What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 26 September 2020 22:08

Stay at Home သီတင်းသုံးနေထိုင်ကြရန် လျှောက်ထား

တိုင်းနှင့်ပြည်နယ်အားလုံးရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများလည်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အကြံပြုချက်များနှင့်အညီ Stay at Home သီတင်းသုံးနေထိုင်ကြရန် သာသနာရေးဦးစီးဌာန လျှောက်ထားသည်ကို ဖော်ပြအပ်ပါသည်။


အမြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 

သာသနနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန 

သာသနာရေးဦးစီးဌာန၊

စာအမှတ်၊ ပ၄/ ၁/ သန-၁၅/ ၃/ 

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂ ရက်

သို့

နေပြည်တော်သာသနာရေးမှူးရုံး 

ကချင်ပြည်နယ်သာသနာရေးမှူးရုံး။ 

ကယားပြည်နယ်သာသနာရေးမှူးရုံး 

ကရင်ပြည်နယ်သာသနာရေးမှူးရုံး 

ချင်းပြည်နယ်သာသနာရေးမှူးရုံး 

စစ်ကိုင်းတိုင်းဒေသကြီးသာသနာရေးမှူးရုံး 

တနင်္သာရီတိုင်းဒေသကြီးသာသနာရေးမှူးရုံး 

ပဲခူးတိုင်းဒေသကြီးသာသနာရေးမှူးရုံး 

မကွေးတိုင်းဒေသကြီးသာသနာရေးမှူးရုံး 

မန္တလေးတိုင်းဒေသကြီးသာသနာရေးမှူးရုံး 

မွန်ပြည်နယ်သာသနာရေးမှူးရုံး 

ရခိုင်ပြည်နယ်သာသနာရေးမှူးရုံး 

ရန်ကုန်တိုင်းကြီးသာသနာရေးမှူးရုံး 

ရှမ်းပြည်နယ်သာသနာရေးမှူးရုံး 

ဧရာဝတီတိုင်းဒေသကြီးသာသနာရေးမှူးရုံး 

ပဲခူးတိုင်းဒေသကြီးသာသနာရေးမှူးရုံးခွဲ(ပြည်)

ရှမ်းပြည်နယ်သာသနာရေးမှူးရုံးခွဲ(ကျိုင်းတုံ) (လားရှိုး) ၊

 

 အကြောင်းအရာ တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့များသို့ လျှောက်ထားသွားရန် အကြောင်းကြားခြင်း 

၁။ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင် တိုက်တွင် ဖျားနာသံဃာတော်များအား တပ်မတော်ဆေးတပ်ဖွဲ့က သွားရောက်ကုသပေးပြီးနောက် ၂၁-၉-၂၀၂၀ ရက်နေ့တွင် သံဃာတော် ၁၂ ပါး တွေ့ရှိကြောင်း၊ ၂၃-၉-၂၀၂၀ ရက်နေ့တွင် သားတော် ၆၃ ပါး ၂၅-၉-၂၀၂၀ ရက်နေ့တွင် သံဃာတော် ၂၇၅ ပါးနှင့် ကပ္ပိယ ၄ ဦး ထပ်မံ တွေ့ရှိသဖြင့် ခုနပေါင်းပြီးတွေ့ရှိသံဃာ ၁၅ ပါးနှင့် ကယ ၄၊ တို့ဖြစ်ကြောင်း သိရှိရပါသည်။

 

၂။ ၁၆-၈-၂၀၂၁ ရက်နေ့မှစ၍ COVID-19 ရောဂါ ဒုတိယလှိုင်း ထပ်မံဖြစ်ပွားလာမှု ကြောင့် ၉-၉-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၁ မြို့နယ်တို့ကို stay at Home သတ်မှတ် ရှိခဲ့ပြီး၊ ၁-၉ ၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးကို (ကိုကိုးကျွန်းမြို့နယ်မပါ) stay at Home  အစီအစဉ်တွင် အကျုံးဝင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သဖြင့် အဆိုပါ stay at Home  အစီအစဉ်တွင် စာသင်တိုက်များ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများလည်း အကျုံးဝင်မည်ဖြစ်ပါသည်၊၊ 

 

၃။ အချိန်တွင် COVID-19 ရောဂါ ဒုတိယလှိုင်းဖြစ်ပွားနေမှုမှာ ကူးစက်မှုမြန်ဆန်ဖြစ် နေသောကြောင့် စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများမနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အကြံပြုချက်နှင့်အညီ သီတင်းသုံးနေထိုင်ရေး သတ်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် သံဃနာယကအဖွဲ့ ဆရာတော်များထံ အောက်ပါအတိုင်း လျှောက်ထား သွားရမည် ဖြစ်ပါသည်

(က) ရဟန်း၊ သာမဏေနှင့် သီလရှင်များအနေဖြင့် မိမိကျောင်း၌ သီတင်းသုံးနေထိုင်ရေး၊ 

(ခ) ရဟန်း၊ သာမဏေများအနေဖြင့် စာသင် ပါဖို့ချသည့် ဘုရားဝတ်ပြုသည့် အချိန်တို့တွင် Social Distancing ၆ ပေအကွာအဝေးဖြင့် သီတင်းသုံးနေထိုင်၍ Mask တပ်ဆင်ထားရေး၊ ဆွမ်းဘုန်းပေးချိန်တွင် ၆ ပေခွာ Social Distancing ဖြင့်သာ ဆွမ်းဘုန်းပေးရေး၊ 

(ဂ) ဆွမ်း၊ ဆွမ်းဟင်းများမျက်ပြတ်ရာတွင် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်အောင် စီမံဆောင်ရွက်စေရေး၊ 

(ဃ) ကျောင်းရှိ ရဟန်း၊ သာမဏေ၊ ကယနှင့်ကျောင်းသားများအနေဖြင့် COVID-19  ရောဂါ လက္ခဏာများ ဖြစ်သည့် အနံ့အရသာမရခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း အစရှိသည်များဖြစ်ပွားပါက သက်ဆိုင်ရာကျန်းမာရေးဌနာများ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး သာသနာရေးမှူးရုံးများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများသို့ ချက်ချင်း အကြောင်‌ေစေရေ

 (င) ကျောင်းပရိဝုဏ်အတွင်း သီတင်းသုံးနေထိုင်သည်ဖြစ်စေ၊ ပြင်ပသို့ကြွရောက်သည်ဖြစ်စေ အမြဲတမ်း Mask တပ်ဆင်ထားရေး၊ 

(စ) မကြခဏ ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာသည်အထိ လက်ဆေးခြင်း၊ Hand Gel အသုံးပြု၍ လက်ဆေးခြင်းများဆောင်ရွက်ရေး၊ 

(ဆ) ဆွမ်းစားကျောင်းဆောင်အပါအဝင် ကျောင်းဝန်းတစ်ခုလုံး သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်အောင် စနစ်တကျ ဆောင်ရွက်စေရေး။

 

၄။ သို့ဖြစ်ပါ၍ တိုင်းဒေသကြီး/ ပြည် နယ်သာသနာရေးမှူးများအနေဖြင့် ရဟန်း၊ သာမဏေ သီလရှင်များ COVID-19 ရောဂါ ကူးစက်မှုမခံရစေရေး အပိုဒ် ၃ ပါအချက်များအား တိုင်ပေသကြီး/ ပြည်နယ် သံဃန၊ယကအဖွဲ့များသို့ ၂၆-၉-၂၀၂၀ ရက်နေ့အပြီး လျှောက်သွားရန် အကြောင်းကြား ပါသည်။

 

ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) 

 

(ကျော်လွင်၊ ညွှန်ကြားရေးမှူး)

မိတ္ထူကို

ဝန်ကြီးရုံး၊ သာသန၁ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသန၁ရေး) လက်ခံတွဲ

စာတွဲ

 

 

Read times Last modified on Saturday, 26 September 2020 22:22
Rate this item
(0 votes)