What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 20 August 2020 20:58

စစ်တွေ မှ ရန်ကုန် သို့ လာရောက်မည့်ခရီးသွားသူများ Quarantine ၂၁ရက် ဝင်ရမည်

စစ်တွေမှ ရန်ကုန်သို့ လာရောက်မည့်ခရီးသွားသူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတ်မှတ်ချက်

အတိုင်း Quarantine ဝင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက သူ့၏ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အတွင်း ယခုရက်ပိုင်း ကူးစက်ခံရသော COVID-19 လူနာ ၆ ဦးရှိပြီဖြစ်ကာ သြဂုတ်လ(၁၆)ရက်နေ့က ပိုးတွေ့လူနာနှင့် မထိတွေ့ဖူး ပြည်ပကိုမသွားသည့် ကိုဗစ်လူနာကိုတွေ့ခဲ့ပြီးနောက် စစ်တွေမြို့တွင် သြဂုတ်လ(၁၉)ရက်နေ့မှာ ပြည်တွင်း ကိုဗစ်ပိုးတွေ့ လူနာတွေ့ရှိရခြင်းကြောင့် ဖြစ်သည်။

“စစ်တွေမှ ရန်ကုန်သို့လာရောက်ကြမည့်သူများ ရန်ကုန်တွင် Quarantine နေရပါမည်။ Swab (၂)ခါယူရပါမည်။ Hotel သို့ Facility Quarantine ရွေးချယ်နိုင်ပါသည်။ အသေးစိတ်ကိုဆက်လက်ဖော်ပြပါမည်”လို့ သူ့၏ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း MNA မှ ရခိုင်နှင့်ပတ်သက်သည့် ခရီးစဉ်များကို ယနေ့ သြဂုတ်လ(၂၀)ရက့် ညနေပိုင်းက စပြီး ခေတ္တရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။

Read times
Rate this item
(0 votes)