What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 08 May 2020 20:18

ဆေးလိပ်သောက်သူများ covid-19 ဖျားနာမှု နည်းပါးကြောင်း တွေ့ရှိ

ပြင်သစ်တွင် အရွယ်ရောက်ပြီးသူများ၏ လေးပုံတစ်ပုံသည် ဆေးလိပ်သောက်သူများ ဖြစ်သည်။

သုတေသီတို့က ဧပြီလအနှောင်းပိုင်းတွင် အစီရင်ခံသည်မှာ ပါရီမှ Pitié-Salpêtrière ဆေးရုံသို့ ဖေဖော်ဝါရီလ ၂၈ ရက်မှ ဧပြီလ ၉ ရက်အတွင်း ရောက်လာသော ကိုဗစ်လူနာ ၄၈၂ တွင် ၅ ရာခိုင်နှုန်းသာ နေ့စဉ်ဆေးလိပ်သောက်သူ ဖြစ်ကြောင်းတွေ့ရသည်။ လူနာအများစုမှာ ဆေးလိပ်မသောက်ကြသူများ ဖြစ်သည်။
ဆေးလိပ်သောက်သူ မသောက်သူ အချိုးအစားကို အမေရိကန်၊ တရုတ်နှင့် ပြင်သစ်မှ အခြားနေရာရှိ ဆေးရုံများတွင် တွေ့ရှိချက်များ ကွဲပြားသည်။ သို့သော် ဆေးလိပ်သောက်သည့်အကျင့် ရှိသူများသည် ဆေးရုံလူနာများတွင် အနည်းစု ဖြစ်သည်။ သိသိသာသာ နည်းပါးသည်။
ဆေးလိပ်သောက်သူများသည် covid-19 ဖြစ်ပွားစေသော sars-cov-2 ကြောင့် ရောဂါပြင်းထန်မှု ဖြစ်နိုင်‌ခြေ နည်းပါးသည်။ ထိုအချက်သည် အံ့အားသင့်စရာ ဖြစ်နေသည်။ ဆေးပညာတွင်လည်း တွေ့ရခဲလှသော ရှားရှားပါးပါး ဖြစ်သည်။

ဆေးလိပ်သောက်သူများသည် sars-cov-2 ကူးစက်မှု ကို ကာကွယ်ပေးနိုင်ခြင်း မရှိသည်မှာ သေချာသည်။ သူတို့သည် ဆေးလိပ်ကို ကိုင်သည်။ ဖွာသည်။ သို့ဖြစ်ရာ လက်ချောင်းမှ ဆေးလိပ်၊ ဆေးလိပ်ဖင်စီခံမှ တစ်ဆင့် ပါးစပ်ထဲ ပိုးရောက်နိုင်သည်။ ဆေးလိပ်ဖွာစဉ် လက်က ပါးစပ်နား ရောက်သဖြင့် လက်မှတစ်ဆင့် ပါးစပ်ထဲ ပိုးကူးစက်နိုင်သည်။
သို့သော် ပိုးကူးစက်ပြီးနောက် ရောဂါလက္ခဏာများ တိုးတက်ဖြစ်ပေါ်ဖို့ ဖြစ်နိုင်ခြေနည်းသည်။ လက္ခကာပြလျှင်လည်း မထင်မရှားသာ ဖြစ်မည်။ သို့ဖြစ်ရာ ဆေးရုံတက်ရလောက်အောင် ဆိုးဆိုးဝါးဝါးမဖြစ်။ အိမ်မှာ နေရင်း ကုသနိုင်သည်။
ထိုအချက်က ဆေးလိပ်သောက်ခြင်းသည် ကာကွယ်ပေးသော အကျိုးသက်ရောက်မှု တစ်ခုခု ရှိနေနိုင်သည်ဟု ယူဆစရာ ဖြစ်သည်။ အကောင်းဆုံး မှတ်ထင်ချက်မှာ ထိုတစ်ခုခုသည် နီကိုတင်း ဖြစ်မည်။

ထိုအယူအဆသည် သတင်းထူးတစ်ခုအဖြစ် ပျံ့နှံ့သည်။ ဆေးလိပ်ဖြတ်သူများ သုံးသည့် နီကိုတင်း ကပ်ခွာများ၊ နီကိုတင်းဆေးများ ရောင်းကောင်းသည်။ ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက အွန်လိုင်းရောင်းချမှုများကို ဧပြီလ ၂၄ ရက်တွင် ဆိုင်းငံ့ထားစေခဲ့သည်။ ဆေးဆိုင်တွင် ဝယ်ယူသူတို့ကို တစ်ဦးစာအတွက် တစ်လစာသာ ရောင်းချရန် ခွင့်ပြုသည်။ နီကိုတင်းကပ်ခွာဆေးပလာစတာများကို ကိုဗစ်လူနာများ၊ ကိုဗစ်လူနာများကို ကုသပေးနေသည့် ကျန်းမာရေး ဝန်ထမ်းများ၊ သာမန်နိုင်ငံသားများတို့အား ပေးဖို့ အစီအစဉ် ရှိသည်။

 

zawgyi

ေဆးလိပ္ေသာက္သူမ်ားသည္ ေဆးလိပ္မေသာက္သူမ်ားထက္ covid-19 ဖ်ားနာမႈ နည္းပါးပုံရသည္

ျပင္သစ္တြင္ အ႐ြယ္ေရာက္ၿပီးသူမ်ား၏ ေလးပုံတစ္ပုံသည္ ေဆးလိပ္ေသာက္သူမ်ား ျဖစ္သည္။
သုေတသီတို႔က ဧၿပီလအေႏွာင္းပိုင္းတြင္ အစီရင္ခံသည္မွာ ပါရီမွ Pitié-Salpêtrière ေဆး႐ုံသို႔ ေဖေဖာ္ဝါရီလ ၂၈ ရက္မွ ဧၿပီလ ၉ ရက္အတြင္း ေရာက္လာေသာ ကိုဗစ္လူနာ ၄၈၂ တြင္ ၅ ရာခိုင္ႏႈန္းသာ ေန႔စဥ္ေဆးလိပ္ေသာက္သူ ျဖစ္ေၾကာင္းေတြ႕ရသည္။ လူနာအမ်ားစုမွာ ေဆးလိပ္မေသာက္ၾကသူမ်ား ျဖစ္သည္။
ေဆးလိပ္ေသာက္သူ မေသာက္သူ အခ်ိဳးအစားကို အေမရိကန္၊ တ႐ုတ္ႏွင့္ ျပင္သစ္မွ အျခားေနရာရွိ ေဆး႐ုံမ်ားတြင္ ေတြ႕ရွိခ်က္မ်ား ကြဲျပားသည္။ သို႔ေသာ္ ေဆးလိပ္ေသာက္သည့္အက်င့္ ရွိသူမ်ားသည္ ေဆး႐ုံလူနာမ်ားတြင္ အနည္းစု ျဖစ္သည္။ သိသိသာသာ နည္းပါးသည္။
ေဆးလိပ္ေသာက္သူမ်ားသည္ covid-19 ျဖစ္ပြားေစေသာ sars-cov-2 ေၾကာင့္ ေရာဂါျပင္းထန္မႈ ျဖစ္ႏိုင္‌ေျခ နည္းပါးသည္။ ထိုအခ်က္သည္ အံ့အားသင့္စရာ ျဖစ္ေနသည္။ ေဆးပညာတြင္လည္း ေတြ႕ရခဲလွေသာ ရွားရွားပါးပါး ျဖစ္သည္။

ေဆးလိပ္ေသာက္သူမ်ားသည္ sars-cov-2 ကူးစက္မႈ ကို ကာကြယ္ေပးႏိုင္ျခင္း မရွိသည္မွာ ေသခ်ာသည္။ သူတို႔သည္ ေဆးလိပ္ကို ကိုင္သည္။ ဖြာသည္။ သို႔ျဖစ္ရာ လက္ေခ်ာင္းမွ ေဆးလိပ္၊ ေဆးလိပ္ဖင္စီခံမွ တစ္ဆင့္ ပါးစပ္ထဲ ပိုးေရာက္ႏိုင္သည္။ ေဆးလိပ္ဖြာစဥ္ လက္က ပါးစပ္နား ေရာက္သျဖင့္ လက္မွတစ္ဆင့္ ပါးစပ္ထဲ ပိုးကူးစက္ႏိုင္သည္။
သို႔ေသာ္ ပိုးကူးစက္ၿပီးေနာက္ ေရာဂါလကၡဏာမ်ား တိုးတက္ျဖစ္ေပၚဖို႔ ျဖစ္ႏိုင္ေျခနည္းသည္။ လကၡကာျပလွ်င္လည္း မထင္မရွားသာ ျဖစ္မည္။ သို႔ျဖစ္ရာ ေဆး႐ုံတက္ရေလာက္ေအာင္ ဆိုးဆိုးဝါးဝါးမျဖစ္။ အိမ္မွာ ေနရင္း ကုသႏိုင္သည္။
ထိုအခ်က္က ေဆးလိပ္ေသာက္ျခင္းသည္ ကာကြယ္ေပးေသာ အက်ိဳးသက္ေရာက္မႈ တစ္ခုခု ရွိေနႏိုင္သည္ဟု ယူဆစရာ ျဖစ္သည္။ အေကာင္းဆုံး မွတ္ထင္ခ်က္မွာ ထိုတစ္ခုခုသည္ နီကိုတင္း ျဖစ္မည္။

ထိုအယူအဆသည္ သတင္းထူးတစ္ခုအျဖစ္ ပ်ံ႕ႏွံ႔သည္။ ေဆးလိပ္ျဖတ္သူမ်ား သုံးသည့္ နီကိုတင္း ကပ္ခြာမ်ား၊ နီကိုတင္းေဆးမ်ား ေရာင္းေကာင္းသည္။ ျပင္သစ္က်န္းမာေရးဝန္ႀကီးဌာနက အြန္လိုင္းေရာင္းခ်မႈမ်ားကို ဧၿပီလ ၂၄ ရက္တြင္ ဆိုင္းငံ့ထားေစခဲ့သည္။ ေဆးဆိုင္တြင္ ဝယ္ယူသူတို႔ကို တစ္ဦးစာအတြက္ တစ္လစာသာ ေရာင္းခ်ရန္ ခြင့္ျပဳသည္။ နီကိုတင္းကပ္ခြာေဆးပလာစတာမ်ားကို ကိုဗစ္လူနာမ်ား၊ ကိုဗစ္လူနာမ်ားကို ကုသေပးေနသည့္ က်န္းမာေရး ဝန္ထမ္းမ်ား၊ သာမန္ႏိုင္ငံသားမ်ားတို႔အား ေပးဖို႔ အစီအစဥ္ ရွိသည္။

 

economist.com/science-and-technology

Read times
Rate this item
(0 votes)