What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 15 September 2020 20:05

မြန်မာအရှေ့တိုင်းဘဏ် မှ အသိပေးကြေညာခြင်း

၁ ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏

၂၀၂၀ခုနှစ်၊ စက်တင်ဘာလ၊ ၁၃ရက်နေ့ ရောဂါဓါတ်ခွဲစစ်ဆေးမှုအဖြေ ထုတ်ပြန်ချက်အရ မြန်မာအရှေ့တိုင်းဘဏ်လီမိတက် ရုံးချုပ်တွင် တာဝန်ထမ်း‌ဆောင်နေသော ဝန်ထမ်းတစ်ဦးတွင် COVID-19 ရောဂါပိုးစစ်ဆေးတွေ့ရှိကြောင်း အတည်ပြုခဲ့ပါသည်။ မိမိတို့ဘဏ်အနေဖြင့် အဆိုပါ ဝန်ထမ်းနှင့် မိသားစုဝင်များကို တတ်အားသ၍ကူညီဆောင်ရွက်မှုများ စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါသည်။ မြန်မာအရှေ့တိုင်း ဘဏ်ရုံးချုပ်ရှိ ဝန်ထမ်းများကိုလည်း အသွားအလာကန့်သတ်၍ နေထိုင်စေပြီးဖြစ်ပါသည်။

၂ ။ မြန်မာအရှေ့တိုင်းဘဏ်အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုအတိုင်းအချိန်နှင့်တပြေးညီ တာဝန်ရှိသူများ နှင့် လိုက်နာပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၊ Customer များနှင့် ဘဏ်ဝန်ထမ်းများ ဘေးကင်းလုံခြုံရေး အတွက်ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းစဥ်များကို လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ မြန်မာအရှေ့တိုင်းဘဏ်ရုံးချုပ် နှင့် ကျန်ဘဏ်ခွဲအားလုံးကို ပုံမှန်အတိုင်းဆက်လက်ဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး၊ Business Continuity Plan (BCP) အရ အဓိကအရေးကြီးသော ဝန်ထမ်းအချို့ မှလွဲ၍ ကျန်ဝန်ထမ်းများကို မိမိ၏နေအိမ်တွင် Work from Home ဖြင့် အလုပ်လုပ်ရန် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။


၃ ။ မြန်မာအရှေ့တိုင်းဘဏ် မှ မိမိတို့ဘဏ်ဝန်ထမ်းများနှင့် Customer များ၏ ကျန်းမာရေး နှင့်လုံခြုံမှုကို အဓိကဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မြန်မာအရှေ့တိုင်းဘဏ်သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ ကာကွယ်တားဆီးရေးအကြံပေးချက်များ နှင့် လမ်းညွှန်ချက်များကို တိကျစွာလိုက်နာလျက်ရှိပါသည်။ ဘဏ်လုပ်ငန်း နှင့် ဆက်စပ်သည့် အချက်အလက်များကို ဘဏ်၏ Marketing and Public Relations ဌာန၊ ဖုန်း (၀၉-၅၅၀၆၁၀၅) သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အလုပ်အမှုဆောင်ကော်မတီ

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်

 

No photo description available.

Read times
Rate this item
(0 votes)