What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 23 September 2020 19:09

ကမ္ဘာကြီး ကပ်ဆိုက်နေဟု ကုလခေါင်းဆောင် သတိပေး

ကမ္ဘာကြီးဟာ ကျန်းမာရေး၊ စီးပွားရေး ကပ်ဘေးအပြင် အမေရိကန်နဲ့ တရုတ်

စစ်အေးဘေးဒဏ်ကိုပါ ကြုံနေရပြီလို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူးတားရက်စ်က သတိပေးလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အရေးဟာ ကပ်ဘေးနိဒါန်းပဲ ရှိသေးတယ်လို့ ကုလသမဂ္ဂညီလာခံ အဆင့်မြင့်အစည်းအဝေးမှာ ခုလို သတိပေးလိုက်တာပါ။

ကိုရိုနာကပ်ရောဂါဘေး တိုက်ဖျက်ရာမှာ တကမ္ဘာလုံးညီညွတ်ဖို့ တိုက်တွန်းပြီး အများကြိုက်ဝါဒနဲ့ အမျိုးသားရေးဝါဒဟာ အခြေအနေကို ပိုဆိုးစေတယ်လို့ ပြစ်တင်ဝေဖန်တဲ့အပြင် တကမ္ဘာလုံး အပစ်အခတ် ရပ်စဲဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ''အလွန်အန္တရာယ်ကြီးတဲ့ အခြေအနေကို ဦးတည်နေပြီ” ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အား နှစ်ခုကြောင့် ကွဲပြားကျေပျက်မဲ့ အနာဂတ်ကို ကမ္ဘာကြီးက ခံနိုင်မှာမဟုတ်ဘူး - ကိုယ်ပိုင် ကုန်သွယ်ရေး၊ ငွေရေးကြေးရေး ဥပဒေသ၊ အင်တာနက်နဲ့ ဉာဏ်ရည်တုနည်းပညာတွေနဲ့ဖြသ်ကုန်ကြပြီလို့လဲ ကုလအတွင်းရေးမှူးချုပ်က ထပ်ပြီးသတိပေးပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို “တရုတ်ဗိုင်းရပ်စ်”ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စတင်သုံးနှုန်းလိုက်ချိန်မှာ အင်အားကြီးနှစ်နိုင်ငံရဲ့ ပဋိပက္ခ အပြည့်အဝထင်ရှားလာတာပါ။ တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားတဲ့ ကိုဗစ်-၁၉ ကြောင့် ကမ္ဘာတလွှား လူတသန်းနီးပါး၊ အမေရိကန်မှာ နှစ်သိန်း သေဆုံးရတဲ့ကိစ္စအတွက် တရုတ်ကို တာဝန်ယူခိုင်းဖို့ ကုလသမဂ္ဂကို ဒေါ်နယ်ထရမ့်က တောင်းဆိုခဲ့ပါတယ်။

ဒီစွပ်စွဲချက်ဟာ အခြေအမြစ်မရှိဘူးလို့ တရုတ်ဘက်က တုံ့ပြန်ခဲ့ပါတယ်။
“ခုနေခါမယ် ကမ္ဘာကြီးမှာ ပိုပြီး စည်းလုံးဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုနေပါတယ်”လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jun က ကုလသမဂ္ဂညီလာခံမှာ ပြောပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင်ကလည်း “နိုင်ငံရေးဗိုင်းရပ်စ် မဖြန့်ဘဲ အပြန်အလှန် အကျိုးပြု ယုံကြည်မှု တည်ဆောက်ရမယ်၊ အခြေအမြစ်ကင်းမဲ့တဲ့ စွပ်စွဲမှုတွေကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ပယ်ချပါတယ်” လို့ ကြိုတင်အသံ သွင်းထားတဲ့ မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

ကုလအတွင်းရေးမှူးချုပ်ကတော့ တကမ္ဘာလုံး အပစ်ရပ်ဖို့ မေတ္တာရပ်ခံပြီး စစ်ရေးတွေကြောင့် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးကို အကျပ်ဆိုက်စေတယ်လို့ သတိပေးပါတယ်။

“ကပ်ရောဂါဘေးကာလမှာ ပဋိပက္ခကြောင့် တဦီးတည်းသော အောင်နိုင်သူဟာ ဗိုင်းရပ်စ်ကိုယ်တိုင်ပါပဲ” လို့ အတွင်းရေးမှုးချုပ်က ကမ္ဘာ့ခေါင်းဆောင်တွေကို သတိပေးခဲ့ပါတယ်။

One News Myanmar

Read times
Rate this item
(0 votes)