What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 30 April 2020 08:26

(၃၀-၄-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီ COVID-19 သတင်းထုတ်ပြန်ချက်

(၃၀-၄-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
 
၁။ (၃၀-၄-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်း၌ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ (ဒုတိယအသုတ်) အဖြစ် စစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲနမူနာ (၁၈၄) ခုတွင် -
• COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။
၂။ သို့ဖြစ်ပါ၍ (၃၀-၄-၂၀၂၀)ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ (၁၅၀) ဦးရှိပြီဖြစ်ပါသည်။
၃။ (၂၉-၄-၂၀၂၀) ရက်နေ့အတွက် ဓာတ်ခွဲစစ်ဆေးမှုများကို -
• ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၂၁) ခုအားလည်းကောင်း၊
• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၂၇၃) ခုအား (၂) သုတ်ခွဲ၍လည်းကောင်း စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။
၄။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) အနေဖြင့် စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ထားရှိသူများ၏ ဓာတ်ခွဲနမူနာများအပြင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများအားလည်း ရယူကာ ရောဂါပိုးကင်းစင်လာမှု အခြေအနေအား ပုံမှန်စစ်ဆေးလျက်ရှိပါသည်။
Read times Last modified on Thursday, 30 April 2020 10:36
Rate this item
(0 votes)