What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 27 March 2020 13:44

ကိုရိုနာဗိုင်းရပ်တွေ့တဲ့ မန္တလေးက တိုက်ခန်းကို အသွားအလာပိတ်

ကိုရိုနာဗိုင်းရပ်တွေ့တဲ့ မန္တလေးက တိုက်ခန်းကို အသွားအလာပိတ် rfaburmese

90251442_832926683874316_4730726126572273664_n.png

ကိုရိုနာဗိုင်းရပ်တွေ့တဲ့ မန္တလေးက အမျိုးသားတစ်ယောက်ရဲ့ နေအိမ်ကို အစိုးရက အသွားအလာတားမြစ်လိုက်ပါတယ်။ ဒီနေ့ မတ်လ ၂၇ ရက်နေ့အထိဆိုရင် မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသူ ငါးယောက်ရှိလာပါပြီ။

 

ဗိုင်းရပ်စ်ကူးခံထားရတဲ့ အမျိုးသားကတော့ မန္တလေး ကန်တော်နဒီဆေးရုံမှာ ကုသနေပါတယ်။ သူနေခဲ့တဲ့တိုက်ခန်းက မြရည်နန္ဒာရပ်ကွက်မှာဖြစ်ပြီး၊ လူဦးရေ ၃၀ ကျော်နေထိုင်ပါတယ်။ အခန်းက ၁၆ ခုပါ။

 

တိုက်ခန်းကို ဘယ်အချိန်ထိပိတ်ထားမယ်ဆိုတာတော့ မသိသေးဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်က ပြောပါတယ်။

 

"ဒီတိုက်နဲ့ပတ်သတ်ပြီး LOCK Down ချလိုက်ပြီ၊ ဘာကြောင့်လဲဆို အမေရိကပြန်လာတဲ့သူ ရောဂါတွေ့တဲ့အတွက် တားဆီးတာပါ"

 

လူနာဟာ ဖျားနာတာကို သိပေမယ့် သက်ဆိုင်ရာကို အကြောင်းမကြားခဲ့ပါဘူး။ တခြားရပ်ကွက်နေထိုင်သူ တိုင်တန်းတော့မှ ဒီလူနာအကြောင်း သိခဲ့ရတာလို့ ဆယ်အိမ်မှူး ဦးလှဌေးက ပြောပါတယ်။

 

"လှမ်းအကြောင်းကြားတဲ့အခါ ကိုရိုနာလို့ထင်တဲ့အကြောင်းပြောတယ်။ မဟုတ်ဘဲ ပေါက်သွားမှာစိုးတယ်၊ မနက်ကျလာမေးတော့ အချက် ခြောက်ချက်မေးကြည့်တော့ အကုန်ဝင်တယ်"

 

နိုင်ငံခြားကပြန်လာတဲ့သူတွေ နေအိမ်မှာသီးခြား ၁၄ ရက်နေထိုင်ကြဖို့ အစိုးရက ထုတ်ပြန်ပေမဲ့ လိုက်နာမှုအားနည်းနေတဲ့အတွက်၊ ရပ်ကွက်နေသူတွေက သက်ဆိုင်ရာကို တိုင်ကြားဖို့လုပ်သင့်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ထွန်းထွန်းဦး က ပြောပါတယ်။

 

"အင်းစိန်လူနာလည်းအတူတူပဲ၊ လေဆိပ်ရဲ့ချို့ယွင်းအားနည်ချက်ပေါ့၊ လေဆိပ်ကနေ ကျွံထွက်ပြီးတော့ အင်းစိန်အိမ်ရောက်မှသိတာ၊ ဒီလူနာလည်း အဲဒီသဘောမျိုးဆိုတော့ လေဆိပ်မှာ အားနည်းချက်ရှိတယ်လို့ သုံးသပ်မိတယ်"

 

မန္တလေးမြို့က ပိုးတွေ့ရှိသူဟာ ရန်ကုန်ကနေ မန္တလေးမြို့ကို လာရောက်တဲ့အခါက တစ်ယောက်ထဲမဟုတ်ပဲ နှစ်ယောက်လာရောက်ခဲ့တာဖြစ်တယ်လို့ မန္တလေးကားဝန်းကနေ နေအိမ်ကို လိုက်ပါပို့ဆောင်ပေးခဲ့ရတဲ့ သုံးဘီးမောင်းနှင်သူ ကိုဇာနည်အောင် ကပြောပါတယ်။

 

"တပည့်တစ်ယောက်ပါတယ်။ အောင်ပင်လယ်လိုက်ပို့ခဲ့ရတယ်။ အောင်ပင်လယ်မောင်းတဲ့အချိန်မှာ ဖုန်းပြောတာကြားတယ်၊ သူ့ကိုသူစိုးရိမ်နေတာထင်ပါတယ်။ အခုအဖျားမရှိတော့ဘူးဆိုပြီး ပြောသံကြားတယ်၊ သူ့ကိုသူ မသင်္ကာဖြစ်နေတယ်ထင်တယ်။ ရန်ကုန်မှာတော့ ဖျားခဲ့တယ်ထင်တယ်"

 

ကိုဇာနည်အောင်ဟာဆိုရင် ရောဂါပိုးရှိသူရဲ့ဓာတ်ပုံ အွန်လိုင်းပေါ်ပျံနှံလာတာ တွေ့မြင်လိုက်ရတဲ့အတွက် သူလိုက်ပို့ပေးသူဖြစ်နေတယ်ဆိုကာ ကျန်းမာရေးဝန်ကြီးဌာနာကို လာရောက်ပူးပေါင်းခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှုခံယူဖို့ ပြင်ဆင်ထားသူဖြစ်ပါတယ်။

 

လေကြောင်းနဲ့ပြန်လာသူတွေကို စစ်ဆေးတဲ့ရာမှာ နိုင်ငံခြားသားကိုသာ အာရုံစိုက်နေလို့ လွတ်သွားတာလို့ ချမ်းမြသာ စည်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ယူဆပါတယ်။

 

"ကာယကံရှင်က အစောကြီးကတည်းက မြန်မာလူမျိုးဖြစ်နေတယ်။ အမေရိကန်နိုင်ငံသားဖြစ်နေတော့ မြန်မာဆိုတော့ စစ်တဲ့သူတွေကလည်း နိုင်ငံခြားသားကိုသာ ပိုက်စိတ်တိုက်စစ်တာကိုး၊ အမေရိကန်နိုင်ငံသားဖြစ်နေတာမသိတော့ တင်းတင်းကြပ်ကြပ်မစစ်ဖြစ်တာပေါ့၊ ဆေးစစ်တယ်။ မသက်သာတော့ ဆေးခန်းတွေပြတယ်၊ အခုဆေးခန်းတွေ လိုက်စုံစမ်းနေတယ်"

 

ရောဂါပိုးတွေ့ရှိသူဟာ မန္တလေးမြို့မှာတော့ ပထမဆုံးတွေ့ရှိတဲ့သူဖြစ်ပြီး မြန်မာနိုင်ငံအတွက်တော့ လေးယောက်မြောက်ပိုးတွေ့ရှိသူဖြစ်ပါတယ်။
RFA Burmese

Read times
Rate this item
(0 votes)