What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 26 June 2020 15:56

တီးတိန်၌ သံသယလူနာတစ်ဦး သေဆုံး၍ နေ့ချင်းပြီး မြေမြှုပ်သင်္ဂြိုဟ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဒိမ်ပီးကျေးရွာ၌ အိန္ဒိယနိုင်ငံမှ ပြန်လာပြီး အဆိုပါကျေးရွာတွင် Facility Quarantine ခံယူနေစဉ် ကျန်းမာရေး အခြေအနေကြောင့် တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူခဲ့ရာ ယနေ့နံနက် ၉ နာရီက သေဆုံးခဲ့ကြောင်း သိရသည်။

 

သေဆုံးသူမှာ သံသယလူနာ အဖြစ်သတ်မှတ်ပြီး ၎င်း၏ Swab ကိုလည်း ရန်ကုန်မြို့ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(​ဝေဘာဂီ)ဆေးရုံသို့ ပို့ထားကြောင်း တီးတိန်မြို့နယ်ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာဇော်မြင့်နိုင်က ပြောသည်။

 

သေဆုံးသူ၏ ရုပ်အလောင်းအား ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်၊ ထိန်းချုပ်ရေး မြို့နယ်အဆင့် ကော်မတီဝင်များ၊ ပြည်သူ့ဆေးရုံမှ ဆရာဝန်၊ ဆရာမများနှင့် လူငယ်အဖွဲ့အစည်းမှ စေတနာ့ဝန်ထမ်းများက တာဝန်ယူ၍ တီးတိန်မြို့ CMBC သင်္ချိုင်း၌ နေ့ချင်းပြီး မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

MOI

Read times
Rate this item
(0 votes)