What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 05 December 2020 11:33

လှိုင်သာယာမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၀၀၀ ကျော်ရှိ၊ Fever Clinic မသွားဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကုသသူများလာ

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားလျှက်ရှိသည့် မြို့နယ်များမှာ မြောက်ဥက္ကလာပမြို့နယ် ၊ မင်္ဂလာဒုံမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့ဖြစ်ပြီး အခြေခံလုပ်သားများ အများဆုံးနေထိုင်သည့် စက်မှုမြို့နယ်များဖြစ်ကြောင်းသိရပါတယ်။

 

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၄ ရက် ည ၇ နာရီထိ နောက်ဆုံးစာရင်းအရ ကိုဗစ်-၁၉ ကူးစက်ခံရသူအရေအတွက်ဟာ မြောက်ဥက္ကလာပမြို့နယ်မှာ ၄၇၅၄ ဦး၊ မင်္ဂလာဒုံမြို့နယ်မှာ ၄၆၈၀ ဦးနဲ့ လှိုင်သာယာမြို့နယ်မှာ ၄၀၀၆ ဦး အများဆုံးနဲ့ အစဉ်လိုက်ရှိနေတာဖြစ်ပါတယ်။

 

စက်မှုဇုန်အများဆုံးနဲ့ လူဦးရေ အထူထပ်ဆုံးဖြစ်တဲ့ လှိုင်သာယာမြို့နယ်မှာတော့ ဒုတိယလှိုင်းကာလမှာ အနံ့ပျောက်သူအများစုက ကိုယ့်နည်းကိုယ့် ဟန်နဲ့ ကုသမှုတွေ များလာတယ်လို့ Hlaingthayar Development and Education Institute တည်ထောင်သူနဲ့ လှိုင်သာယာမြို့နယ်က Quarantine Center အပြင်စည်းစီမံခန့်ခွဲမှုနဲ့ အသိပညာပေးလုပ်ဆောင်နေတဲ့ ကိုဇေကိုကို က လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေကို ပြောပါတယ်။

 

"ကျွန်တော်တို့ လှိုင်သာယာမှာတော့ အများဆုံးပဲ တစ်ရက်ကိုဆို တော်တော်များများ ပေါ့နော် စင်တာကို ၄ ခုလောက်ခွဲထားရတာပေါ့နော် အခုနောက်ပိုင်းကတော့ ကြိတ်ကုတွေ ပိုများလာတယ် ကိုယ့်ဘာသာကို အောက်စီဂျင်တိုင်းတယ် အနံ့ပျောက်တယ်ဆို ကိုယ့်နည်းကိုဟန်နဲ့ ပါရာစီတမော့လိုဟာမျိုးတွေသောက်တယ် အဲ့လိုမျိုးတွေ ကြိတ်ကုတွေများလာတယ်။ နောက်တစ်ခုကကျတော့ သူ့ Process က Fever Clinic ကိုအရင်သွားရတာကို ပြီးတော့ မှထောက်ခံချက်ယူ ပြီးတော့မှ Quarantine Center တွေကိုလာ လာပြီးတော့မှ Swap ၂ကြိမ်ယူပေးတာပေါ့

 

အဲ့ဒါကို Fever Clinic ကို မဖြတ်ချင်ကြဘူး လူတွေက ကိုယ်တိုင် အိမ်မှာကုလိုက်တယ် ၊ ကုပြီးတော့ အခြေနေဆိုးမှဖျားနာကုဆေးခန်းတွေရောက်လာတယ် အဲ့ဒီလိုမျိူးလူတွေပိုများလာတယ်" လို့ ကိုဇေကိုကိုကပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွှေ့ပြောင်းနဲ့ လူဦးရေအများဆုံးဖြစ်တဲ့ လှိုင်သာယာမြို့နယ်မှာ မြို့နယ်အဆင့် ကွာရန်တင်းစင်တာ ၄ ခုရှိပြီး ရပ်ကွက်အလိုက် စင်တာတွေကို တော့ ရွေးကောက်ပွဲအပြီးမှာ ပိတ်ထားပြီး ကိုဗစ် ကူးစက်ခံရတဲ့ အလုပ်သမားတွေအတွက် ယောမင်းကြီး စင်တာကို ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

 

"စက်မှုဇုန် က လုပ်သမားတွေဖြစ်ခဲ့လိုရှိရင် ဇုန်ကြီးကြပ်ရေးအဖွဲ့ရယ် မြို့နယ် အလိုက်ဖွဲ့ထားတဲ့ ကိုဗစ် ကော်မတီတွေမှာတာဝန်ရှိတယ်။ ခုလောလောဆယ် တချို့စက်ရုံတွေဆို ကျွန်တော်တို့ဆီ လာပြတာရှိတယ် အဲ့ဒီလိုမျိုးအနံ့ပျောက်တဲ့ လူများတဲ့ ရုံတွေဆို စက်ရုံအလုပ်ချိန်ကို ဘယ်လိုမျိုး အဆိုင်းနဲ့သော်လည်ကောင်း အခြားပုံစံဘယ်လိုမျိုးနဲ့ ဆင်းခိုင်းမလဲပေါ့နော် စက်ရုံလည်ပတ်တဲ့ ပုံစံမပျက်အောင် နောက်တစ်ခုက ကျန်းမာရေး စည်းကျပ်မှုအနေနဲ့ ဘာတွေလုပ်ပေးမလဲပေါ့နော် ဒါကို ဇုန်ကော်မတီတွေ ကိုဗစ်ကော်မတီတွေ က အလျော့အတင်းပုံစံမျိူးနဲ့ သွားရင်တော့ အဆင်ပြေလိမ့်မယ်" လို့ ၎င်းက ပြောပါတယ်။

 

News-KyawNaing

Read times
Rate this item
(0 votes)