What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 12 September 2020 19:38

လူဦးရေထောင်ဂဏန်းအထိနေနိုင်သည့် ရိုးမရိပ်သာတွင် ကိုဗစ်လူနာများ ထားရှိတော့မည်

လက်ရှိကိုဗစ်ကာလ၌ ကိုဗစ်အတည်ပြုလူနာ အများဆုံးကိုလက်ခံထားသည့် Covid-19 ရောဂါကုသ ရေးဌာန(ဖောင်ကြီး)တွင် လူနာ ၁၂ဝဝဦးခန့်အထိ ထားရှိနိုင်ရန် ပြင်ဆင်လျက်ရှိနေသည့်အပြင်

 

လူဦး ရေထောင်ဂဏန်းအထိနေနိုင်သည့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ရိုးမရိပ်သာ အိမ်ရာတွင်လည်းကိုဗစ် လူနာများကို စတင်ထားရှိသွားတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြည်မြန်မာကိုပြောသည်။

 

Covid-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် စက်တင်ဘာလ ၁၁ ရက် စာရင်းများအရ ကိုဗစ်အ တည် ပြုလူနာ ၇၀၂ဦးကို ကျန်းမာရေးစောင့်ရှောက်မှုများပေးနေပြီး နေ့စဉ်တိုးပွားလျက်ရှိနေသည့် ကိုဗစ် အ တည် ပြုလူနာများကိုလည်း ဖောင်ကြီးသို့အများဆုံးပို့ဆောင်နေသောကြောင့် လက်ကျန်အဆောင်များ ကိုလည်း လူနာများထားရှိရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

 

”ဖောင်ကြီးမှာ မနေ့ကအထိ လူနာ ၇၀၂ယောက်ရှိ သွားပြီပေါ့နော်။ လူနာကို ဖောင်ကြီးမှာ ၁၂၀၀ ဝန်း ကျင်လောက်ထားနိုင်အောင်တော့ လက်တလော ပြင်ဆင်နေတယ်။ အဲဒီအပြင်ကို ရိုးမရိပ်သာမှာပါ ထား နိုင်အောင်ပြင်နေတယ်။ မနက်ဖြန်လောက်ဆို ရိုးမရိပ်သာမှာ စပြီးထားဖို့ ရှိပါတယ်” ဟု ယင်းကစက်တင် ဘာလ ၁၂ရက်တွင် ပြောသည်။

 

လူနာသစ်များကိုစတင်ထားရှိသွားမည့် ရိုးမရိပ်သာ အိမ်ရာအသစ်တွင် လက်ရှိ ကွာရန်တင်းထားရှိသူ ၁၀၀၀ ကျော်ကို လက်ခံထားနေပြီးဖြစ်သော်လည်း ထိုအိမ်ရာတွင် အခန်းပေါင်း ၁၅ဝဝခန့်ရှိပြီး တစ်ခန်း လျှင် လူ ၃ယောက်နှုန်းခန့်ဖြင့် ထားရှိလျှင်တောင် လူဦးရေအများအပြားထားရှိနိုင်သောကြောင့် ကွာရန် တင်းထားရှိသူများအပြင် ကိုဗစ်အတည်ပြု လူနာများကိုပါ ထားရှိရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင် နေ့စဉ်ကိုဗစ်အတည်ပြုလူနာများမှာ ရာဂဏန်း အထိ တွေ့နေရပြီး လူနာများထားရှိရန် နှင့် ရောဂါပိုးတွေ့ရှိရသူနှင့် ထိတွေ့ဆက်စပ်သူများအား ကွာရန်တင်းထား ရှိရန် နေရာအခက်အခဲများရှိနေကြောင်း သိရသည်။


ထို့ကြောင့် ကိုဗစ်လူနာများအတွက် နေရာများကို အချိန်မီပြင်ဆင်နိုင်ရန်ကြိုတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး လိုအပ်ပါက ယာယီဆေးရုံ ( Hospital Tent ) များ ဆောက်လုပ်သွားရန်နှင့် အသွားအလာကန့်သတ်ရန် အတွက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိပ္ပံကျောင်း အဆောင်များ၊ အားကစားရုံများအား အသုံး ပြုနိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့သော အစည်းအဝေးတစ်ခု၌ ပြောဆိုထားသည်။

 

မိုင်းစောလွင် (pyimyanmarnews)

Read times
Rate this item
(0 votes)