What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 20 August 2020 21:08

ရခိုင်ပြည်နယ် စစ်တွေမြို့ Stay at Home ထုတ်ပြန်ကြေညာ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အမိန့်အမှတ်၊ ၉၃/၂၀၂၀ ဖြင့်  ရခိုင်ပြည်နယ် စစ်တွေမြို့ Stay at Home ထုတ်ပြန်ကြေညာထားပါသည်။

ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

 

အမိန့်အမှတ်၊ ၉၃/၂၀၂၀ 

၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် (၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၀ ရက်)

 

ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

 ၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ Gepol (Coronavirus Disease 2019 - COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်း ၂၀-၈-၂၀၂၀ ရက်နေ့၊ နံနက်ပိုင်းအထိ coVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၂၂ဦး တွေ့ရှိခဲ့ရပြီး ၁၆-၈-၂၀၂၀ ရက်နေ့မှ ၂၀၈-၂၀၂၀ ရက်နေ့၊ နံနက်ပိုင်းအထိ ဓာတ်ခွဲအတည်ပြုလူနာ ၆ဦးထပ်တွေ့ရှိပါသဖြင့် ရောဂါကူး စက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်။ 

၂။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ် တွင် နေထိုင်ရေး (Stay at Home)အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာလိုက်သည်။ 

၃။ အဆိုပါမြို့နယ်ရှိ နေအိမ်တွင် နေထိုင်ရေး (Stay at Home)အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည်

(က) မိမိနေအိမ်တွင်သာနေထိုင်ရန် (အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံ

များတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများ မပါ)

 (ခ) မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊ 

(ဂ) ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊ 

(ဃ) နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်နှင့် နှာခေါင်းစည်း (mask) တပ်ရန်၊

(င) တာဝန်ထမ်းဆောင်ရန်သွားရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊ 

(စ) ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံ ဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်။ 

၄။ အပိုဒ် ၃ အပိုဒ်ခွဲ(ခ)၊ (ဂ) နှင့် (စ) တို့ပါ ကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုရန်ရှိလျှင် ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန် ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက် ခွင့်မပြုရန် ဖြစ်သည်။ ။

 ၅။ ဤအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်သည်။

 ၆။ ဤအမိန့်သည် ၂၀-၈-၂၀၂၀ ရက်၊ ည ၈ နာရီအချိန်မှ စတင်သက်ရောက်သည်။

 

(ဒေါက်တာမြင့်ထွေး)

 ပြည်ထောင်စုဝန်ကြီး

 

စာအမှတ်၊ ၁မဆ(ဆ)၂၀၂၀/ ၁၅ ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၂၀)ရက် 

ဖြန့်ဝေခြင်း

 နိုင်ငံတော်သမ္မတရုံး 

သမ္မတဦးစီးရုံး 

ဒုတိယသမ္မတ(၁)ဦးစီးရုံး 

ဒုတိယသမ္မတ(၂)ဦးစီးရုံး 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

Read times
Rate this item
(0 votes)