What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 22 April 2020 16:40

ယနေ့တွင် ဂျပန်ကမြန်မာသို့ test kit အရေအတွက် ၁၀,၀၀၀ ထောက်ပံ့ပေးမည်

ယနေ့တွင် ဂျပန်ကမြန်မာသို့ test kit အရေအတွက် ၁၀,၀၀၀ ထောက်ပံ့ပေးမည် Google

ယနေ့တွင် ဂျပန်ကမြန်မာသို့ test kit အရေအတွက် ၁၀,၀၀၀ ထောက်ပံ့ပေးမည်

ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံအမျိုးအသားကျန်းမာရေးဓာတ်ခွဲခန်းသို့ Covid -19 test kit အရေအတွက် ၁,၀၀၀ ကိုယနေ့တွင် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း Japanese International Cooperation Agency-JICA ၏ဖော်ပြ မှုအရသိရသည်။
ယခုလထောက်ပံ့လှူဒါန်းမှုသည် ယခုအကြိမ်နှင့်ဆိုပါက ၃ ကြိမ်မြောက်ဖြစ်သည်။ ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင် ငံသို့ Test Kit အရေအတွက် ၁၀,၀၀၀ လှူဒါန်းထောက်ပံ့ပေးခြင်းကို ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင်တစ်ကြိမ်နှင့် ဧပြီ လ ၉ ရက်နေ့တို့တွင် တစ်ကြိမ် စုစုပေါင်း ၂ ကြိမ်ပြုလုပ်ပေးခဲ့ပြီးပြီဖြစ်သည်။
ထို့အပြင် MOHS ၏ proposal အပေါ်အခြေပြုပြီး ဂျပန်ကုမ္ပဏီတစ်ခုဖြစ်သော Kitajima Sanso Co. Ltd သည် ဖောင်ကြီးကိုရိုနာဗိုင်းရပ်စ်အထူးကုဆေးရုံသို့ medical gas များကို ဧပြီလ ၂၁ ရက်နေ့တွင် ထောက်ပံ့ပေးခဲ့သည်။
ယခုလိုထောက်ပံ့ပေးရခြင်းများနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံသံအမတ် Mr. Maruyama Ichiro က “ မြန်မာတစ်နိုင်ငံ သားလုံးနဲ့အတူရှိနေပြီး ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ပေးဖို့ရှိနေမှာဖြစ်တယ်လို့ ” ပြောကြားသွားခဲ့ပါတယ်။
အလားတူပင် ဧပြီလ ၁၄ ရက်နေ့ကလည်း စမ်းသပ်ချက်နမူနာများကို မည်သို့မည်သို့သိမ်းဆည်းပြီး ပို့ဆောင်ပေးရ မည်ကိုပြသပေးသည့် ဗီဒီယိုဖိုင်ကိုလည်း JICA ကထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

 

Zawgyi

ယေန႔တြင္ ဂ်ပန္ကျမန္မာသို႔ test kit အေရအတြက္ ၁၀,၀၀၀ ေထာက္ပံ့ေပးမည္


ဂ်ပန္အစိုးရအေနျဖင့္ ျမန္မာႏိုင္ငံအမ်ိဳးအသားက်န္းမာေရးဓာတ္ခဲြခန္းသို႔ Covid -19 test kit အေရအတြက္ ၁၀,၀၀၀ ကိုယေန႔တြင္ ေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း Japanese International Cooperation Agency-JICA ၏ေဖာ္ျပ မႈအရသိရသည္။
ယခုလေထာက္ပံ့လွဴဒါန္းမႈသည္ ယခုအႀကိမ္ႏွင့္ဆိုပါက ၃ ႀကိမ္ေျမာက္ျဖစ္သည္။ ဂ်ပန္အစိုးရအေနျဖင့္ ျမန္မာႏိုင္ ငံသို႔ Test Kit အေရအတြက္ ၁၀,၀၀၀ လွဴဒါန္းေထာက္ပံ့ေပးျခင္းကို ေဖေဖၚဝါရီလ ၂၅ ရက္ေန႔တြင္တစ္ႀကိမ္ႏွင့္ ဧၿပီ လ ၉ ရက္ေန႔တို႔တြင္ တစ္ႀကိမ္ စုစုေပါင္း ၂ ႀကိမ္ျပဳလုပ္ေပးခဲ့ၿပီးၿပီျဖစ္သည္။
ထို႔အျပင္ MOHS ၏ proposal အေပၚအေျချပဳၿပီး ဂ်ပန္ကုမၸဏီတစ္ခုျဖစ္ေသာ Kitajima Sanso Co. Ltd သည္ ေဖာင္ႀကီးကို႐ိုနာဗိုင္းရပ္စ္အထူးကုေဆးရံုသို႔ medical gas မ်ားကို ဧၿပီလ ၂၁ ရက္ေန႔တြင္ ေထာက္ပံ့ေပးခဲ့သည္။
ယခုလိုေထာက္ပံ့ေပးရျခင္းမ်ားႏွင့္ပတ္သက္ၿပီး ဂ်ပန္ႏိုင္ငံသံအမတ္ Mr. Maruyama Ichiro က “ ျမန္မာတစ္ႏိုင္ငံ သားလံုးနဲ႔အတူရွိေနၿပီး ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေပးဖို႔ရွိေနမွာျဖစ္တယ္လို႔ ” ေျပာၾကားသြားခဲ့ပါတယ္။
အလားတူပင္ ဧၿပီလ ၁၄ ရက္ေန႔ကလည္း စမ္းသပ္ခ်က္နမူနာမ်ားကို မည္သို႔မည္သို႔သိမ္းဆည္းၿပီး ပို႔ေဆာင္ေပးရ မည္ကိုျပသေပးသည့္ ဗီဒီယိုဖိုင္ကိုလည္း JICA ကေထာက္ပံ့ေပးခဲ့ေၾကာင္းသိရသည္။

 

Source- ww.globalnewlightofmyanmar.com

Read times Last modified on Wednesday, 22 April 2020 16:48
Rate this item
(0 votes)