What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 16 June 2020 23:55

ကိုဗစ် ၁၉ ဆေး စမ်းသပ်အောင်မြင်

ကိုဗစ် ကြောင့် ကမ္ဘာတစ်လွှားမှာ အသက်ဆုံးရှုံးရ လူတွေ အိမ်ထဲ ချောင်ပိတ်မိတွေအထိ ဖြစ်ခဲ့ပါတယ် အခုတော့ ရှေ့ဆက်ပြီး ထိုသို့ ဖြစ်လာနိုင်စရာအကြောင်းတွေမရှိတော့ပါဘူး ဆေးပညာနယ်ပယ်မှ လူအများ ဈေးတန်တန်နဲ့ တွင်ကျယ်စွာ အသုံးပြုကြတဲ့ Dexamethasone ( ဒက်ဇာမက်သဇုန်း ) က ပထမဦးဆုံးကိုဗစ်ရောဂါလူနာများ အသက်ကယ်ဆေးအဖြစ်ထွက်ရှိလာပါတယ်။

 

အဆိုပါဆေးဟာ ကိုဗစ်ကြောင့် ဖျားနာ ၊ နာမကျန်းဖြစ်နေတဲ့ လူနာများကို ပြန်လည်ကောင်းမွန်လာစေမှာပါ။Steroid ( စတီးရိုက် ) တွေက များစွာအသုံးပြုရင်ဆိုးကြိုးအများကြီးရှိနိုင်ပေမယ့် အနည်းငယ်သာ သူ့လိုအပ်သလို ကုသမူ့မှာအသုံးပြုပါက လူ့အသက်သေဆုံးနိုင်တဲ့ ကိုဗစ်ပိုးကို သေစေနိုင်ပါတယ်လို့ ဗြိတိန်နိုင်ငံရဲ့ ဆေးဝါး ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

 

ထိုဆေးရဲ့ဖြစ်ပေါ်လာပုံတစ်စိတ်တစ်ပိုင်းမှာဆိုရင် ကမ္ဘာ့အကြီးအကျယ်အပြောင်မြှောက်ဆုံး စမ်းသပ်ချက်တစ်ခုကို ဆေးဝါးပညာရှင်တွေ အနေနဲ့ လုပ်ခဲ့ရပါတယ်။ထိုဆေးဟာ ကိုဗစ်ကြောင့် အသက်ရူစက်တပ်ထားတဲ့ ကုတင်ပေါ်က လူနာတွေကိုတော့ အာမမခံနိုင်ပါဘူး ထိုဆေးကို စစဖြစ်ခါစ ကတည်းကအသုံးပြုတဲ့လူတွေကိုဆိုရင်တော့သေချာပေါက်ဆေးစွမ်းပြတယ်သိရပြီး ဗြိတိန် မှာ လူ ငါးထောင်ကျော်လောက် အသက်ရှင်လျက် ပြန်ကယ်နိုင်တာ ၎င်းဆေးအစွမ်းကြောင့်လို့ လေ့လာစစ်တမ်းကောက်သူတွေရဲ့ ပြောကြားချက်ကြောင့်သိရပါတယ်။

 

ထိုဆေးက ဈေးလည်း ပေါတာမို့ ဆင်းရဲတဲ့ တိုင်းပြည်တွေ ကိုဗစ် ကူးစက်ခံရတဲ့ နှုန်းမြှင့်မားမူ့ကို အတော်လေး အကျိုးသက်ရောက်မူ့ရှိပါလိမ့်မယ်။အခုအချိန်မှာ ဗြိတိန် အစိုးရဟာ ၎င်းဆေးဖြင့်ကုသဖို့ နည်းပို့ချခြင်း အကြိမ်ရေ နှစ်သိန်းပြခဲ့ပြီးပြီဖြစ်ကာ ဗြိတိန် ကျန်းမာရေးဌာနမှ တစ်ဆင့် ရောဂါဖြစ်ပွါးနေသူများကို ၎င်းဆေးဖြင့်ကုသမယ်သိရပါတယ်။

 

လူနာ အယောက် ၂၀ မှာ ၁၉ ယောက်က ရောဂါ နည်းနည်းသက်သာပြီဆိုတာနဲ့ ဆေးရုံကနေလွတ်ချင်ကြတယ် တချို့တွေ အတော်များများက သက်သာသွားတယ် ဒါပေမယ့် အောက်စီဂျင်လိုတာမျိုးရှိမယ်၊ လေရူဖို့ လိုတာရှိမယ် ဒီလို လိုအပ်တဲ့လူတွေကျ လိုအပ်တာကို နည်းလမ်းမှန်စွာ မကုသလျှင် ကြာလေ ဆိုးလေပဲ ဒီလိုလူတွေကို Dexamethasone ( ဒက်ဇာမက်သဇုန်း ) နဲ့ကုဖို့မလွယ်ကူဘူးလို့သိရပါတယ်။ထိုဆေးဟာ ခုခံတိုက်ခိုက်နိုင်စွမ်းရှိတဲ့ ကိုယ်တွင်း အစိတ်အပိုင်းတွေ နဲ့မှ ကိုဗစ်ကို တိုက်ထုတ်ဖို့ ကူညီပေးနိုင်တယ်သိရပါတယ်။

 

အောက်စဖိုဒ့် မှအဖွဲ့အစည်း စိစစ်ချက်အရ ဆေးရုံမှာရှိတဲ့ လူအယောက် နှစ်ထောင်ကို Dexamethasone ( ဒက်ဇာမက်သဇုန်း ) ပေးကြည့်ပြီး ကျန်လူအယောက် လေးထောင်ကို Dexamethasone ( ဒက်ဇာမက်သဇုန်း ) ပေးမထားဘူးပေါ့။Dexamethasone ( ဒက်ဇာမက်သဇုန်း ) ကိုပေးမသုံးတဲ့အခါမှာ လေရူစက်အသုံးပြုတဲ့ လူနာဟာ သေဆုံးဖို့ ရာခိုင်နှုန်း၄၀ မှ ၂၈ ထိရှိကာ အောက်စီဂျင်လိုအပ်တဲ့ လူနာတွေက သေဆုံးဖို့ ရာခိုင်နှုန်း ၂၅ မှ ၂၀ အတွင်းရှိတယ်သိရပါတယ်။

 

စုံစမ်းစစ်ဆေးရေး အရာရှိဖြစ်သူ ပရော်ဖက်ဆာ Peter Horby ပြောကြားချက်အရတော့ " ၎င်းဆေးဟာ ကိုဗစ်ကြောင့် လူသေဆုံးမှု့နှုန်းတွေကိုလျော့နိုင်မဲ့ မကြာခင်မှာ ဖြစ်ပေါ်လာတော့မယ့် အလင်းတန်းပဲ " ဆိုကာပြောပြခဲ့ပါတယ်။ဦးဆောင်သုတေသန ပြုလုပ်သူ ပရော်ဖက်ဆာကြီး Martin Landray ပြောကြားချက်အရတော့ ၎င်းဆေးကို အသုံးပြုခြင်းဖြင့် အသက်ရူစက် အသုံးပြုတဲ့ လူ တစ်ဝက်လောက် ကိုကယ်တင်နိုင်မယ် အောက်စီဂျင်အသုံးပြုတဲ့သူ ၃ ပုံ တစ်ပုံ ကယ်တင်နိုင်မယ် ဆိုကာပြောကြားခဲ့ပါတယ်။

 

ဒီဆေးကုနည်းဟာ ၁၀ ရက် နီးနီး အချိန်ယူရပြီး လူနာတစ်ဦးလျှင်ဆေးဖိုး ကုန်ကြငွေ တစ်ရက်လျှင် ၅ ပေါင် တိတိ ( မြန်မာကျပ်ငွေ ၈၈၀၀ ကျပ် ) ကုန်ကျမယ်သိရပါတယ်။အခုအချိန်မှာ တစ်ကမ္ဘာလုံး ကို ရောင်းချပေးတော့မှာဖြစ်ပြီး လူတိုင်းဆေးရရှိမှာပါ။

 

ဒါ့ထက် ရောဂါနုသေးတဲ့ လူတွေပေါ်မှာလည်း Dexamethasone ( ဒက်ဇာမက်သဇုန်း ) က သိမ်အစွမ်းပြလေ့ မရှိပါဘူးတဲ့ ဒီတော့ အနောက်နိုင်ငံတွေမှာ နေတဲ့ လူတွေ အိမ်ထဲကနေ ဆေးတွေကြိုဝယ်ထားတော့လည်းဘာမှမထူးပါဘူး။ ထိုဆေးကို မတ်လ ထဲက စမ်းသပ်နေတာဖြစ်ပြီး လူတစ်ချို့က ဌက်ဖျားဆေးတွေပေါ်သာ မျက်လုံးရောက်ခဲ့ကြတာပါ ။Dexamethasone ( ဒက်ဇာမက်သဇုန်း ) ဆေးဟာ ၁၉၆၀ ခုနှစ်များကတည်းက ပန်းနာရင်ကျပ်နဲ့ လေးဖက်နာ ဆေးအဖြစ် အသုံးပြုခဲ့တယ်သိရပါတယ်။

 

<<< Zawgyi >>>

 

ကိုဗစ္ ၁၉ ေဆး စမ္းသပ္ေအာင္ျမင္

-------------------------------------

 

ကိုဗစ္ ေၾကာင့္ ကမာၻတစ္လႊားမွာ အသက္ဆုံးရႈံးရ လူေတြ အိမ္ထဲ ေခ်ာင္ပိတ္မိေတြအထိ ျဖစ္ခဲ့ပါတယ္ အခုေတာ့ ေရွ႕ဆက္ၿပီး ထိုသို႔ ျဖစ္လာႏိုင္စရာအေၾကာင္းေတြမရွိေတာ့ပါဘူး ေဆးပညာနယ္ပယ္မွ လူအမ်ား ေစ်းတန္တန္နဲ႔ တြင္က်ယ္စြာ အသုံးၿပဳၾကတဲ့ Dexamethasone ( ဒက္ဇာမက္သဇုန္း ) က ပထမဦးဆုံးကိုဗစ္ေရာဂါလူနာမ်ား အသက္ကယ္ေဆးအျဖစ္ထြက္ရွိလာပါတယ္။

 

အဆိုပါေဆးဟာ ကိုဗစ္ေၾကာင့္ ဖ်ားနာ ၊ နာမက်န္းျဖစ္ေနတဲ့ လူနာမ်ားကို ျပန္လည္ေကာင္းမြန္လာေစမွာပါ။Steroid ( စတီး႐ိုက္ ) ေတြက မ်ားစြာအသုံးျပဳရင္ဆိုးႀကိဳးအမ်ားႀကီးရွိႏိုင္ေပမယ့္ အနည္းငယ္သာ သူ႔လိုအပ္သလို ကုသမူ႔မွာအသုံးျပဳပါက လူ႔အသက္ေသဆုံးႏိုင္တဲ့ ကိုဗစ္ပိုးကို ေသေစႏိုင္ပါတယ္လို႔ ၿဗိတိန္ႏိုင္ငံရဲ႕ ေဆးဝါး ကြၽမ္းက်င္ပညာရွင္ေတြက ေျပာပါတယ္။

 

ထိုေဆးရဲ႕ျဖစ္ေပၚလာပုံတစ္စိတ္တစ္ပိုင္းမွာဆိုရင္ ကမာၻ႔အႀကီးအက်ယ္အေျပာင္ေျမႇာက္ဆုံး စမ္းသပ္ခ်က္တစ္ခုကို ေဆးဝါးပညာရွင္ေတြ အေနနဲ႔ လုပ္ခဲ့ရပါတယ္။ထိုေဆးဟာ ကိုဗစ္ေၾကာင့္ အသက္႐ူစက္တပ္ထားတဲ့ ကုတင္ေပၚက လူနာေတြကိုေတာ့ အာမမခံႏိုင္ပါဘူး ထိုေဆးကို စစျဖစ္ခါစ ကတည္းကအသုံးျပဳတဲ့လူေတြကိုဆိုရင္ေတာ့ေသခ်ာေပါက္ေဆးစြမ္းျပတယ္သိရၿပီး ၿဗိတိန္ မွာ လူ ငါးေထာင္ေက်ာ္ေလာက္ အသက္ရွင္လ်က္ ျပန္ကယ္ႏိုင္တာ ၎ေဆးအစြမ္းေၾကာင့္လို႔ ေလ့လာစစ္တမ္းေကာက္သူေတြရဲ႕ ေျပာၾကားခ်က္ေၾကာင့္သိရပါတယ္။

 

ထိုေဆးက ေစ်းလည္း ေပါတာမို႔ ဆင္းရဲတဲ့ တိုင္းျပည္ေတြ ကိုဗစ္ ကူးစက္ခံရတဲ့ ႏႈန္းျမႇင့္မားမူ႔ကို အေတာ္ေလး အက်ိဳးသက္ေရာက္မူ႔ရွိပါလိမ့္မယ္။အခုအခ်ိန္မွာ ၿဗိတိန္ အစိုးရဟာ ၎ေဆးျဖင့္ကုသဖို႔ နည္းပို႔ခ်ျခင္း အႀကိမ္ေရ ႏွစ္သိန္းျပခဲ့ၿပီးၿပီျဖစ္ကာ ၿဗိတိန္ က်န္းမာေရးဌာနမွ တစ္ဆင့္ ေရာဂါျဖစ္ပြါးေနသူမ်ားကို ၎ေဆးျဖင့္ကုသမယ္သိရပါတယ္။

 

လူနာ အေယာက္ ၂၀ မွာ ၁၉ ေယာက္က ေရာဂါ နည္းနည္းသက္သာၿပီဆိုတာနဲ႔ ေဆး႐ုံကေနလြတ္ခ်င္ၾကတယ္ တခ်ိဳ႕ေတြ အေတာ္မ်ားမ်ားက သက္သာသြားတယ္ ဒါေပမယ့္ ေအာက္စီဂ်င္လိုတာမ်ိဳးရွိမယ္၊ ေလ႐ူဖို႔ လိုတာရွိမယ္ ဒီလို လိုအပ္တဲ့လူေတြက် လိုအပ္တာကို နည္းလမ္းမွန္စြာ မကုသလွ်င္ ၾကာေလ ဆိုးေလပဲ ဒီလိုလူေတြကို Dexamethasone ( ဒက္ဇာမက္သဇုန္း ) နဲ႔ကုဖို႕မလြယ္ကူဘူးလို႔သိရပါတယ္။ထိုေဆးဟာ ခုခံတိုက္ခိုက္ႏိုင္စြမ္းရွိတဲ့ ကိုယ္တြင္း အစိတ္အပိုင္းေတြ နဲ႔မွ ကိုဗစ္ကို တိုက္ထုတ္ဖို႔ ကူညီေပးႏိုင္တယ္သိရပါတယ္။

 

ေအာက္စဖိုဒ့္ မွအဖြဲ႕အစည္း စိစစ္ခ်က္အရ ေဆး႐ုံမွာရွိတဲ့ လူအေယာက္ ႏွစ္ေထာင္ကို Dexamethasone ( ဒက္ဇာမက္သဇုန္း ) ေပးၾကည့္ၿပီး က်န္လူအေယာက္ ေလးေထာင္ကို Dexamethasone ( ဒက္ဇာမက္သဇုန္း ) ေပးမထားဘူးေပါ့။Dexamethasone ( ဒက္ဇာမက္သဇုန္း ) ကိုေပးမသုံးတဲ့အခါမွာ ေလ႐ူစက္အသုံးျပဳတဲ့ လူနာဟာ ေသဆုံးဖို႔ ရာခိုင္ႏႈန္း၄၀ မွ ၂၈ ထိရွိကာ ေအာက္စီဂ်င္လိုအပ္တဲ့ လူနာေတြက ေသဆုံးဖို႔ ရာခိုင္ႏႈန္း ၂၅ မွ ၂၀ အတြင္းရွိတယ္သိရပါတယ္။

 

စုံစမ္းစစ္ေဆးေရး အရာရွိျဖစ္သူ ပေရာ္ဖက္ဆာ Peter Horby ေျပာၾကားခ်က္အရေတာ့ " ၎ေဆးဟာ ကိုဗစ္ေၾကာင့္ လူေသဆုံးမႈ႕ႏႈန္းေတြကိုေလ်ာ့ႏိုင္မဲ့ မၾကာခင္မွာ ျဖစ္ေပၚလာေတာ့မယ့္ အလင္းတန္းပဲ " ဆိုကာေျပာျပခဲ့ပါတယ္။ဦးေဆာင္သုေတသန ျပဳလုပ္သူ ပေရာ္ဖက္ဆာႀကီး Martin Landray ေျပာၾကားခ်က္အရေတာ့ ၎ေဆးကို အသုံးျပဳျခင္းျဖင့္ အသက္႐ူစက္ အသုံးျပဳတဲ့ လူ တစ္ဝက္ေလာက္ ကိုကယ္တင္ႏိုင္မယ္ ေအာက္စီဂ်င္အသုံးျပဳတဲ့သူ ၃ ပုံ တစ္ပုံ ကယ္တင္ႏိုင္မယ္ ဆိုကာေျပာၾကားခဲ့ပါတယ္။

 

ဒီေဆးကုနည္းဟာ ၁၀ ရက္ နီးနီး အခ်ိန္ယူရၿပီး လူနာတစ္ဦးလွ်င္ေဆးဖိုး ကုန္ၾကေငြ တစ္ရက္လွ်င္ ၅ ေပါင္ တိတိ ( ျမန္မာက်ပ္ေငြ ၈၈၀၀ က်ပ္ ) ကုန္က်မယ္သိရပါတယ္။အခုအခ်ိန္မွာ တစ္ကမာၻလုံး ကို ေရာင္းခ်ေပးေတာ့မွာျဖစ္ၿပီး လူတိုင္းေဆးရရွိမွာပါ။

 

ဒါ့ထက္ ေရာဂါႏုေသးတဲ့ လူေတြေပၚမွာလည္း Dexamethasone ( ဒက္ဇာမက္သဇုန္း ) က သိမ္အစြမ္းျပေလ့ မရွိပါဘူးတဲ့ ဒီေတာ့ အေနာက္နိုင္ငံေတြမွာ ေနတဲ့ လူေတြ အိမ္ထဲကေန ေဆးေတြၾကိဳ၀ယ္ထားေတာ့လည္းဘာမွမထူးပါဘူး။ ထိုေဆးကို မတ္လ ထဲက စမ္းသပ္ေနတာျဖစ္ၿပီး လူတစ္ခ်ိဳ႕က ဌက္ဖ်ားေဆးေတြေပၚသာ မ်က္လုံးေရာက္ခဲ့ၾကတာပါ ။Dexamethasone ( ဒက္ဇာမက္သဇုန္း ) ေဆးဟာ ၁၉၆၀ ခုႏွစ္မ်ားကတည္းက ပန္းနာရင္က်ပ္နဲ႔ ေလးဖက္နာ ေဆးအျဖစ္ အသုံးျပဳခဲ့တယ္သိရပါတယ္။

 

Ref : BBC

Read times
Rate this item
(0 votes)