What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Sunday, 26 April 2020 16:26
ဦးနှောက်ဆရာဝန်ကြီးဒေါက်တာပီတာထွန်း PPE ဝတ်စုံမလုံလောက်သဖြင့်ကိုဗစ်ကြောင့်ကွယ်လွန်
အင်္ဂလန် အမျိုးသားကျန်းမာရေးဌာန ကဒေါက်တာ ပီတာထွန်း မကွယ်လွန်ခင်တွင် ဆရာဝန်ကြီးမှ သူ့ ဌာန တွင် PPE ဝတ်စုံများ လိုအပ်နေပါသည် ထောက်ပံ့ ချပေးစေလိုပါတယ်ဆိုပြီး သူရဲ့ ဆေးရုံမှ စီမံခန့်ခွဲသူကို email ဖြင့်စာပို့ကာတောင်းခံခဲ့ပါတယ်။
ထိုအခြင်းအရာကို ဆေးရုံ မှ စီမံခန့်ခွဲသူမှ ဆရာဝန်ကြီး ပီတာထွန်းအား သူ၏ ဌာနမှာ ကိုရိုနာရော ဂါဖြစ်တဲ့ လူနာတွေလဲ မရှိပါဘူးဆိုကာ PPE ဝတ်စုံတောင်းဆိုမှု့ကို ပယ်ချခဲ့ပါတယ်။ ထိုသို့ ဆရာ ပီတာထွန်းတောင်းဆိုပြီးတစ်ပတ်အကြာမှာပဲ သူဟာ ကိုရိုနာ ရောဂါစစ်ဆေးတဲ့ အခါမှာ Positive ပြခဲ့ပါတယ်။
မတ်လ ၂၃ ရက်နေ့မှာ ဆရာကြီးက သူရဲ့ ဦးနှောက်အာရုံကြော ဆေးကုသဆောင်မှ PPE လိုအပ်တယ်ဆိုတာကို စာပို့တောင်းခံခဲ့တာဖြစ်ပြီးသူ့ ဆေးကုသဆောင်မှာ အခြား အဆောင်များထက် လုံခြုံရေး နည်းပါးနေပါတယ်။
ဆရာဝန်ကြီးရေးသားပေးပို့ထားခဲ့တာက သူတို့ ဦးနှောက်အာရုဲကြော ဆေးကုသ အဖွဲ့ ( Caversham ward neuro-rehab ) မှာ မျက်လုံးအအုပ် ၊ မျက်နှာစွပ်တဲ့ မျက်နှာ အအုပ်တောင် လောက်ငစွာ မရှိပါ ဘူး ICU (intensive care) ပြင်းထန်သော ဝေသနာ ကုသဆောင်ကို ပေးထားရပါတယ်။ သူ့ အဖွဲ့ထဲက ဆရာဝန်နှစ်ယောက်ဆို အိမ်တွင်စောင့်ကြည့်ခံနေရတဲ့ အနေအထားပါ။
ထိုချိန်မှာ ဆေးရုံမှ စီမံခန့်ခွဲသူရဲ့ စာပြန်ရေးသားချက်မှာ အခုချိန်မှာ ထိုအရာတွေကို အတော်လေးအသုံးပြုနေရတာမို့ ချွေတာသုံးဖို့လိုပါတယ်ဒါကြောင့် ဦးနှောက်နဲ့ အာရုံကြော ကုသဆောင်ကို ပစ္စည်းချပေးဖို့ သူမှာအခွင့်မရှိ ပါဘူးလို့ ပြန်လည်စာပို့တယ်သိရပါတယ်။
တကယ်တန်းမှာ ကိုရိုနာရဲ့ရောဂါလက္ခဏာတွေထဲက တစ်ခုက သွေးပျစ်တာဖြစ်ပြီး ဦးနှောက်အတွင်းရှိသွေးကြောများ ကို သွေးများ စုပျစ်ခါ သွေးခဲသွားတဲ့ လက္ခဏာနဲ့ လူနာရှင်လဲ ရှိပါတယ် ဒါ့ကြောင့် PPE အလုံအလောက်မရှိတဲ့ ဌာနမှ ဆရာဝန်ကြီးဟာ အသက်လဲ ၆၂ ရှိပြီမို့ရောဂါကူးစက်သောအခါ ရောဂါဒဏ်ကို မခံနိုင်ပဲဆုံးပါးသွားတာပါ။
Dr Peter Tun emailed managers at the Royal Berkshire Hospital seeking PPE for his team
Dr Tun received this email from managers at the Royal Berkshire Hospital denying his request for PPE
<<< Zawgyi >>>
-----------------------
 Ref : Newyork Times 
Read times Last modified on Saturday, 02 May 2020 16:13
Rate this item
(0 votes)