What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 23 August 2020 12:59

ရခိုင်ပြည်နယ်တွင် " မိမိဆန္ဒအလျောက် " ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများ စစ်တွေမြို့သို့ ရောက်ရှိ

မြန်မာအမျိုးသားပိုင်လေကြောင်းလိုင်းမှ အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်သို့ ယနေ့ (၂၃-၈-၂၀၂၀) ရက်နေ့၊ နံနက်တွင် ရောက်ရှိခဲ့သည့် -

"မိမိဆန္ဒအလျောက်" ရခိုင်ပြည်နယ်တွင် ယာယီတာဝန်ထမ်းဆောင်ကြမည့် -

 

ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး (၁) ဦး၊ ရောဂါဗေဒအထူးကုဆရာဝန်ကြီး (၁) ဦး၊ လက်ထောက်ဆရာဝန် (မေ့ဆေးအထူးကု) (၃) ဦး၊ လက်ထောက်ဆရာဝန် (ဆေးပညာအထူးကု) (၁) ဦး၊ လက်ထောက်ဆရာဝန် (ရောဂါဗေဒ) (၁) ဦး၊ လက်ထောက်ဆရာဝန် (အဏုဇီဝဗေဒ) (၁) ဦး၊ လက်ထောက်ဆရာဝန် (၁၃) ဦး၊ သူနာပြုဆရာအုပ်ကြီး (၁) ဦး၊ အထက်တန်းသူနာပြု (၁) ဦးနှင့် သူနာပြု (၁) ဦး တို့ကို 

 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်၊ ဗဟိုကွင်းဆင်းအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး (ကူးစက်ရောဂါနှိမ်နင်းရေး) ဒေါက်တာဉာဏ်ဝင်းမြင့်၊ စစ်တွေပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်နှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်သို့သွားရောက် ကြိုဆိုခဲ့ပါသည်။

Image may contain: one or more people, people standing, sky, cloud, basketball court, outdoor and nature

အဆိုပါ အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဆေးနှင့် ဆေးပစ္စည်းကိရိယာများကိုလည်း ပို့ဆောင်ခဲ့ပါသည်။

 

Ministry of Health and Sports, Myanmar

Read times Last modified on Sunday, 23 August 2020 13:12
Rate this item
(0 votes)