What's New




Thursday, 23 July 2020 09:28

ဗီယက်နမ်ရောက် မြန်မာသင်္ဘောသားမှာ ကိုဗစ်ကူးစက်နေတာ တွေ့ရှိ

ဗီယက်နမ် နိုင်ငံမှာ မြန်မာ သဘောၤသား တဦး COVID-19 ကူးစက်ခံထားရကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့ အတည်ပြုချက်ကို ကိုးကားပြီး ဗီယက်နမ် သတင်းတပုဒ်က ဖော်ပြပါတယ်။

 

အသက် ၄၀ အရွယ် မြန်မာ သဘောၤသားက လိုက်ဘေးရီးယား မှတ်ပုံတင် သဘောၤ IPANEMA မှာ အလုပ်လုပ်သူဖြစ်ပြီး ဂျပန်ကနေ ဇွန်လ ၆ ရက်နေ့မှာ ထွက်ခွာလာပြီး ဗီယက်နမ်နိုင်ငံ Quang Ninh ပြည်နယ်၊ Ha Long မြို့ Hon Gai ဆိပ်ကမ်းကို ဇွန်လ ၂၃ ရက်နေ့မှာ ဆိုက်ရောက်လာတာ ဖြစ်ပါတယ်။

 

သဘောၤ ဆိုက်ရောက်ချိန်ကစလို့ သဘောၤပေါ်မှာဘဲ သီးသန့်နေထိုင်ခဲ့ပြီးနောက် ဇူလိုင်လ ၇ ရက်နေ့မှာ သဘောၤပေါ်က ဆင်းပြီးနောက် Van Long ဟိုတယ်မှာ သီးသန့်ခွဲ နေထိုင်စေခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၂ ရက်အကြာ ပထမဆုံး အကြိမ် စမ်းသပ်မှုမှာ COVID ကူးစက်မှု မရှိတာကို တွေ့ပေမယ့် သောကြာနေ့မှာ ဒုတိယ တကြိမ် စမ်းသပ်တာမှာတော့ COVID ကူးစက်ခံထားရတာ တွေ့ရတာလို့လည်း သတင်းက ဖော်ပြပါတယ်။

 

သူကတော့ ဗီယက်နမ်မှာ COVID ကူးစက်ခံ လူနာ အမှတ် ၃၈၃ ဖြစ်သွားပြီး ဆေးကုသဖို့ ဟနွိုင်းမြို့တော်က အမျိုးသား ဆေးရုံကို ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။ အခု COVID ကူးစက်ခံ မြန်မာ အမျိုးသား အပါအဝင် ဗီယက်နမ်မှာ လက်ရှိ COVID ကုသပေးနေရသူ ၂၆ ဦး ရှိနေဆဲပါ။ ဗီယက်နမ်ဟာ COVID ကြောင့် သေဆုံးမှု မှတ်တမ်း မရှိသေးတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

 

Burmese VOA

Read times
Rate this item
(0 votes)