What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 14 September 2020 14:32

အိမ်မှာနေရင် ကိုဗစ်ရောဂါ ၈၅ ရာခိုင်နှုန်း ကာကွယ်နိုင်မည့် နည်းလမ်း

နှာစေး ချောင်းဆိုးရင် အိမ်မှာဘဲနေပါ

 

(ဆယ်ရက်ခန့်) ဖျားရင် ပါရာစီတမော ၅၀၀မီလီဂရမ် သုံးကြိမ်သောက်ပါ နှာစေးရင် Cetrizine 10mg နှာစေးပျောက်ဆေး တစ်နေ့ တစ်ကြိမ်သောက်ပါ

 

ချောင်းဆိုးရင် Over the counter ဝယ်သောက်လို့ရတဲ့ Zedex syrup/Bronchest/Tussolid/Atussin စသော ချောင်းဆိုးပျောက်ဆေးများ သုံးကြိမ်ခန့် သောက်ပါ မိသားစုနဲ့ ဝေးဝေးနေပါ နှာခေါင်းစည်းတပ်ပါ လက်မကြာခဏဆေးပါ ကိုဗစ်ရောဂါဆိုရင်တောင် ပျောက်သွားမှာပါ(85%)

 

သုံးရက်လောက်နဲ့ မသက်သာရင်/ ကြပ်လာ မောလာရင်/ အခံရောဂါရှိရင် (ဥပမာ အဆုပ်ပွ ဆီးချို နှလုံးရောဂါများ) ဆေးရုံကြီးသို့ သွားရောက်ပြသပါ

 

ကာကွယ်မှုများပြုလုပ်မှုအားနည်းသောဆေးခန်းများသို့သွားခြင်းသည် အခြားလူနာများရော ဆေးခန်းဝန်ထမ်းများရော ကူးစက်နိုင်သဖြင့် သင်လည်း ထိုသူများထံမှ ရောဂါကူးလာနိုင်သဖြင့် ကာကွယ်မှုပြည့်စုံသော ဆေးရုံကြီးသို့သာ သွားရောက်ကြပါရန်

 

အမှန်အတိုင်း ရောဂါရာဇဝင် ပေးကြပါရန်

 

ပြည်ပပြန်များ ရောဂါဖြစ်ပွားမြို့နယ်များမှပြန်လာသူများ နှင့် ၎င်းတို့နှင့် ထိတွေ့ဘူးသူများ ဖျားချောင်းဆိုးမော ပါက ဆေးရုံကြီးသို့ ချက်ချင်းသွားရောက်ကြပါရန် နှင့် ခရီးသွား ထိတွေ့ ရာဇဝင် အတိအကျ ချက်ချင်းပြောပြကြပါရန်

 

အိမ်မှာနေခြင်းသည် တစ်မျိုးသားလုံးကို ကာကွယ်ခြင်းဖြစ်ပါသည်

 

ဖျားရင်လဲ အိမ်မှာဘဲနေပါ သို့မဟုတ် Fever Clinic သို့မဟုတ် ဆေးရုံကြီးသို့သွားပြပါ

 

ဆေးပညာ ပါမောက္ခဒေါက်တာဒေါ်မာမာကြည်

Read times
Rate this item
(0 votes)