What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 16 April 2020 09:32

COVID-19 ရောဂါပိုးတွေ့လူနာသစ် ၁၁ဦးထပ်တိုး၊

“ COVID-19 ရောဂါပိုးတွေ့လူနာသစ် ၁၁ဦးထပ်တိုး၊ စုစုပေါင်း ပိုးတွေ့လူနာ ၈၅ဦး အထိရှိ ပြီဖြစ်သည်။ 

COVID.png

ရန်ကုန် - COVID-19 ရောဂါစောင့်ကြည့်လူနာနှင့် အသွားအလာကန့်ထားသူ စုစုပေါင်း ၂၇၂ဦးအား စစ်ဆေးရာ ၁၁ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်း နိုင်ငံပိုင်မီဒီယာ( မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV)က ယနေ့နံနက် ၈နာရီတွင် ကြေညာသည်။


ထို့ကြောင့် ဧပြီ ၁၆ရက် နံနက် ၈နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၈၅ဦး တွေ့ရှိပြီးဖြစ်သည်။ အဆိုပါ ကြေညာချက်မှာ နိုင်ငံမီဒီယာက ကြေညာခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခြင်း မဟုတ်ပေ။


COVID-19 လူနာများကို ယခင်က ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန ၏ ဖေ့စ်ဘွတ်ခ် ပေ့မှသာ ကြေညာရာမှ ပြန်ကြားရေးဝန်ကြီးဌာန ၏ MRTV ကဦးစွာ ထုတ်ပြန်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။


ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁၅ရက်မှစ၍ သတင်းထုတ်ပြန်သောပုံစံကို ညတစ်ကြိမ်(ည ၈ နာရီမှ ၉ နာရီအတွင်း) ၊နံနက်တစ်ကြိမ်( မနက် ၉ နာရီမှမနက် ၁၀ နာရီအတွင်း)ထုတ်ပြန်ပေးနေသည်။

HPD.png

7 Days News

သတင်းအပြည့်အစုံကို တစ်မိနစ် ဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။

Read times Last modified on Thursday, 16 April 2020 12:37
Rate this item
(0 votes)