What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 24 April 2020 10:16

(၂၄-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ ၊ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ ယမန်နေ့ (၂၃-၄-၂၀၂၀) ရက်နေ့တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) နှင့် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) (DMR) တို့မှ ဓာတ်ခွဲနမူနာများ စစ်ဆေးခဲ့မှု၊ လူနာသစ်များတွေ့ရှိမှုတို့နှင့် ပတ်သက်၍ သတင်းအကျယ်ကို ဖော်ပြအပ်ပါသည်။

 

၂။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) နှင့် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) တို့ သည် (၂၃-၄-၂၀၂၀) ရက်နေ့တွင် စုစုပေါင်း (၃၂၉) ဦးတို့၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ စုစုပေါင်း (၁၂) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိ (တွေ့ရှိ) ရပြီး ကျန် (၃၁၇) ဦး တွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ) ပါ။

 

၃။ သို့ဖြစ်ရာ (၂၄-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၃၉) ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ (၅) ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၉) ဦး ရှိပါသည်။

 

၄။ လူနာများအား သက်ဆိုင်ရာဆေးရုံများတွင် ဆေးကုသမှုပေးလျက်ရှိပါသည်။

 

ဇယားများတွင် -

• ယမန်နေ့ညက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) နှင့် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) တို့မှ စုစုပေါင်း ဓာတ်ခွဲစစ်ဆေးခဲ့မှု၊

 

• ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) မှ စစ်ဆေးတွေ့ရှိခဲ့သော လူနာသစ် (၇) ဦးနှင့်

 

• ဓာတ်ခွဲအတည်ပြုလူနာများအား သက်ဆိုင်ရာဆေးရုံများတွင် ကုသမှုခံယူနေမှု များကို ဖော်ပြထားပါသည်။

No photo description available.

No photo description available.

No photo description available.

Read times
Rate this item
(0 votes)