What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 05 January 2022 09:14

ကိုဗစ်ဗိုင်းရပ် ‘IHU’ B.1.640.2 မျိုးကွဲသစ်တခု ပြင်သစ်ပညာရှင်တွေ တွေ့ရှိ

ကိုဗစ်ဗိုင်းရပ် ‘IHU’ B.1.640.2 မျိုးကွဲသစ်တခု ပြင်သစ်ပညာရှင်တွေ တွေ့ရှိ

ပြင်သစ်နိုင်ငံမှာ မျိုးဗီဇအကြိမ်ကြိမ်ပြောင်းလဲထားတဲ့ ကိုဗစ်ဗိုင်းရပ်မျိုးကွဲသစ်တမျိုး ကိုတွေရှိထားကြောင်းပြင်သစ်ရောဂါကူးဆက်မှုဆိုင်ရာ သိပ္ပံပညာရှင်တွေကထုတ်ဖေါ် ပြောဆိုပါတယ်။

Omicron နဲ့ Delata မျိုးကွဲတွေကြောင့် တကမ္ဘာလုံးကိုဗစ်ကူးဆက်မှုတွေပြန်လည်မြင့် တက်လာနေချိန်မှာ အခုလိုမျိုးကွဲသစ်တခုကို ထပ်မံတွေရှိတာဖြစ်ပါတယ်။ ဒီမျိုးကွဲသစ်ကို ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းက Marseille မြို့အနီးနေထိုင်သူလူနာ ၁၂ ဦးမှာကူး ဆက်ခံထားရတာကိုတွေရှိခဲ့တာဖြစ်ကြောင်း Marseille မြို့အခြေစိုက် Méditerranée Infection University Hospital Institute (IHU) ရောဂါကူးစက်မှုဌာနက ကျွမ်းကျင်သူတွေကတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံးတွေ့ရှိခဲ့တဲ့ ပိုးကူးဆက်ခံထားရသူဟာ အာဖရိကတိုက် ကင်မရွန်းနိုင်ငံကိုသွားခဲ့သူဖြစ်ပါတယ်။

ဒီမျိုးကွဲသစ်အတွင်းမှာ ဗီဇ ၄၆ ကြိမ်ပြောင်းထားကိုတွေ့ရှိရတယ်လို့ ပြင်သစ် သိပ္ပံပညာ ရှင်တွေကပြောဆိုထားပြီး B.1.640.2 လို့အမည်ပေးထားပါတယ်။ “variant IHU” လို့လည်း တွေ့ရှိတဲ့တက္ကသိုလ်ကို အစွဲပြုပြီး ယာယီအမည်ပေးထားကြပါတယ်။

ဒီပိုးကိုအခြား တိုင်းပြည်တွေမှာ မတွေ့ရှိရသေးသလို၊ WHO ကမ္ဘာကျမ်းမာရေးအဖွဲ့ကြီးကလည်း အသိအမှတ်မပြုရသေးပါဘူး။

ဒီမျိုးကွဲသစ်ဟာ မူလကိုဗစ်ပိုးတွေထက်ကူးဆက်မှုမြန်နိုင်ပြီး ကာကွယ်ဆေးတွေကို လည်းပိုမိုခုခံနိုင်စွမ်းရှိနိုင်တယ်လို့ပြင်သစ်ဆေးသိပ္ပံပညာရှင်တွေကပြောဆိုထားပါတယ်။

 

VOA, Forbes

Read times Last modified on Wednesday, 05 January 2022 09:17
Rate this item
(0 votes)