What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 29 August 2020 21:56

(၁၀-၈-၂၀၂၀) ရက်နေ့မှစ၍ ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် ရခိုင်ပြည်နယ်မှ ရောက်ရှိလာသူများ စာရင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ

(၁၀-၈-၂၀၂၀) ရက်နေ့မှစ၍ ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် ရခိုင်ပြည်နယ်မှ ရောက်ရှ်ိလာသူများ စာရင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

 

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို အချိန်မီထိန်းချုပ်နိုင်ရန် ပြည်သူများအနေဖြင့် (၁၀-၈-၂၀၂၀) ရက်မှစ၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ရခိုင်ပြည်နယ် အတွင်းရှိ ရောဂါကူးစက်ဖြစ်ပွားမှုများရှိနေသော မြို့နယ်များသို့ / မှ ခရီးသွားလာမှုများရှိပါက မိမိအသိစိတ်ဖြင့် ချက်ချင်းသတင်းပေးပို့ရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတိပေးနှိုးဆော်ပန်ကြားထားပြီး ဖြစ်ပါသည်။

 

(၁၀-၈-၂၀၂၀) ရက်မှစ၍ ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လိုက်ပါခဲ့သူများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ ချက်ချင်းသတင်းပို့ ကျန်းမာရေးစစ်ဆေးမှုခံယူရန် လိုအပ်ပါသည်။

 

သို့မှသာ မိမိတွင်ရောဂါကူးစက်မှုရှိပါက အချိန်မီကုသမှုခံယူနိုင်မည်ဖြစ်ပြီး မိမိမှတစ်ဆင့် မိမိ၏ မိသားစုနှင့် နီးစပ်ရာများသို့ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်မည်ဖြစ်သဖြင့် သတင်းပေးပို့၍ ကျန်းမာရေးစစ်ဆေးမှုခံယူရန် နှင့် သတင်းပေးပို့ရန် ပျက်ကွက်သူများအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ပန်ကြားအပ်ပါသည်။

 

(၁၀-၈-၂၀၂၀) ရက်နေ့မှ (၂၁-၈-၂၀၂၀) ရက်နေ့အတွင်း ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လိုက်ပါခဲ့သူများ စာရင်းကို ပူးတွဲဖော်ပြအပ်ပါသည်။ အဆိုပါ ခရီးသည်များ၏ ဖုန်းနံပါတ်များကိုလည်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့တွင် စုစည်းထားရှိပြီးဖြစ်ပါသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

See More ကို တစ်ချက်ထိပြီး ဖတ်ရှုပါရန်                                                         f.PNG ကို တစ်ချက်ထိပြီး  ဖတ်ရှုပါရန်  ?

Read times Last modified on Saturday, 29 August 2020 22:54
Rate this item
(0 votes)