What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 31 August 2020 23:17

မြင်းခြံမြို့လူနာ ထိတွေ့မှု ရာဇဝင်

မြင်ခြံမြို့တွင် ကုမ္ပဏီလုပ်ကိုင်သူသည် ၂၀၂၀ ဩဂုတ်လ ၁၈ ရက်နေ့တွင် MNA လေကြောင်း လိုင်းဖြင့်

တံတားဦးလေဆိပ်မှ ရန်ကုန်မြို့သို့ သွားရောက်ခဲ့ပြီး ၁၉ ရက်နေ့တွင် KBZ လေကြောင်းလိုင်းဖြင့် ရန်ကုန်လေဆိပ်မှ တံတားဦးလေဆိပ်သို့ ပြန်လည်ရောက်ရှိလာပြီး ၎င်းပိုင် မော်တော်ယာဉ် (စိစစ်ဆဲ)ဖြင့် မြင်းခြံမြို့ သို့ပြန်လာခဲ့။ 

၎င်းသည် နေအိမ်သို့ရောက်ရှိပြီး ၎င်းနေအိမ်တွင်နေထိုင်နေရာမှ ၂၅ ဩ ၂၃ ရက်နေ့ တွင် ဖျားနာလာသဖြင့် မြင်းခြံမြို့ရှိ ဆရာဝန်နှင့် ပြသပြီး ကုသခဲ့ရာ  မသက်သာသဖြင့် ၂၀၂၀ ဩဂုတ်လ ၂၇ ရက်နေ့တွင် မြင်းခြံမြို့ရှိ အခြားသမားတော်တစ်ဦးနှင့် ပြသပြီး ကုသခဲ့။

၂၀၂၀  ဩဂုတ်လ  ၃၀ ရက်နေ့တွင် မြင်းခြံမြို့နေ ဆရာဝန်တစ်ဦး နေအိမ်သို့ ပင့်ဆောင်ပြီး ကုသခဲ့ရာတွင်လည်း မသက်သာသဖြင့် ၎င်းဆရာဝန်က  မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကုသရန် အတွက် လွှဲပြောင်းပေး၍ သွားရောက်ကုသခဲ့။ မန္တလေးဆေးရုံကြီးသို့ ၂၈ ဩ ၃၀ ရက်နေ့တွင်ရောက်ရှိပြီး ကျန်းမာရေးစစ်မေးမှုခံယူရာမှ ၃၁ ရက်နေ့ တွင် ၎င်းမှာ  Coid -19 ရောဂါ Positive တွေ့ရှိပြီး ရောဂါကူးဆက်ခံထားရကြောင်း တွေ့ရှိရသဖြင့် ၎င်းပိုးတွေ့ရှိသူာ်နှင့်ထိတွေ့ဆက်ဆံခဲ့သူများဖြစ်သည့် ဇနီး၊ သား၊ အိမ်အကူ၊ ယာဉ်မောင်)တို့ကို မန္တလေး မြို့ရှိ Quarantine Centre များတွင်ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး မြင်းခြံမြို့ တွင်၎င်းနှင့်ထိတွေ့ခဲ့သူများဖြစ်သည့် ဆရာဝန်များ၊ သမားတော်၊ အကူသူနာပြုဆရာမ၊ အိမ်အကူ၊ ရုံးဝန်ထမ်းများ၊၊ ၎င်း၏ ကုမ္ပဏီဝန်ထမ်းများ အား Quarantine Centreအဖြစ်ထားရှိသော မြင်းခြံဒီဂရီကောလိပ်တွင်ထားရှိစောင့်ကြည့်သွားမည်ဖြစ်သည်။

၎င်းနေမကောင်းစဉ် ရန်ကုန်မှလာရောက်ခဲ့သည့် ဧည့်သည်(စိစစ်ဆဲ)အား မြင်းခြံမြို့၊ အမှတ်(၂၀)ရပ်ကွက်ရှိ ရွှေပြည်ပုဂံ စားသောက်ဆိုင်တွင် ဧည့်ခံခဲ့သည့်ဟု သိရှိရသည့်အတွက် ၎င်း ရွှေပြည်ပုဂံ စားသောက်ဆိုင်အား ပိတ်သိမ်းပြီး ဆိုင်ဝန်ထမ်းများအားလုံး ၎င်းစားသောက်ဆိုင်အတွင်း Horne Quarantine (၁၄) ရက်ထားရှိစောင့်ကြပ်သွားမည်ဖြစ်သည်။

၎င်းနေထိုင်သည့် မြင်းခြံမြို့ရှိနေအိမ်နှင့် ၎င်းပိုင် ဆိုင်သော ကုမ္ပဏီရုံးတို့အား အသွားအလာ ကန့်သတ်ကာ စောင့်ကြပ်၍ ပိုးသတ်ဆေးဖြန်းခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။

 

မြင်းခြံပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသိပေးကြေညာချက်

=============

* မြင်းခြံမြို့ အမှတ်(၆) ရပ်ကွက်နေသူ၊ ရန်ကုန်မှပြန်လာသူ အမျိုးသားတစ်ဦးတွင် COVID-19 ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ 

* ရန်ကုန်မှပြန်ရောက်ပီး ၄-၅ ရက်အကြာတွင် ရောဂါလက္ခဏာများပေါ်သဖြင့် မြင်းခြံမြို့ရှိဆေးခန်းများသို့ ပြသခဲ့ရာ မသက်သာသောကြောင့် မန္တလေးတွင်ဆက်လက်ကုသမှုခံယူနေရင်း ရောဂါပိုးတွေ့ရှိရခြင်း ဖြစ်ပါသည်။

* ၄င်းနှင့်ထိတွေမှုရှိခဲ့သူများကို စစ်ဆေးဖော်ထုတ်ပြီး Facility quarantine centre သို့ ပို့ဆောင်၍ စောင့်ကြည့်စစ်ဆေးသွားမည် ဖြစ်ပါသည်။

* ၄င်းနေထိုင်ခဲ့သည့် အိမ်များကိုလည်း Lockdown ချပြီး စောင့်ကြပ်သွားမည် ဖြစ်ပါသည်။

* ပြည်သူလူထုတစ်ရပ်လုံးပူးပေါင်း၍ ကူညီဆောင်ရွက်ကြခြင်းဖြင့် COVID-19 ရောဂါကို ကာကွယ်ထိန်းချုပ်ပေးကြဖို့ အနူးညွှတ်ပန်ကြားအပ်ပါသည်။

* ပြည်သူလူထုအားလုံးလဲ ကျန်းမာရေးဌာနမှ  ညွှန်ကြားချက်များအားလိုက်နာပြီး ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေ။

မြင်းခြံပြည်သူ့ကျန်းမာရေးဦးစီးဌာန

(9:17pm / 31-8-2020)

Read times
Rate this item
(0 votes)