What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 30 April 2020 12:27

Mytel မှ ရွင်ဖျင်ထီး “Safe Market” အစီအစဉ်

မကြာသေးမီကပင် Mytel မှ “Safe Market” ဟူသောအစီအစဉ်ကို

ပြည်တွင်းရောဂါထိန်းချုပ်ရေး နှင့်ကာကွယ်ရေးစင်တာများ နှင့် ပူးပေါင်းကာ စတင်အကောင်အထည်ဖော်ခဲ့ပြီး ကုန်သည်၊ဈေးသည်များ အတွက် ဈေးအတွင်း social distancing အလေ့အကျင့်ကို လိုက်နာကျင့်သုံးရန် အားပေးသောအနေဖြင့် ရွင်ဖျင်ထီးများ လှူဒါန်းပေးခဲ့သည်။ ထိုကြောင့်လည်း ၎င်းလှူဒါန်းမှုအစီအစဉ်သည် လူမှုကွန်ယက်ပေါ်မှတစ်ဆင့် ပြည်သူလူထု၏ တစ်ခဲနက် အားပေးထောက်ခံမှုကို ရရှိခဲ့သည်။ ထိုအစီအစဉ်များအပြင် Mytel သည် (၅၀% ငွေဖြည့်အပိုလက်ဆောင် + ၂၀၀% ဒေတာအပိုဆုရယူနိုင်မည့်) နှစ်ဆတိုးအပိုလက်ဆောင် အစီအစဉ် နှင့် ကိုရိုနာ ဗိုင်းရပ်စ် ၂၀၁၉ (COVID-19) ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီသို့ SMS ဖြင့်လှူဒါန်းနိုင်မည့် (111 သို့ CV19 ဟုပေးပို့ပြီး သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ လက်ကျန်ငွေမှ ၁,၀၀၀ ကျပ်ကို လှူဒါန်းနိုင်မည့်) အစီအစဉ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါသည်။

Covid-19 ကပ်ရောဂါဖြစ်ပွားနေချိန်တွင် Mytel မှ ကျန်းမာရေးလုပ်ငန်းများကို ကူညီသောအားဖြင့် တယ်လီကွန်း နှင့် အင်တာနက်ဝန်ဆောင်မှုများကို ထောက်ပံ့ပေးလျက် ရှိသည်။

Mytel သည် ကမ္ဘာ့ကပ်ရောဂါ Covid 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းက ထောက်ပံ့ပေးရန် ရည်ရွယ်လျက် စတင်ခဲ့သော Fight Covid 19 ကမ်ပိန်း၏ လုပ်ဆောင်ချက်တစ်ခုအဖြစ် ဆေးရုံများ၊ ဆက်စပ်ကျန်းမာရေးလုပ်ငန်းခွင်များနှင့် မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ထားသော quarantine ပြုလုပ်ထားသည့်နေရာများတွင် Covid 19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်များ၊ သူနာပြုများအပါအဝင် ကျန်းမာရေးဝန်ထမ်းအားလုံးနှင့် လူနာများကို တယ်လီကွန်းနှင့် အင်တာနက်ဝန်ဆောင်မှုများ ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ကိုယ်ကျိုးစွန့်လျက် ရှေ့တန်းမှနေ၍ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများကို လေးစားဂုဏ်ပြုသည့်အနေဖြင့် Mytel မှ မိမိတတ်နိုင်သည့်ဘက်မှ ဤကပ်ရောဂါကို အမြစ်ပြတ်သုတ်သင်နိုင်ရန် အစွမ်းကုန် ထောက်ပံ့ကူညီပေးသွားမည် ဖြစ်ပါသည်။

Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးမှလည်း “Mytel က အခုလို အမြဲ တစ်နိုင်ငံလုံးအနှံ့ လှူဒါန်းမှုတွေ လုပ်ပြီး ပြည်သူလူထုကို တတ်နိုင်သလောက် ကူညီပံ့ပိုးပေးသွားမှာပါ။ အခုလို ကမ္ဘာလုံးဆိုင်ရာရောဂါကြီးကို မပျံ့နှံ့အောင် နေ့ရောညပါ အားသွန်ခွန်စိုက် အလုပ်လုပ်ပြီး အတတ်နိုင်ဆုံး ကာကွယ်ထိန်းချုပ် ပံ့ပိုးကူညီနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ကျွန်တော်တို့က အထူးပဲကျေးဇူးတင်ပါတယ်။ ဒါ့အပြင် အထူးသဖြင့် အခုလိုအချိန်မျိုးမှာ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မပြတ်သွားဖို့က အရမ်းအရေးကြီးတယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာတွေကို ပိုမိုပံ့ပိုးပေးနိုင်ဖို့အတွက် ဆေးရုံတွေ၊ အခြား quarantine ပြုလုပ်ထားတဲ့ နေရာတွေမှာ တယ်လီကွန်းနှင့် အင်တာနက် ဝန်ဆောင်မှုတွေ ပေးသွားဖို့ အဓိကရည်ရွယ်ရတာပဲ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

Mytel မှ ဆေးရုံများ၊ ဆက်စပ်ကျန်းမာရေးလုပ်ငန်းခွင်များနှင့် မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ထားသော quarantine ပြုလုပ်ထားသည့်နေရာများတွင် နှာခေါင်းစည်းများ၊ ရေမလိုလက်သန့်ဆေးရည်များ၊ အခြားလိုအပ်သည့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့်တကွ တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်များ၊ သူနာပြုများနှင့် အခြား ကျန်းမာရေးဝန်ထမ်းများအားလုံးအတွက် data 5 GB နှင့် Mytel အချင်းချင်း မိနစ် ၂၀၀ အခမဲ့ခေါ်ဆိုနိုင်မည့် ဝန်ဆောင်မှုများဖြင့် ထောက်ပံ့ပေးခဲ့ပါသည်။ ဤထောက်ပံ့ကူညီခြင်းအစီအစဉ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဤအစီအစဉ်လုပ်ဆောင်ရခြင်းရည်ရွယ်ချက်မှာ Mytel သည် မိမိနိုင်ငံသားများကို တစ်ဦး နှင့်တစ်ဦး အဆက်အသွယ်မပြတ်ရှိနေစေရန်နှင့် ဤကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကိုတိုက်ဖျက်ရာ၌ ကျန်းမာရေးဝန်ထမ်းများကို တစ်ထောင့်တစ်နေရာမှ တတ်အားသရွေ့ ကူညီပံ့ပိုးရန် ရည်ရွယ်ခြင်းဖြစ်သည်။

ZAWGYI

မၾကာေသးမီကပင္ Mytel မွ “Safe Market” ဟူေသာအစီအစဥ္ကို ျပည္တြင္းေရာဂါထိန္းခ်ဳပ္ေရး ႏွင့္ကာကြယ္ေရးစင္တာမ်ား ႏွင့္ ပူးေပါင္းကာ စတင္အေကာင္အထည္ေဖာ္ခဲ့ၿပီး ကုန္သည္၊ေဈးသည္မ်ား အတြက္ ေဈးအတြင္း social distancing အေလ့အက်င့္ကို လိုက္နာက်င့္သုံးရန္ အားေပးေသာအေနျဖင့္ ႐ြင္ဖ်င္ထီးမ်ား လႉဒါန္းေပးခဲ့သည္။ ထိုေၾကာင့္လည္း ၎လႉဒါန္းမႈအစီအစဥ္သည္ လူမႈကြန္ယက္ေပၚမွတစ္ဆင့္ ျပည္သူလူထု၏ တစ္ခဲနက္ အားေပးေထာက္ခံမႈကို ရရွိခဲ့သည္။ ထိုအစီအစဥ္မ်ားအျပင္ Mytel သည္ (၅၀% ေငြျဖည့္အပိုလက္ေဆာင္ + ၂၀၀% ေဒတာအပိုဆုရယူႏိုင္မည့္) ႏွစ္ဆတိုးအပိုလက္ေဆာင္ အစီအစဥ္ ႏွင့္ ကို႐ိုနာ ဗိုင္းရပ္စ္ ၂၀၁၉ (COVID-19) ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး ေကာ္မတီသို႔ SMS ျဖင့္လႉဒါန္းႏိုင္မည့္ (111 သို႔ CV19 ဟုေပးပို႔ၿပီး သုံးစြဲသူမ်ားအေနျဖင့္ ၎တို႔၏ လက္က်န္ေငြမွ ၁,၀၀၀ က်ပ္ကို လႉဒါန္းႏိုင္မည့္) အစီအစဥ္ကိုလည္း မိတ္ဆက္ေပးခဲ့ပါသည္။

Covid-19 ကပ္ေရာဂါျဖစ္ပြားေနခ်ိန္တြင္ Mytel မွ က်န္းမာေရးလုပ္ငန္းမ်ားကို ကူညီေသာအားျဖင့္ တယ္လီကြန္း ႏွင့္ အင္တာနက္ဝန္ေဆာင္မႈမ်ားကို ေထာက္ပံ့ေပးလ်က္ ရွိသည္။

Mytel သည္ ကမာၻ႔ကပ္ေရာဂါ Covid 19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားတြင္ တစ္ဖက္တစ္လမ္းက ေထာက္ပံ့ေပးရန္ ရည္႐ြယ္လ်က္ စတင္ခဲ့ေသာ Fight Covid 19 ကမ္ပိန္း၏ လုပ္ေဆာင္ခ်က္တစ္ခုအျဖစ္ ေဆး႐ုံမ်ား၊ ဆက္စပ္က်န္းမာေရးလုပ္ငန္းခြင္မ်ားႏွင့္ ၿမိဳ႕နယ္အသီးသီးတြင္ ဖြင့္လွစ္ထားေသာ quarantine ျပဳလုပ္ထားသည့္ေနရာမ်ားတြင္ Covid 19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးအတြက္ စြမ္းစြမ္းတမံ တာဝန္ထမ္းေဆာင္လ်က္ရွိေသာ ဆရာဝန္မ်ား၊ သူနာျပဳမ်ားအပါအဝင္ က်န္းမာေရးဝန္ထမ္းအားလုံးႏွင့္ လူနာမ်ားကို တယ္လီကြန္းႏွင့္ အင္တာနက္ဝန္ေဆာင္မႈမ်ား ေထာက္ပံ့ေပးသြားမည္ ျဖစ္ပါသည္။ ကိုယ္က်ိဳးစြန႔္လ်က္ ေရွ႕တန္းမွေန၍ တာဝန္ထမ္းေဆာင္လ်က္ရွိေသာ က်န္းမာေရးဝန္ထမ္းမ်ားကို ေလးစားဂုဏ္ျပဳသည့္အေနျဖင့္ Mytel မွ မိမိတတ္ႏိုင္သည့္ဘက္မွ ဤကပ္ေရာဂါကို အျမစ္ျပတ္သုတ္သင္ႏိုင္ရန္ အစြမ္းကုန္ ေထာက္ပံ့ကူညီေပးသြားမည္ ျဖစ္ပါသည္။

Mytel ၏ ျပင္ပဆက္ဆံေရးအရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးမွလည္း “Mytel က အခုလို အၿမဲ တစ္ႏိုင္ငံလုံးအႏွံ႔ လႉဒါန္းမႈေတြ လုပ္ၿပီး ျပည္သူလူထုကို တတ္ႏိုင္သေလာက္ ကူညီပံ့ပိုးေပးသြားမွာပါ။ အခုလို ကမာၻလုံးဆိုင္ရာေရာဂါႀကီးကို မပ်ံ႕ႏွံ႔ေအာင္ ေန႔ေရာညပါ အားသြန္ခြန္စိုက္ အလုပ္လုပ္ၿပီး အတတ္ႏိုင္ဆုံး ကာကြယ္ထိန္းခ်ဳပ္ ပံ့ပိုးကူညီေနၾကတဲ့ က်န္းမာေရးဝန္ထမ္းေတြကိုလည္း ကြၽန္ေတာ္တို႔က အထူးပဲေက်းဇူးတင္ပါတယ္။ ဒါ့အျပင္ အထူးသျဖင့္ အခုလိုအခ်ိန္မ်ိဳးမွာ တစ္ေယာက္နဲ႔တစ္ေယာက္ အဆက္အသြယ္မျပတ္သြားဖို႔က အရမ္းအေရးႀကီးတယ္လို႔ ထင္ပါတယ္။ ဒါေၾကာင့္လည္း က်န္းမာေရးဝန္ထမ္းေတြနဲ႔ လူနာေတြကို ပိုမိုပံ့ပိုးေပးႏိုင္ဖို႔အတြက္ ေဆး႐ုံေတြ၊ အျခား quarantine ျပဳလုပ္ထားတဲ့ ေနရာေတြမွာ တယ္လီကြန္းႏွင့္ အင္တာနက္ ဝန္ေဆာင္မႈေတြ ေပးသြားဖို႔ အဓိကရည္႐ြယ္ရတာပဲ ျဖစ္ပါတယ္။” ဟု ေျပာၾကားခဲ့သည္။

Mytel မွ ေဆး႐ုံမ်ား၊ ဆက္စပ္က်န္းမာေရးလုပ္ငန္းခြင္မ်ားႏွင့္ ၿမိဳ႕နယ္အသီးသီးတြင္ ဖြင့္လွစ္ထားေသာ quarantine ျပဳလုပ္ထားသည့္ေနရာမ်ားတြင္ ႏွာေခါင္းစည္းမ်ား၊ ေရမလိုလက္သန႔္ေဆးရည္မ်ား၊ အျခားလိုအပ္သည့္ က်န္းမာေရး အေထာက္အကူျပဳပစၥည္းမ်ားႏွင့္တကြ တာဝန္ထမ္းေဆာင္လ်က္ရွိေသာ ဆရာဝန္မ်ား၊ သူနာျပဳမ်ားႏွင့္ အျခား က်န္းမာေရးဝန္ထမ္းမ်ားအားလုံးအတြက္ data 5 GB ႏွင့္ Mytel အခ်င္းခ်င္း မိနစ္ ၂၀၀ အခမဲ့ေခၚဆိုႏိုင္မည့္ ဝန္ေဆာင္မႈမ်ားျဖင့္ ေထာက္ပံ့ေပးခဲ့ပါသည္။ ဤေထာက္ပံ့ကူညီျခင္းအစီအစဥ္ကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ လုပ္ေဆာင္သြားမည္ျဖစ္ၿပီး ဤအစီအစဥ္လုပ္ေဆာင္ရျခင္းရည္႐ြယ္ခ်က္မွာ Mytel သည္ မိမိႏိုင္ငံသားမ်ားကို တစ္ဦး ႏွင့္တစ္ဦး အဆက္အသြယ္မျပတ္ရွိေနေစရန္ႏွင့္ ဤကမာၻလုံးဆိုင္ရာကပ္ေရာဂါကိုတိုက္ဖ်က္ရာ၌ က်န္းမာေရးဝန္ထမ္းမ်ားကို တစ္ေထာင့္တစ္ေနရာမွ တတ္အားသေ႐ြ႕ ကူညီပံ့ပိုးရန္ ရည္႐ြယ္ျခင္းျဖစ္သည္။

Read times
Rate this item
(0 votes)