What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 19 April 2020 19:53

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၉-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

COVID.png

 

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၉-၄-၂၀၂၀) ရက်နေ့ ပထမအသုတ်စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၁၈၈) ခုအနက် (၁) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၁၈၇) ဦးတွင် COVID-19 ရောဂါ ပိုးမတွေ့ရှိ (မတွေ့ရှိ) ပါ။

၂။ အဆိုပါလူနာ (၁) ဦးကို သက်ဆိုင်ရာဆေးရုံသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှုပေး သွားမည်ဖြစ်ပါသည်။

၃။ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက် ရှိသော Case-011 သည် ရောဂါသက်သာကောင်းမွန်လျက်ရှိပြီး ၎င်းထံမှ တတိယအကြိမ်ဓာတ်ခွဲ နမူနာနှင့် စတုတ္တအကြိမ် ဓာတ်ခွဲနမူနာတို့အားလည်းကောင်း၊ Case-015 သည် ရောဂါသက်သာ ကောင်းမွန်လျက်ရှိပြီး ၎င်းထံမှ ဒုတိယအကြိမ်ဓာတ်ခွဲနမူနာနှင့် တတိယအကြိမ် ဓာတ်ခွဲနမူနာ အား လည်းကောင်းရယူ၍ ထပ်မံစစ်ဆေးခဲ့ရာ (၂)ကြိမ်လုံး တွင် COVID -19 ရောဂါပိုး မ‌တွေ့ရှိတော့ပါ။

၄။ ထို့ကြောင့် ယခုအခါ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ်ဆက်တိုက် COVID-19 ရောဂါပိုး မတွေ့ရှိသည့်လူနာ စုစုပေါင်း (၇) ဦးရှိပြီးဖြစ်ပါသည်။ ၎င်းတို့မှာ Case-003၊ Case-004၊ Case-007၊ Case-009၊ Case-012, Case-11, Case-15 တို့ဖြစ်ပါသည်။ ၎င်းတို့ (၇) ဦးအနက် Case-004 နှင့် Case-007 တို့သည် ဆေးရုံမှဆင်းခွင့်ရရှိပြီး ၎င်းတို့ကို ဆက်လက်၍ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။ ကျန် (၅) ဦးကို ဆေးရုံမှ မကြာမီဆင်းနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၅။ ယခုအထိ COVID-19 လူနာ (၁၀၈) ဦးရှိပြီဖြစ်ပါသည်။

၆။ (၁၈-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၉-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၈၉) ဦး ရှိပါသည်။

No photo description available.

No photo description available.

HPD.png

Read times
Rate this item
(0 votes)