What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 12 September 2020 11:02

ကျောက်ဖြူခရိုင် ဆေးရုံကြီးမှ ရောဂါပျောက်ကင်းသူ ၃၂ ဦး ဆေးရုံဆင်းခွင့်ရရှိ

ကျောက်ဖြူခရိုင် ဆေးရုံကြီးမှ ရောဂါပျောက်ကင်းသူ ၃၂ ဦး ဆေးရုံဆင်းခွင့်ရရှိ MOI

ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါဖြင့်တက်ရောက်ကုသနေပြီး ရောဂါသက်သာပျောက်ကင်းသူ ၃၂ ဦးအား ယနေ့နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပေးခဲ့ကြောင်း သိရသည်။ “စက်တင်ဘာ ၈ ရက်မှယနေ့အထိ ဆေးရုံဆင်းခွင့်ရသူ ၃၇ ဦးအထိ ရှိပြီဖြစ်ပါတယ်။

 

သူတို့ဟာ ပိုးမတွေ့ နှစ်ကြိမ်ထွက်ထားသူတွေ ဖြစ်ပါတယ်။

 

သူတို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်များအတိုင်း မိမိနေအိမ်မှာအသွားအလာကန့်သတ်နေထိုင်ရမှာ ဖြစ်တယ်။ နေအိမ်မှာနေထိုင်စဉ် နှာခေါင်းစည်းကို အမြဲဝတ်ဆင်ထားရပါမယ်။

 

ကန့်သတ်ရက်ပြည့်ရင် ဆေးရုံကို နောက်တစ်ကြိမ် လာရောက်ဆေးစစ်မှုခံယူရပါမယ်” ဟု ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ရဲလွင်မောင်က ပြောသည်။

 

အဆိုပါ ဆေးရုံမှဆင်းသူများအား သမားတော်နှင့်သူနာပြုဆရာမများက ဆေးရုံဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကာ ၎င်းတို့အား မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များက နေအိမ်သို့ပြန်လည်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

ကျောက်ဖြူမြို့တွင် ယနေ့အထိ ပိုးတွေ့လူနာ ၉၄ ဦးရှိရာ ဆေးရုံမှဆင်းခွင့်ရရှိသူ ၃၇ ဦး၊ ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသူ ၅၇ ဦးရှိပြီး ရမ်းဗြဲမြို့နယ်တွင် ပိုးတွေ့လူနာတစ်ဦးနှင့် အမ်းမြို့နယ်တွင် ပိုးတွေ့လူနာသုံးဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

MOI

Read times
Rate this item
(0 votes)