What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 16 September 2020 13:33

လှိုင်မြို့နယ်က ကွာရန်တင်းစင်တာကို ယာယီဆေးရုံပြုလုပ်မည်

ပြည်တွင်းကူးစက်မှု ပျံ့နှံ့ကာ ကိုဗစ်လူနာ အရေအတွက် များပြားလာတဲ့အတွက် လှိုင်မြို့နယ်မှာဖွင့်လှစ်ထားတဲ့ လှိုင် ကွာရန်တင်း စင်တာ ကို ယာယီဆေးရုံအဖြစ် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

ကုတင် (၅၀၀)ဆံ့ ယာယီဆေးရုံအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပြီး ပြင်ဆင်မှုတွေလုပ်ဆောင်ထားပြီးလည်း ဖြစ်ပါတယ်။ “ လူနာတွေကများလာတော့ ဆေးရုံနေရာအခက်အခဲတွေကြောင့် အခုလိုဆောင်ရွက်တာပါ။ ဒီမှာလည်း လူနာတွေလက်ခံသွားမယ်။ စီစဉ်ဆောင်ထားတာတော့ အခုယာယီဆေးရုံမှာ ကုတင် (၅၀၀)ဆံ့ ဆေးရုံဖြစ်အောင်လုပ်မှာပါ။ လက်ရှိအချိန်ထိကတော့ ကုတင် (၂၀၀)စာပြင်ဆင်ထားပြီး ဖြစ်တယ်”လို့ လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

 

ယခု ဆောင်ရွက်မယ့် လှိုင်မြို့နယ်က ယာယီဆေးရုံမှာတော့ ရောဂါ လက္ခဏာသိပ်ပြီး ပြင်းထန်မှုမရှိတဲ့ လူနာတွေကို ထားရှိ ကုသပေးသွားမှာပါ။

 

ယာယီဆေးရုံမှာ လာရောက်ကူညီပေးဖို့ အတွက်ကိုလည်း ဧရာဝတီတိုင်းဒေသကြီးက ဆရာဝန်တွေနဲ့ သူနာပြု အယောက် (၆၀) လောက်ကိုလည်းအကူအညီတောင်းထားတယ်လို့ သိရပါတယ်။ ကူးစက်မှုမြန်ဆန်လာတဲ့ ကိုဗစ်ပိုးကြောင့် အတည်ပြုလူနာအရေအတွက်များလာသလို ဆေးရုံတွေမှာလည်း နေရာအခက်အခဲတွေရှိလာတာဖြစ်ပါတယ်။

 

ကိုဗစ်အတည်ပြုလူနာအများစုက ရန်ကုန်ကဖြစ်ပြီး ရန်ကုန်မှာဆိုရင်တော့ လက်ရှိအတည်ပြုလူနာတွေကို ကုသပေးနေတဲ့ ဆေးရုံတွေအပြင် ယာယီဆေးရုံတွေကိုပါ တည်ဆောက်လျှက်ရှိနေတာပါ။ လက်ရှိ မြန်မာနိုင်ငံအတွင်း ရောဂါကူးစက်ခံထားရတဲ့ ကိုဗစ်အတည်ပြုလူနာ အရေအတွက်က ဒီကနေ့ မနက် (၈)နာရီ ထုတ်ပြန်ချက်အထိ (၃၂၉၉)ဦးရှိကာ ပြန်လည်ကောင်းမွန်သူ (၇၉၀)ဦးနဲ့ သေဆုံးသူ (၃၂) ဦးအထိရှိနေပါပြီ။

 

Duwun

Read times
Rate this item
(0 votes)