What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 25 May 2020 14:11

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ပြည်တွင်းနေပြည်သူအချင်းချင်းကြား ကူးစက်မှု မတွေ့ရှိတော့ဟုဆို

မြန်မာနိုင်ငံ၌ COVID-19 ရောဂါသည် ပြည်တွင်းနေပြည်သူအချင်းချင်းကြား ကူးစက်မှုသစ် လူနာ

မတွေ့ရှိတော့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

“ပြည်တွင်းမှာတွေ့တဲ့ caseကပြတ်သွားပြီ၊ ပိုးတွေ့နေတာ ပြည်ပကပြန်လာသူတွေဆီ အများဆုံးမို့ ပြည်ပက ပြန်လာသူတွေက အရေးကြီးပါတယ်၊ သူတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်စည်းကမ်းတွေ လိုက်နာပြီး ပူးပေါင်းပေးဖို့ အရမ်းအရေးကြီးပါတယ်” ၎င်းကဆိုသည်။

ပြည်ပမှပြန်လာသူများသည် Quarantine ၂၁ရက်နှင့် နေအိမ်၌ ၇ ရက်စောင့်ကြည့်ကန့်သတ်ခြင်း စုစုပေါင်း ၂၈ ရက်အတွင်း သတ်မှတ်စည်းမျဉ်းစည်းကမ်းအတိုင်းနေထိုင်ခြင်း နှင့် ပူးပေါင်ဆောင်ရွက်ခြင်းများပြုလုပ်မှသာ COVID-19 ရောဂါ နောက်တစ်ကျော့ထပ်မံကူးစက်မှု များပြားလာမည် မဟုတ်ကြောင်း ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆက်လက်ပြောကြားခဲ့သည်။

“ပေါ့လို့မရပါဘူး၊ ဗိုင်းရပ်စ်က မာယာများတယ်၊ နှာခေါင်းစည်းတပ်မယ်၊ လက်ပုံမှန်ဆေးကြောမယ်၊ လူစုလူဝေးရှောင်မယ်၊ လူအချင်းချင်း ၃ပေအကွာနေကြမယ်ဆိုရင် COVID-19 ရောဂါပိုးကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်သွားမှာပါ” ဟု ၎င်းကဆိုသည်။

လက်ရှိ COVID-19ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၀၁ဦးတွင် ရောဂါကင်းစင်လာသူ ၁၂၂ဦးရှိကြောင်း ၊ ၎င်းတို့အနက် ၁၀၉ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မေ ၂၄ ရက် ည ၈နာရီအထိ ဓာတ်ခွဲစစ်ဆေးသူ ၁၈,၆၄၄ ဦး၊ ရောဂါပိုးတွေ့ရှိသူ ၂၀၁ဦး၊ ရောဂါကင်းစင်လာသူ ၁၂၂ ဦး၊ သေဆုံးသူ ၆ဦး အသီးသီးရှိပြီး COVID-19ရောဂါ အများဆုံးတွေ့ရှိရသည့် ဒေသမှ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး ချင်းပြည်နယ်က ဒုတိယ နှင့် ပဲခူးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့က တတိယနေရာများတွင် အသီးသီးရပ်တည်နေကြောင်း ၊ ကယားပြည်နယ်တစ်ခုသာ ရောဂါပိုးကူးစက်မှု လူနာလုံးဝ မရှိသေးကြောင်း သိရသည်။(Xinhua)

Read times
Rate this item
(0 votes)