What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 27 November 2021 13:19

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် Omicron အကြောင်းအချက်များ

တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ B.1.1.529 ကိုဗစ်မျိုးကွဲသစ်ဟာ တခြားပိုးအမျိုးအစားတွေထက် ကူးစက်မှု မြန်ဆန်နိုင်တာကြောင့်

အန္တရာယ်ရှိတဲ့ အမျိုးအစားအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စိုးရိမ်ရတဲ့ ဗိုင်းရပ်စ်အဖြစ် သတ်မှတ်လိုက်ပြီး ဂရိနာမည် Omicron အိုမီကရွန်းလို့ ပေးလိုက်ပါတယ်။

ဒီ မျိုးကွဲသစ်မှာ မျိုးဗီဇပြောင်းလဲမှု ပေါင်းများစွာကို စုပေါင်းထားပြီး ကူးစက်နိုင်စွမ်းလည်း မြင့်မားပါတယ်။
ဆေးအပြည့်ထိုးပြီးသူတွေမှာ ကူးစက်ခံကြရလို့ လက်ရှိ ထိုးနှံပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေး တချို့ကို ရှောင်ကွင်း နိုင်တဲ့ စွမ်းရည်မျိုးတောင် ရှိနိုင်တယ်လို့ ယူဆကြပါတယ်။ ကိုဗစ်ရောဂါ ကူးစက်ဖူးတဲ့လူတွေကို ထပ်မံကူးစက်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားပါတယ်။

Omicron ဆိုတဲ့ နာမည်ကို ရရှိသွားပြီ ဖြစ်တာကြောင့် အရင်က B.1.1.529 ကိုဗစ်မျိုးကွဲသစ်ကို "Nu variant" နု မျိုးကွဲ ဆိုတဲ့ နာမည်ပေးမလား ဆိုတဲ့ မှန်းဆချက်တွေကိုတော့ အဆုံးသတ်သွားစေပါတယ်။

တောင်အာဖရိကမှာ ကိုဗစ် ကူးစက်မှု တရှိန်ထိုး မြင့်တက်လနေစဉ် Omicron လို့ခေါ်တဲ့ ပိုးအမျိုးအစားသစ်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ WHO က အန္တရာယ်ရှိတဲ့ ပိုးအမျိုးအစားအဖြစ် သတ်မှတ်ခဲ့တာမှာ ဆဌမမြောက် ကိုဗစ်ပိုး ဖြစ်ပြီး လက်ရှိသုံးစွဲနေတဲ့ PCR စနစ်နဲ့ ပိုးရှိနေကြောင်း စစ်ဆေးသိရှိနိုင်တယ်လို့ WHO က အတည်ပြုပြောကြားပါတယ်။

Read times Last modified on Saturday, 27 November 2021 14:17
Rate this item
(0 votes)