What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 02 December 2020 14:55

Q ဝင်ရက်အားလျော့ချခြင်း

အမေရိကန်ကူးစက်ရောဂါဌာန CDC မှ Q ဝင်ရက်အားလျော့ချသည့် Guideline လမ်းညွှန်ချက်အသစ်ကို ထုတ်ပြန်လိုက်ပါတယ်။

 

အကယ်၍ လူတစ်ယောက်ဟာ COVID-19 ရောဂါရှိသူတစ်ယောက်နဲ့ အနီးကပ်ထိတွေ့မှုရှိခဲ့ရင် Q ဝင်ရမည့်ရက်ဟာ အရင်လို (၁၄) ရက်မဟုတ်တော့ပဲ ... Q ဝင်နေစဉ်ကာလမှာ Test #မလုပ်ခဲ့ရင် (၁၀) ရက်သာ Q ဝင်ဖို့လိုပါတယ်။ Q ဝင်နေစဉ်ကာလမှာ Test လုပ်ခဲ့လို့ Negative ပြခဲ့ရင် Negative ပြခဲ့ပြီးနောက် (၇) ရက်သာ Q ဝင်ဖို့လိုပါတယ်။

 

CDC က ရောဂါပိုးရှင်သန်ပေါက်ဖွားတဲ့ရက်ဟာ (၁၄) ရက်အထိ ရှိနိုင်တယ်။သို့သော်လည်း အများစုဟာ ရောဂါပိုးရှိသူနဲ့ထိတွေ့ပြီး ၄ - ၅ ရက်အတွင်းမှာ ရောဂါကူးစက်ပြီး ရောဂါလက္ခဏာစပြတယ်လို့ ဆိုပါတယ်။ အဲ့ဒီမှာအနီးကပ်ထိတွေ့ခဲ့သူဆိုတာကိုဖွင့်ဆိုပုံကိုပြောပြပါမယ်။

 

လူတစ်ယောက်ဟာ ရောဂါလက္ခဏာတစ်ခုခုပြလို့ စစ်ကြည့်ရင် positive ဖြစ်ခဲ့သည်ပဲဖြစ်ဖြစ် ... ရောဂါလက္ခဏာမပြပေမယ့် စစ်ကြည့်လို့ positive ဖြစ်ခဲ့သည်ပဲဖြစ်ဖြစ် ... လွန်ခဲ့တဲ့ (၂) ရက်အတွင်းမှာသူနဲ့အနီးကပ်ထိတွေ့ခဲ့သူကို Q ဝင်ခိုင်းရပါမယ်။

 

အနီးကပ်ထိတွေ့ခဲ့သူဆိုတာ အဲ့ဒီ positive ဖြစ်တဲ့လူနဲ့ (၆) ပေနဲ့အတွင်းမှာ စုစုပေါင်း (၁၅) မိနစ်အတွင်းအနီးကပ်နေခဲ့သူကိုဆိုလိုပါတယ်။ အဲ့ဒီလူနှစ်ယောက်ဟာ mask တပ်တပ်မတပ်တပ် ကူးစက်နိုင်တယ်လို့ယူဆပြီး Q ဝင်ရပါမယ်။

 

စုစုပေါင်း (၁၅) မိနစ်ဆိုတာက (၂၄) နာရီအတွင်းမှာ (၅) မိနစ်လေးပဲ (၃) ကြိမ်အနီးကပ်နေမိရင် စုစုပေါင်း (၁၅) မိနစ်ပြည့်ပါတယ်။ (၂) မိနစ်တစ်ခါ၊ (၅) မိနစ်နှစ်ခါ၊ (၃) မိနစ်တစ်ခါ (၆) ပေနဲ့အတွင်းနေမိရင်လည်း စုစုပေါင်း (၁၅) မိနစ်ပြည့်ပါတယ်။

 

ဘာလို့ Mask တပ်တပ်မတပ်တပ်လို့ပြောရတာလဲဆိုတော့ ပြည်သူအများစုဟာ N95 #အစစ်လိုသေချာကာကွယ်တဲ့ Mask မျိုးတပ်ထားတာမဟုတ်လို့ပါပဲ။ Mask ကိုလုံလားမလုံလား လေ့ကျင့်သင်တန်းပေးထားခြင်းလည်းမရှိပါဘူး။

 

N95 #အစစ်တွေမှာ ရောဂါပိုးကို စစ်ထုတ်တဲ့ electrostatic ကာကွယ်မှုမျိုးပါပြီး တရုတ်က အလီဘာဘာမှာဝယ်လို့ရတဲ့ N95 အများစုဟာ အဲ့ဒီလိုသေချာစစ်ဆေးထုတ်လုပ်ထားတာမဟုတ်ပဲ အသွင်တူစေရန်အနီးစပ်ဆုံးတုပပြီး ထုတ်လုပ်ထားတာဖြစ်လို့ #လုံခြုံတဲ့ကာကွယ်မှုမျိုးကိုမပေးနိုင်ပါ။

 

အဲ့ဒါကြောင့် ICU အတွင်းလိုနေရာမျိုး၊ မီတင်ခန်းထဲလိုနေရာမျိုးတွေမှာ (၆) ပေနဲ့အတွင်း ထိတွေ့မိခဲ့သူတွေဟာ N95 Mask တပ်ထားခဲ့ရင်တောင် အတုဖြစ်နေခဲ့ရင်ကူးစက်ဖို့အခွင့်အရေးများသွားပါတယ်။ ဒါကြောင့် (၆) ပေထပ်ပိုပြီးခွာနေကြဖို့ပြောတာပါ။

 

Richard Myo Thant

Read times
Rate this item
(1 Vote)