What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 06 May 2020 20:45

COVID-19 လူနာသစ်အချို့ ဖောင်ကြီးကို စတင်ပို့မည်

ဝေဘာဂီအထူးကုဆေးရုံကြီးနှင့် တောင်ဥက္ကလာ အထူးကုဆေးရုံတွင် COVID-19 လူနာ ၂၀ အောက်ကိုသာ လက်ခံကုသပေးနိုင်တော့မည်ဖြစ်သဖြင့် ထပ်မံတွေ့ရှိသောလူနာများကို ဖောင်ကြီး COVID-19 ကျန်းမာရေးစင်တာသို့ စတင်ပို့မည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ အရေးပေါ်ဌာန ပါမောက္ခ ဒေါက်တာမော်ဦးက ပြောကြားသည်။

 

“ဖောင်ကြီးကို ရောဂါအခြေအနေ မဆိုးသူတွေ စပို့မယ်။ အရမ်းဆိုးရင် Ventilator လိုတဲ့သူတွေကို ဝေဘာဂီနဲ့ တောင်ဥက္ကလာမှာ နေရာကျန်သေးတဲ့ဆီ ပို့မယ်။ ဖောင်ကြီးနဲ့က အသွားအပြန် မိုင် ၈၀ ရှိတယ်။ ဖောင်ကြီးရောက်မှ ရောဂါဆိုး သူတွေကို ဖောင်ကြီး ICU မှာ ထားမယ်” ဟု ဒေါက်တာမော်ဦးက ဆိုသည်။

 

ဖောင်ကြီးကျန်းမာရေး စင်တာ တွင် ဆရာဝန်နှင့် သူနာပြု ၁၀၀ ကျော် ထားရှိထားကာ လူနာ ၂၀၀ စာအတွက် အသင့်ပြင်ထားပြီး အထူးကြပ်မတ်ကုသမှု ICU ခံယူနိုင်ရန် ခုတင် ၁၀ ပြင်ဆင် ထားလျက် လူနာအခြေအနေပေါ် မူတည်၍ တဖြည်းဖြည်း တိုးချဲ့သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

 

မေလ ၄ ရက်နေ့ထိ ရန်ကုန်မြို့ရှိ ဝေဘာဂီ အထူးကုဆေးရုံကြီးတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၅၃ ဦးရှိပြီး ရန်ကုန်မြို့ရှိ တောင်ဥက္ကလာ အထူးကုဆေးရုံတွင် လူနာ ၄၇ ဦး ကုသပေးထားကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံတွင် COVID-19 ရှိ သူ ၁၆၁ ဦးရှိပြီး ပြန်လည်ကောင်းမွန် လာသူ ၄၉ ဦးနှင့် သေဆုံးသူ ၆ ဦးရှိပြီ ဖြစ်သည်။

 

အေးသန္တာထွန်း

Read times
Rate this item
(0 votes)