What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 17 September 2020 11:36

ဗိုလ်တထောင်မြို့နယ် ချမ်းမြေ့စျေးမှ အတည်ပြုလူနာ ၅ ဦး အထိ ရှိနေ

ဗိုလ်တထောင်မြို့နယ် ချမ်းမြေ့စျေးမှ အတည်ပြုလူနာ ၅ ဦး အထိ ရှိနေ Pyi Myanmar

ယနေ့ နံနက် ထုတ်ပြန်ချက်အရ COVID 19 အတည်ပြု လူနာ စာရင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် က ချမ်းမြေ့ စျေးတွင် ဝက်သားရောင်းချနေသူ ၁ ဦး ပါဝင်နေပြီး အဆိုပါ စျေးမှ အတည်ပြုလူနာ ၅ ဦး အထိပင် ရှိနေပြီ ဖြစ်ကြောင်း အဆိုပါ မြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေစိုး က ပြည်မြန်မာကို ပြောသည်။

 

ယခု ကူးစက်ခံရသူမှာ ဆိုင်အမှတ် ၃၆ တွင် ရောင်းချနေသူ ဖြစ်ကြောင်း ဒေါ်မေစိုးက ၄င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် အသိပေးထားသည်။

 

“ပထမက ဝက်သားသည် ၁ ဦးလည်း ကူးတယ်လေ။ အဲ့ဒီမှာက ချမ်းမြေ့စျေးမှာ စျေးကောက် ၁ ဦး ကူးတယ်။ နောက် စျေးတာဝန်ခံက ဝန်ထမ်း ၁ ဦး ကူးတယ်။ ကြက်သား ၁ ဦး ကူးတယ်။ ဝက်သား သည် ကူးတယ်ပေါ့နော်။

 

အချင်းချင်းပဲ ဆိုင်နားနီးချင်း ဖြစ်သလား ဘယ်လို ဖြစ်သလဲပေါ့။ ဒီထဲကပဲ ကူးလာတယ် ဆိုတော့ သူတို့အချင်းချင်းပဲ Contact ကတော့ ရှိတယ်လို့ ကျွန်မ တွက်မိတယ်။ နောက် ၁ ခုကလည်း အခု ဝက်သားသည်က မင်္ဂလာတောင်ညွန့် မှာ နေတာလည်း ဖြစ်တယ် ရှင့်။ ကျွန်မ က စိတ်ပူတာကတော့ သုံးသပ်ချက် အရ စျေးသည်တွေက ကူးလာတယ် ဆိုရင် စျေးသည်တွေလည်း ကူးနိုင်တယ်ပေါ့နော်” ဟု ဒေါ်မေစိုးက ဆိုသည်။

 

ဝယ်သူ တွင် လက်အိတ်၊ နှာခေါင်းစည်း နှင့် မျက်နှာအကာ တို့ ပါသည်ဆိုလျှင် စိတ်ချရသော်လည်း ထိုသို့ မပါခြင်း နှင့် ပိုက်ဆံ အပေးအယူ ရှိခြင်းတို့က ကူးစက်နိုင်ပြီး ရောင်းချသူသည် ဗိုလ်တထောင်မြို့နယ်က မဟုတ်သော်လည်း အဆိုပါ မြို့နယ် တွင် ကူးစက်နိုင်ကြောင်း ၄င်းက ဆိုသည်။

 

“ဝက်သားသည်ပဲ ကြက်သားသည်ပဲ ဖြစ်ဖြစ် ငွေပေး ငွေယူ က လက်ဆေးမနေနိုင်ဘူးလေ။ Hand wash နဲ့ ဘယ်လိုလုပ် ဆေးနိုင်မလဲနော်။ ဒါကလည်း လုပ်နေတာ ဆိုတော့ ကူးစက်နိုင်တယ်” ဟု ဒေါ်မေစိုးက ဆိုသည်။

Pyi Myanmar

Read times
Rate this item
(0 votes)