What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 20 June 2020 23:47

COVID-19 ကာလ နှုတ်ဆက်ကြပုံများ

တစ်ဦးနဲ့တစ်ဦး ဆုံတွေ့ နှုတ်ဆက်ကြတဲ့အခါ တစ်ဦးထံမှ တစ်ဦး ရောဂါ မကူးစက်ရအောင် 

ခပ်ခွာခွာနေကြခြင်း social distancing ကို ကျင့်သုံးကြရတာမို့  ဘယ်လို နှုတ်ဆက်ကြသလဲဆိုတဲ့ COVID-19 ကာလ နှုတ်ဆက်ကြပုံများဟာ စိတ်ဝင်စားစရာကောင်းနေတယ်။

 

Handshake 

တစ်ဦီးလက်ကို တစ်ဦး ဆုပ်ကိုင်ပြီး လက်ဆွဲနှုတ်ဆက်တာဟာ ပြဿနာ ရှာတာပဲ။ 

လူတစ်ဦးလက်မှကနေ တစ်ဦးဆီကို  ဗိုင်းရပ်စ်တွေ ကူးစက်ရောက်ရှိစေတယ်။ အဲဒီလက်နဲ့ မျက်နှာကို ကိုင်မိရင် ပိုးကူးခံရလိမ့်မယ်။ 

 

 

Botswana Handshake

အာဖရိက ရိုးရာ လက်ဆွဲနှုတ်ဆက်ပုံလည်း အလားတူပင် ပိုးကူးစက်စေနိုင်ပါတယ်။ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရတဲ့အပြင် လက်ချင်းချိတ်ထားတဲ့အချိန်က သာမန် လက်ဆွဲနှုတ်ဆက်တာထက် ပိုကြာတယ်။

 

High Five

လက်ဝါးချင်း ရိုက်ပြီး နှုတ်ဆက်တာဟာလည်း ပိုးကူးစေနိုင်ပါတယ်။

ဒါပေမဲ့ သာမန်လက်နှုတ်ဆက်ပုံထက်တော့ ပိုးကူးတာ ထက်ဝက်သက်သာပါတယ်။

Fist Bump

လက်သီးချင်းထိပြီး နှုတ်ဆက်ပုံကတော့ သာမန်လက်ဆွဲနှုတ်ဆက်ပုံထက် သာပါတယ်။ လက်ဖဝါးချင်း ထိတွေ့မှု မရှိတာကြောင့် လက်ဆွဲနှုတ်ဆက်ပုံတွေထဲမှာ အကောင်းဆုံး ဖြစ်ပါတယ်။ လေ့လာစမ်းသပ်မှုတွေအရ ပိုးကူးဖို့ ၁၀ % ခန့်သာ ရှိကြောင်း တွေ့ရပါတယ်။

 

အခုပြောပြခဲ့တဲ့ လက်ချင်းထိ နှုတ်ဆက်ပုံတွေဟာ ပိုးကူးတာမှာ နည်းတာများတာပဲ ကွာတာပါ။ ပိုးကူးတာက နည်းနည်းများများ ကူးခံရတာချင်း အတူတူမို့ လက်ချင်းထိ နှုတ်ဆက်ပုံတွေကို ကိုဗစ်ကာလ လွန်မြောက်ပြီးရင်လည်း ရှောင်သင့်ပါတယ်။

 

Elbow Bump

တံတောင်ဆစ်ချင်း ထိပြီး နှုတ်ဆက်တာ ကိုဗစ်ကာလမှာ ပြန်ပေါ်လာတယ်။ တစ်ချိန်က အနာကြီးရောဂါသည်တွေ နှုတ်ဆက်ကြတဲ့နည်းလို့ ဆိုတယ်။ ၁၉၆၀ ဝန်းကျင်မှာ ဟာဝါယီကျွန်းမှာ တည်ရှိတဲ့ 

Kalaupapa Leprosy Settlement မှာ နေရာချပေးထားတဲ့ အနာကြီးရောဂါသည်တွေအကြား ရေပန်းစားတဲ့ နှုတ်ဆက်နည်း ဖြစ်ပါတယ်။  အဲဒီနည်းဟာ ပိုးကူးစက်ခံရဖို့ ဖြစ်နိုင်ခြေ နည်းပါးတယ်လို့ ဆိုပေမဲ့ နှာချေရင် ဖြစ်ဖြစ် ချောင်းဆိုးရင်ဖြစ်ဖြစ် နှာခေါင်းဝ/ပါးစပ်ကို အရေးပေါ် ပိတ်ကာစရာ မရှိရင် တံတောင်ဆစ်ကွေးကို နှာခေါက်းဝ/ပါးစပ်ဝမှာ ပိတ်ကာပြီး နှာချေချောင်းဆိုးဖို့ ကျန်းမာရေးလမ်းညွှန်ချက် ရှိနေတယ်။ အဲဒီညွှန်ကြားချက်အရ တံထောင်ဆစ်ကို နှာချေချောင်းဆိုးတာ လုပ်ထားရင် တစ်ဖက်သားရဲ့ တံထောင်ဆစ်ကို ပိုးကူးစက် ရောက်ရှိသွားနိုင်ပါတယ်။

Hongi

မျက်နှာချင်းထိတဲ့ နှုတ်ဆက်ပုံတွေကတော့ လုံးဝ ရှောင်ရမှာပါ။ 

နဖူးချင်း နှာခေါင်းထိပ်ချင်း ထိပြီး နှုတ်ဆက်ပုံကို နယူးဇီလန်မှာ သုံးကြတယ်။ အက်စကီးမိုးတွေမှာလည်း အလားတူ နှုတ်ဆက်ပုံ ရှိတယ်။ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေမှာ နှာခေါင်းချင်းထိပြီး နှုတ်ဆက်ပုံကို သုံးကြတယ်။ ဥရောပမှာတော့ နှာခေါင်းထိပ်နဲ့ ပါးကို နမ်းပြီး နှုတ်ဆက်ကြတယ်။ လေအနမ်း la bise လို့ ပြင်သစ်တွေက ခေါ်ဝေါ်ကြတယ်။ ပါးကို တစ်ချက်တည်း နမ်းတာ မဟုတ်ဘူး။ သုံးလေးချက် ဆင့်ပြီး နမ်းပစ်လိုက်တာမျိုး ဖြစ်ပါတယ်။

Wuhan Shake

ကိုရိုနာဗိုင်းရပ်စ် စတင်ခဲ့တဲ့ ဝူဟန်ကို အစွဲပြုပြီး အမည်ပေးထားတာပါ။ ကိုရီးယားနဲ့ လက်ဘနွန်တို့မှာ ဗီဒီယိုကားတိုဖြင့် လူမှုကွန်ရက်မှာ တင်ပြခဲ့တာ ကြည့်ရှုသူ သန်းချီတဲ့အထိ ပျံ့နှံ့ခဲ့ပါတယ်။ လက်ချင်းထိပြီး နှုတ်ဆက်တာအစား ခြေချင်းထိပြီး နှုတ်ဆက်လိုက်ကြတာ ဖြစ်ပါတယ်။

 

 

 Klutz® Ankle Shake

ဒီနည်းက လက်တွေ့မှာတော့ မလုပ်ဖြစ်ကြပါဘူး။ နေရာယူတာ ကျယ်တဲ့နည်း ဖြစ်နေတယ်။ ကိုးယိုးကားယား နိုင်တယ်။ အခန့်မသင့်ရင် ဟပ်ထိုး လဲနိုင်တယ်။

Air Hug

 တစ်ဦးကို တစ်ဦးက ပွေ့ဖက်ပုံကို လက်ဟန်ပြကြတာ ဖြစ်ပြီး ပိုးမကူးအောင် ခြောက်ပေခွာပြီး နေရာယူကြရမှာ ဖြစ်ပါတယ်။  "fish hug"  လို့လည်း ခေါ်ကြတယ်။ ဆော်လမွန်ငါး ပွေ့ဖက်ခြင်း "salmon hug" လို့လည်း ခေါ်ကြတယ်။ ငါးအဖိုနဲ့အမ မလှမ်းမကမ်းမှ ခင်မင်ရင်းနှီးစွာဖြင့် အမြီးရမ်းပြကြတာကို ပုံပမာပြုပြီး အမည်ပေးထားကြတာ ဖြစ်ပါတယ်။

 Namaste

နာမစတီးဆိုတဲ့ လက်အုပ်ချီနှုတ်ဆက်တာ အိန္ဒိယရိုးရာ နှုတ်ဆက်ပုံတစ်မျိုးဖြစ်ပြီး မိမိရင်ဘတ်မှာ လက်အုပ်ချီပြပြီး အရိုအသေပေးရင်း နှုတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဗြိတိန်မှ တော်ဝင်မင်းသား အိမ်ရှေ့စံဟာ ကိုဗစ်ကာလ အစမှာကတည်းက လက်ဆွဲနှုတ်ဆက်တဲ့ အကျင့်ကို ကြိုးစားဖျောက်ပစ်ပြီး လက်အုပ်ချီ နှုူတ်ဆက်တာကို ပြောင်းလဲသုံးစွဲခဲ့ပါတယ်။

 

 

ထိုင်း၊ ကမ္ဘောဒီးယား တို့မှာလည်း လက်အုပ်ချီ နှုတ်ဆက်ကြတဲ့ ဓလေ့ ရှိပါတယ်။ ပိုးမကူးစေဖို့ သင့်တော်နဲ့ နှုတ်ဆက်ပုံ ဖြစ်ပါတယ်။

 

Finger Heart

လက်ညှိုးထိပ်နဲ့ လက်မထိပ်တို့ကို အသည်းအောက်ခြမ်းပုံ ပုံဖော်ပြပြီး နှုတ်ဆက်တာ ဖြစ်ပါတယ်။ ကိုးရီးယားမှ K-pop စတားတွေ သုံးကြတယ်။ 

Shaka

ဟာဝါယီမှာ သုံးကြတဲ့ နှုတ်ဆက်နည်းတစ်မျိုး ဖြစ်ပါတယ်။ လက်မနဲ့ လက်သန်း ဆန့်ထုတ်ထားတဲ့ လက်သီးဆုပ် ဖြစ်ပြီး လက်ကောက်ဝတ်ကို ဆုံလည်အဖြစ် ထားပြီး ရှေ့မှ နောက်၊ နောက်မှ ရှေ့ လှည့်ပြရပါတယ်။ 

 

ကိုဗစ်က ဘယ်တော့ ပွဲပြီးမှာလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။

ဒီတော့ လူချင်း’ ခပ်လှမ်းလှမ်းမှာ နေကြရင်း နှုတ်ဆက်ကြတဲ့ထုံးစံကို သုံးကြရလိမ့်မယ်။

 
Read times Last modified on Sunday, 21 June 2020 06:31
Rate this item
(1 Vote)