမှာပါ။ ဒီ့အပြင် Tent တစ်ခုစီမှာ ICU ခန်း (၁)ခန်းစီ ထည့်သွား ဖို့ကိုလည်း စီစဉ်နေတယ်လို့ ဒေါက်တာကောင်းမြတ်စိုးက ထပ်မံပြောပါတယ်။

 

ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကုသရေးကိစ္စတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်သွားမှာဖြစ်ပြီး တည်ဆောက်ရေး၊ နေထိုင်ရေးနဲ့ နေ့စဉ် အစားအသောက် ကုန်ကျစရိတ် အားလုံးကိုတော့ ဧရာဝတီဖောင်ဒေးရှင်းက ကျခံပေးသွားမှာ ဖြစ်တယ်လို့ ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးဇော်ဇော်က သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

One News Myanmar

Read times
Rate this item
(1 Vote)