What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 09 September 2020 09:24

AGD Bank ရုံးချုပ်ဌာနာ ဝန်ထမ်းတစ်ဦးတွင် COVID-19 ပိုးတွေ့ရှိခြင်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်ကြေညာ

AGD Bank ရုံးချုပ်ဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးတွင် COVID-19 ပိုးတွေ့ရှိကြောင်း အသိပေးကြေညာခြင်း။

ရန်ကုန်မြို့၊ AGD Bank ဌာနချုပ်တွင် တာဝန်ထမ်းဆောင်သူတစ်ဦးသည် COVID-19 ရောဂါပိုးတွေ့ရှိရကြောင်း အတည်ပြုသိရှိရပြီး အဆိုပါဝန်ထမ်းသည် ယခုအချိန်တွင် COVID-19 ကုသရေးဌာနဖောင်ကြီး၌ တက်ရောက်ဆေးကုသမှု ခံယူနေပြီဖြစ်ပါသည်။ အဆိုပါဝန်ထမ်းသည် ရုံးတွင်းဌာန၌သာ တာဝန်ထမ်းဆောင်သူ ဖြစ်သဖြင့် AGD Bank Customer များနှင့် ထိတွေ့ဆက်ဆံခြင်း အလျင်းမရှိပါ။ ၎င်းဝန်ထမ်းသည် Case-1016 နှင့်ထိတွေ့မှုရှိသည်ကို AGD Bank မှ သိရှိသည်နှင့်တစ်ပြိုင်နက် (၃၁ရက်၊ သြဂုတ်လ၊ ၂၀၂၀ ရက်နေ့) မှစပြီး နေအိမ်တွင် စောင့်ကြည်ခံအဖြစ် ထားရှိခဲ့သည် ဖြစ်ပါသည်။ (Case-၁၀၁၆ သည် စက်တင်ဘာလ (၃) ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ရောဂါပိုးတွေ့ရှိကြောင်း ကြေညာထားသော လူနာရှင်ဖြစ်သည်ဟု သိရှိရသည်။)
ယခုကဲ့သို့ ခက်ခဲသော အချိန်တွင် AGD ဘဏ်အနေဖြင့် မိမိတို့၏ Customers များနှင့် ဘဏ်ဝန်ထမ်းများ၏ ကျန်းမာရေးကို အဓိကဦးစားပေးအဖြစ်ထားရှိသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ဗိုင်းရပ်စ်နှိမ်နင်း၊ တိုက်ဖျက်ရေး ကိုလည်း အပြည့်အ၀ ပံ့ပိုးပေးသွားမည် ဖြစ်သည်။ယခုအခါတွင် ရောဂါပိုးတွေ့ရှိထားသူနှင့် သူ၏ မိသားစုအား အဖက်ဖက်မှ လိုအပ်သည်များကို ကူညီပံ့ပိုးပေးလျက် ရှိပါသည်။
အဆိုပါဘဏ်ဝန်ထမ်းနှင့် တိုက်ရိုက်အနီးကပ်ထိတွေ့ခဲ့သည့် ဝန်ထမ်းများအားလုံးကိုလည်း ၎င်းတို့၏အိမ်တွင် သာအလုပ်လုပ်ကိုင်ရန် ညွှန်ကြားထားပြီး နေ့စဉ်ဆက်သွယ်မေးမြန်းခြင်းများအား ဆက်တိုက်ပြုလုပ်လျက် ရှိပါသည်။
ထို့အပြင် AGDဘဏ်ရုံးချုပ်တစ်ခုလုံးသာမက အသွားအလာများ၊ အသုံးများသည့် နေရာများဖြစ်သော ဓါတ်လှေကား၊ အများသုံးအိမ်သာ၊ လှေကားနှင့် ဝန်ထမ်း ကြို/ပို့ ကားများအားလုံးကို နေရာလပ်မကျန် ပိုးသတ်ဆေးဖြန်းခြင်း၊သန့်စင်ခြင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားချက်များ အတိုင်း မတ်လ (၂၁) ရက်မှ စတင်၍ နေ့စဉ်ပုံမှန် သေချာစွာ ဆောင်ရွက်လျက်ရှိပါသည်။
AGD ဘဏ်သည် Customer များနှင့် AGD ဘဏ်ဝန်ထမ်းများ COVID-19 ကူးစက်မှုမရှိစေရန် အထူးအလေးပေး ဆောင်ရွက်လျက် ရှိပါသည်။ စက်တင်ဘာလ (၇) ရက် မှစတင်၍
ဝန်ထမ်းများအား မိမိတို့နေအိမ်များမှ အလုပ်လုပ်စေခြင်း၊
ရုံးချုပ်နှင့် ဘဏ်ခွဲများတွင် Social distancing များ ကျင့်သုံးခြင်း၊
ဘဏ်ခွဲများ နှင့် AGD ဘဏ်ရုံးချုပ်သို့ လာရောက်သော Customer များနှင့် ဝန်ထမ်းများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊
ပိုးသတ်လက်သန့်ဆေးရည်များ၊ face masks များ၊ လက်အိတ်များနှင့် အခြားလိုအပ်သော အကာအကွယ်များ ထားရှိပေးခြင်း၊
COVID-19 ကာလအတွင်း သတင်းအချက်အလက်အမှန်များ၊ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးခြင်း၊
ဘဏ်ခွဲများ နှင့် AGD ဘဏ်ရုံးချုပ်တွင် သန့်ရှင်းရေးနှင့် ပိုးသတ်ခြင်းကို ကြိမ်ဖန်များစွာ လုပ်ဆောင်ခြင်း စသည့် ကျန်းမာရေးဆိုင်ရာ အလေ့အကျင့် တို့ကို စဉ်ဆက်မပြတ် ပြုလုပ်လျက် ရှိပါသည်။
ဘဏ်ခွဲများဖွင့်လှစ်ချိန်တွင် Business Continuity Plan (BCP) အရ အဓိကအရေးကြီးသော ဝန်ထမ်းအချို့ မှလွဲ၍ ကျန်ဝန်ထမ်းများကို မိမိနေအိမ်မှသာ အလုပ်လုပ်ရန် ပြင်ဆင်ထားပြီး ဖြစ်ပါသည်။
ရုံးချုပ်နှင့်ဘဏ်ခွဲများတွင်လည်း Social distancing များကျင့်သုံးပြီး AGD ရုံးချုပ်သို့လာရောက်သော Customer များနှင့် ဝန်ထမ်းများအားလည်း အပူချိန်တိုင်းတာခြင်း၊ ပိုးသတ်လက်သန့်ဆေးရည်၊ Face Mask များ၊လက်အိတ်များနှင့် အခြားလိုအပ်သော အကာအကွယ်များလည်းထားရှိပေးခြင်း၊ ဘဏ်ခွဲများ အားလုံးကိုလည်း နေရာလပ်မကျန် ဆေးဖြန်းခြင်း၊ COVID ကာလအတွင်း သတင်းအချက်အလက်အမှန်များ ဆောင်/ရှောင်များအား အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်လျက် ရှိပါသည်။

Read times
Rate this item
(0 votes)