What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 18 July 2022 14:00

ကူးစက်မှုပြင်းထန်လှိုင်း တကျော့ပြန်ဖြစ်လာနိုင်တဲ့ ကိုဗစ် ၁၉ မျိုးကွဲသစ် BA.5 (ဘီအေ ၅)

ကိုဗစ်၁၉ မျိုးဗီဇပြောင်း Omicron(အိုမီခရွန်)ရဲ့ မျိုးကွဲသစ် BA.5(ဘီအေ၅)ဟာ အခုအချိန်အထိ မြင်ဖူးသမျှထဲမှာ အဆိုးဆုံးမျိုးကွဲအဖြစ် နိုင်ငံတကာ ဆေးပညာရှင်အချို့က သတ်မှတ်ကြကြောင်း သိရှိရပါတယ်။

ဘီအေ၅က အရင်မျိုးကွဲတွေထက် လူတွေကို ပိုမိုကြာရှည်စွာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဖျားနာစေနိုင်တယ်လို့ ယူဆထားသလို ဒယ်တာမျိုးကွဲနဲ့ ဆင်တူတဲ့အပေါ် စိုးရိမ်နေပေမယ့် ပိုမိုပြင်းထန်စေတဲ့ ရောဂါမျိုးကို ဖြစ်စေနိုင်မလားဆိုတာ ပြောပြဖို့ စောင့်ကြည့်ရအုံးမှာ ဖြစ်ကြောင်း ဆိုပါတယ်။

BI1.jpg

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန်အမျိုးအစားရဲ့ BA.4နှင့်BA.5 မျိုးစိတ်ကူးစက်မှုနှုန်းဟာ အိန္ဒိယ၊ ဥရောပနှင့် အမေရိကန်တို့တွင် ရောဂါကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာနေပြီး တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ ယခုသီတင်းပတ် အပါအဝင် ပြီးခဲ့တဲ့ သီတင်းပတ်(၂)ခု အတွင်း (၃)ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ WHOက အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်အတွင်း နိုင်ငံတကာမှာ ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၃၀ရာခိုင်နှုန်းခန့် မြင့်တက်သွားခဲ့တယ်လို့ သိရှိရပြီး အိုမီခရွန်မျိုးကွဲရဲ့ (ထပ်ဆင့်) မျိုးကွဲများသည် ကန့်သတ်ထိန်းချုပ်မှု စည်းမျဉ်းများ ဖြေလျှော့မှုများကြောင့် ဖြစ်တယ်လို့လည်း WHOက ဆိုပါတယ်။

မြန်မာနိုင်ငံတွင်လည်း ဇူလိုင်လအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အနည်းငယ် ပြန်လည်ရှိလာနေပြီး BA.4နှင့်BA.5 မျိုးစိတ် ကူးစက်မှုတွေကိုလည်း တွေ့ရှိထားပြီ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုဟာ လက်ရှိတွင် တစ်ကျော့ပြန် ပြန်လည်မြင့်တက် လာနေတဲ့အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အပါအဝင် ဒေသတွင်း အစိုးရများနှင့် ကျန်းမာရေး အဖွဲ့အစည်းများက သတိပေးမှုများ လုပ်ဆောင်လျက် ရှိလာပါတယ်။

ရင်းမြစ် :mmgpmedia

BI.jpg

Read times
Rate this item
(0 votes)