What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 28 April 2020 16:41

ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ/မရှိ စစ်ဆေးရှာဖွေနိုင်သောစက် မန္တလေး ရောဂါရှာဖွေရေးဓာတ်ခွဲခန်းသို့ ရောက်ရှိ

စင်ကာပူနိုင်ငံမှ လှူဒါန်းသော ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ/မရှိရှာဖွေစမ်းသပ်နိုင်သောစက်သည် ဧပြီ နောက်ဆုံးပတ်က မန္တလေးမြို့သို့ ရောက်ရှိခဲ့ပြီး မဟာအောင်မြေမြို့နယ် ၃၅လမ်း ၆၄လမ်းနှင့် ၆၆လမ်းကြားရှိကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး) အဆောက်အအုံရှိ မန္တလေးရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင်ထားရှိသွားမည်ဖြစ်သည်။

 

ဓာတ်ခွဲခန်းအတွင်းစက်ထားရှိနိုင်ရေး၊ ဇီဝလုံခြုံရေးအတွက် ကျွမ်းကျင်ပညာရှင်များကပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။

 

လိုအပ်သည့်ဓာတ်ခွဲခန်းသုံးပစ္စည်းများမှာယူထားပြီး၊ ဓာတ်ခွဲပညာရှင်များအား လေ့ကျင့် သင်ကြားပေးကာမန္တလေးတိုင်းဒေသကြီးအပြင် အထက်မြန်မာပြည်မှ သံသယရှိလူနာများ၏ ဓာတ်ခွဲနမူနာများအား အချိန်နှင့် တစ်ပြေးညီစစ်ဆေး၍ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ/မရှိ စစ်ဆေးရှာဖွေပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

မန္တလေးမြို့ ကန်တောနဒီဆေးရုံနှင့် နဒီမြန်မာဟိုတယ်ရှိ သံသယရှိလူနာများ၏ ဓာတ်ခွဲနမူနာများအား ရန်ကုန်မြို့အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေးနေရသည်။ ဓာတ်ခွဲစစ်ဆေးစက်၂၀၂ဝခုနှစ်မေလကုန်ပြီးစီးနိုင်ရေးအတွက်မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

မောင်ပြည်သူ(မန္တလေး)

Read times
Rate this item
(0 votes)