What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 03 February 2020 16:38

ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများအား အသိပေး နှိုးဆော်ချက် ထုတ်ပြန်

လတ်တလောဖြစ်ပွားနေသည့် Novel Corona Virus နှင့်စပ်လျဉ်း၍ ဂျပန်နိုင်ငံတွင် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအား တိုကျိုမြို့ရှိ မြန်မာသံရုံးမှ အသိပေး နှိုးဆော်ချက် ထုတ်ပြန်ထားပါတယ်။ 

၁။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် Novel Coronavirus နှင့် စပ်လျဉ်း၍ ဂျပန်နိုင်ငံအစိုးရ၏ ထုတ်ပြန်ချက် အရ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် ဂျပန်နိုင်ငံ၌ ရောဂါလက္ခဏာပြသူ ၂၀ ဦး ရှိလာကြောင်း သိရှိရပါသည်။

 

၂။ ဂျပန်နိုင်ငံအစိုးရအနေဖြင့် Novel Coronavirus ရောဂါလက္ခဏာရှိသူများ တွေ့ရှိခဲ့ပြီး အစိုးရဝန်ကြီးဌာနများအကြား Hotline တစ်ရပ်ထူထောင်လျက် Public Risk Assessment ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါသည်။

 

ဂျပန်နိုင်ငံအဝှမ်းရှိ ကျန်းမာရေးဆိုင်ရာ တာဝန် ရှိသူများအနေဖြင့် Novel Coronavirus လက္ခဏာဆိုင်ရာ စစ်ဆေးမှုများကို စတင်ဆောင်ရွက် လျက်ရှိပါသည်။ ဂျပန်အာဏာပိုင်များအနေဖြင့် Novel Coronavirus နှင့်စပ်လျဉ်းပြီးHigh Alert သတ်မှတ်ကာ လိုအပ်သည့်စစ်ဆေးမှုများ၊ ဆေးရုံများတွင် ဖျားနာသူများအား စောင့်ကြည့် လေ့လာမှုများ၊ Quarantine အစီအမံများ ချမှတ်ဆောင်ရွက်လျက် ရှိ ပါသည်။

 

၃။ သို့ဖြစ်ပါ၍၊ ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင်လျက်ရှိကြသော မြန်မာနိုင်ငံသားများ အနေဖြင့် သက်ဆိုင်ရာ မြို့နယ်၊ ဒေသန္တရရုံးများမှ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြပါရန် နှင့် ကျန်းမာရေးအရ အရေးပေါ်လိုအပ်မှုရှိပါက မြန်မာသံရုံးသို့ ဆက်သွယ်အကြောင်းကြားကြပါရန် မေတ္တာရပ်ခံ နှိုးဆော်အပ်ပါသည်။

Capture.JPG

မြန်မာနိုင်ငံ ရောဂါရှိသူအဖြစ် အတည်ပြုထားသည့် လူနာ မရှိသေးချေ။ ၂၀၂၀ပြည့်နှစ်၊ဖေဖေါ်ဝါရီလ၂ရက်တွင်ဟူပေပြည်နယ်၊ဝူဟန်မြို့ရှိမြန်မာကျောင်းသား/ကျောင်းသူ(၅၉)ဦးသည်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊မြန်မာအမျိုးသားလေကြောင်းမှ အထူးလေယာဉ်ဖြင့်မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခေါ်ဆောင်လာခဲ့သည်။

 

မန္တလေး ကန်တော်နဒီဆေးရုံတွင် ထားရှိပြီး ပြင်းထန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရခြင်းရှိမရှိ ၁၄ရက်တိုင် စောင့်ကြပ်စစ်ဆေးပေးမည်ဖြစ်သည်။ မြန်မာပညာသင် ၆၃ ဦးအနက် ၅၉ ဦးပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး ကျန်ရစ်ခဲ့သူ ၄ ဦး အနက် ၁ ဦးမှာ တရုတ်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်ခြင်းကြောင့် လည်းကောင်း၊ ၁ ဦးမှာ ပြည်နယ်ပြင်ပ ရောက်ရှိနေသောကြောင့် လည်းကောင်း၊ ကျန် ၂ ဦးမှာ ကိုယ်အပူချိန် မြင့်မားနေသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် လိုအပ်သောကြောင့် လည်းကောင်း လိုက်ပါလာနိုင်ခြင်း မရှိကြောင်း သိရသည်။

 

ယခုပြန်လည်ရောက်ရှိလာသည့်ကျောင်းသားများသည် ရောဂါသည်များ လုံးဝမဟုတ်ကြောင်း၊ ဝူဟန်မှာနေစဉ်အတွင်း ကျောင်းကအဆောင်တွင်နေထိုင်ပြီး ပြင်ပနှင့် အထိအတွေ့လုံးဝမရှိသည့်အပြင် လွန်ခဲ့သည့် ၁၄ရက်အတွင်းဖျားနာခဲ့တာမရှိခြင်းကြောင့် မြန်မာပြည်ကို ရောဂါတွေပြန်သယ်လာမည့်သူများ မဟုတ်ကြောင်းသိရသည်။

 

Wuhan coronavirus သည်တရုတ်ပြည်မကြီးပြင်ပရှိနိုင်ငံပေါင်း ၂၇ ခုနှင့်ဒေသများသို့ပျံ့နှံ့သွားသည်။ စိုးရိမ်မှု ရေချိန်မြင့်မားနေချိန်တွင် သတင်းအမှားများလည်း ထွက်ပေါ်လျက် ရှိသည်။  တရုတ်ပြည်မကြီးပြင်ပရှိနိုင်ငံပေါင်း ၂၇ ခုတွင် Wuhan coronavirus ကူးစက်ခံရသူအနည်းဆုံး ၁၇၉ ဦး ရှိပြီဖြစ်သည်။

 

ဆွီဒင်နှင့်စပိန်တို့ကထိုနိုင်ငံ၏ပထမဆုံးရောဂါဖြစ်ပွားမှုကို တနင်္ဂနွေနေ့က ဖော်ပြခဲ့သည်။ တရုတ်ပြည်မကြီးအပြင်ဘက်တွင် သေဆုံးသည်အထိ ဆိုးဝါးခဲ့သည်မှာ ဖိလစ်ပိုင်၌ ၄၄ နှစ်အရွယ် တရုတ်လူမျိုးတ ဦး တည်းသာ ရှိခဲ့သည်။ သူသည် ဝူဟန်မှ မိခင်နိုင်ငံ ဖိလစ်ပိုင်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ယခုလို သေဆုံးခဲ့ခြင်း ဖြစ်သည်။ စင်ကာကူတွင် ကူးစက်လူနာအဖြစ် အတည်ပြုထားသူ ၁၈ ဦး ရှိပြီး အခြေအနေတိုးတက်ကောင်းမွန်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

 

ရှန်ဟိုင်းမြို့တွင် နှစ်သစ်ကူးအားလက်ရက်ရှည်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ တိုးမြှင့် ပြဋ္ဌာန်းထားသည်။ ပြည်ပကုမ္ပဏီ၏ စက်ရုံအလုပ်ရုံများလည်း အကျုံးဝင်သဖြင့် ယာယီ အလုပ်ရပ်နားထားကြရသည်။ ဝူဟန်ကို စာနာထောက်ထားမှုများကိုလည်း ပြသလျက်ရှိရာ ယူအေးအီက ဒူဘိုင်းရှိ ကမ္ဘာ့အမြင့်ဆုံးတာဝါတွင် မီးအလှဆင်၍ စာနာထောက်ထားကြောင်း ပြသထားသည်။

တရုတ်နိုင်ငံ ၊ ဝူဟန်မြို့တွင် ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရက်စ် (ဝူဟန် ဗိုင်းရက်စ်) နှင့် ပတ်သက်ပြီး အချိန် နဲ့ တပြေးညီ Update သတင်းများကို Health Products Directory ( Facebook Page နဲ့ Website ) မှာ စောင့်မျှော်ကြည့်ရှုဖို့ မမေ့နဲ့အုံးနော် ........

Written By Health Products Directory

Ref; CNN

 

(Zawgyi)

----------

ဂ်ပန္ႏိုင္ငံရွိ ျမန္မာႏိုင္ငံသားမ်ားအား အသိေပး ႏႈိးေဆာ္ခ်က္ ထုတ္ျပန္

 

လတ္တေလာျဖစ္ပြားေနသည့္ Novel Corona Virus ႏွင့္စပ္လ်ဥ္း၍ ဂ်ပန္ႏိုင္ငံတြင္ ေနထိုင္လ်က္ရွိသည့္ ျမန္မာႏိုင္ငံသားမ်ားအား တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ အသိေပး ႏႈိးေဆာ္ခ်က္ ထုတ္ျပန္ထားပါတယ္။ ၁။ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွ စတင္ျဖစ္ပြားခဲ့သည့္ Novel Coronavirus ႏွင့္ စပ္လ်ဥ္း၍ ဂ်ပန္ႏိုင္ငံအစိုးရ၏ ထုတ္ျပန္ခ်က္ အရ ၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္တြင္ ဂ်ပန္ႏိုင္ငံ၌ ေရာဂါလကၡဏာျပသူ ၂၀ ဦး ရွိလာေၾကာင္း သိရွိရပါသည္။

 

၂။ ဂ်ပန္ႏိုင္ငံအစိုးရအေနျဖင့္ Novel Coronavirus ေရာဂါလကၡဏာရွိသူမ်ား ေတြ႕ရွိခဲ့ၿပီး အစိုးရဝန္ႀကီးဌာနမ်ားအၾကား Hotline တစ္ရပ္ထူေထာင္လ်က္ Public Risk Assessment ကို အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္လ်က္ ရွိပါသည္။

 

ဂ်ပန္ႏိုင္ငံအဝွမ္းရွိ က်န္းမာေရးဆိုင္ရာ တာဝန္ ရွိသူမ်ားအေနျဖင့္ Novel Coronavirus လကၡဏာဆိုင္ရာ စစ္ေဆးမႈမ်ားကို စတင္ေဆာင္႐ြက္ လ်က္ရွိပါသည္။ ဂ်ပန္အာဏာပိုင္မ်ားအေနျဖင့္ Novel Coronavirus ႏွင့္စပ္လ်ဥ္းၿပီးHigh Alert သတ္မွတ္ကာ လိုအပ္သည့္စစ္ေဆးမႈမ်ား၊ ေဆး႐ုံမ်ားတြင္ ဖ်ားနာသူမ်ားအား ေစာင့္ၾကည့္ ေလ့လာမႈမ်ား၊ Quarantine အစီအမံမ်ား ခ်မွတ္ေဆာင္႐ြက္လ်က္ ရွိ ပါသည္။

 

၃။ သို႔ျဖစ္ပါ၍၊ ဂ်ပန္ႏိုင္ငံတြင္ ေရာက္ရွိေနထိုင္လ်က္ရွိၾကေသာ ျမန္မာႏိုင္ငံသားမ်ား အေနျဖင့္ သက္ဆိုင္ရာ ၿမိဳ႕နယ္၊ ေဒသႏၲရ႐ုံးမ်ားမွ က်န္းမာေရးဆိုင္ရာ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာေဆာင္႐ြက္ၾကပါရန္ ႏွင့္ က်န္းမာေရးအရ အေရးေပၚလိုအပ္မႈရွိပါက ျမန္မာသံ႐ုံးသို႔ ဆက္သြယ္အေၾကာင္းၾကားၾကပါရန္ ေမတၱာရပ္ခံ ႏႈိးေဆာ္အပ္ပါသည္။

Capture.JPG

ျမန္မာႏိုင္ငံ ေရာဂါရွိသူအျဖစ္ အတည္ျပဳထားသည့္ လူနာ မရွိေသးေခ်။ ၂၀၂၀ျပည့္ႏွစ္၊ေဖေဖၚဝါရီလ၂ရက္တြင္ဟူေပျပည္နယ္၊ဝူဟန္ၿမိဳ႕ရွိျမန္မာေက်ာင္းသား/ေက်ာင္းသူ(၅၉)ဦးသည္ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ျမန္မာအမ်ိဳးသားေလေၾကာင္းမွ အထူးေလယာဥ္ျဖင့္မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ေခၚေဆာင္လာခဲ့သည္။

 

မႏၲေလး ကန္ေတာ္နဒီေဆး႐ုံတြင္ ထားရွိၿပီး ျပင္းထန္အဆုတ္ေရာင္ေရာဂါ ကူးစက္ခံရျခင္းရွိမရွိ ၁၄ရက္တိုင္ ေစာင့္ၾကပ္စစ္ေဆးေပးမည္ျဖစ္သည္။ ျမန္မာပညာသင္ ၆၃ ဦးအနက္ ၅၉ ဦးျပန္လည္ေရာက္ရွိခဲ့ျခင္း ျဖစ္ၿပီး က်န္ရစ္ခဲ့သူ ၄ ဦး အနက္ ၁ ဦးမွာ တ႐ုတ္ႏိုင္ငံ၏ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ မညီၫြတ္ျခင္းေၾကာင့္ လည္းေကာင္း၊ ၁ ဦးမွာ ျပည္နယ္ျပင္ပ ေရာက္ရွိေနေသာေၾကာင့္ လည္းေကာင္း၊ က်န္ ၂ ဦးမွာ ကိုယ္အပူခ်ိန္ ျမင့္မားေနသျဖင့္ က်န္းမာေရးေစာင့္ေရွာက္မႈ ခံယူရန္ လိုအပ္ေသာေၾကာင့္ လည္းေကာင္း လိုက္ပါလာႏိုင္ျခင္း မရွိေၾကာင္း သိရသည္။

 

ယခုျပန္လည္ေရာက္ရွိလာသည့္ေက်ာင္းသားမ်ားသည္ ေရာဂါသည္မ်ား လုံးဝမဟုတ္ေၾကာင္း၊ ဝူဟန္မွာေနစဥ္အတြင္း ေက်ာင္းကအေဆာင္တြင္ေနထိုင္ၿပီး ျပင္ပႏွင့္ အထိအေတြ႕လုံးဝမရွိသည့္အျပင္ လြန္ခဲ့သည့္ ၁၄ရက္အတြင္းဖ်ားနာခဲ့တာမရွိျခင္းေၾကာင့္ ျမန္မာျပည္ကို ေရာဂါေတြျပန္သယ္လာမည့္သူမ်ား မဟုတ္ေၾကာင္းသိရသည္။

 

Wuhan coronavirus သည္တ႐ုတ္ျပည္မႀကီးျပင္ပရွိႏိုင္ငံေပါင္း ၂၇ ခုႏွင့္ေဒသမ်ားသို႔ပ်ံ႕ႏွံ႔သြားသည္။ စိုးရိမ္မႈ ေရခ်ိန္ျမင့္မားေနခ်ိန္တြင္ သတင္းအမွားမ်ားလည္း ထြက္ေပၚလ်က္ ရွိသည္။  တ႐ုတ္ျပည္မႀကီးျပင္ပရွိႏိုင္ငံေပါင္း ၂၇ ခုတြင္ Wuhan coronavirus ကူးစက္ခံရသူအနည္းဆုံး ၁၇၉ ဦး ရွိၿပီျဖစ္သည္။

ဆြီဒင္ႏွင့္စပိန္တို႔ကထိုႏိုင္ငံ၏ပထမဆုံးေရာဂါျဖစ္ပြားမႈကို တနဂၤေႏြေန႔က ေဖာ္ျပခဲ့သည္။ တ႐ုတ္ျပည္မႀကီးအျပင္ဘက္တြင္ ေသဆုံးသည္အထိ ဆိုးဝါးခဲ့သည္မွာ ဖိလစ္ပိုင္၌ ၄၄ ႏွစ္အ႐ြယ္ တ႐ုတ္လူမ်ိဳးတ ဦး တည္းသာ ရွိခဲ့သည္။ သူသည္ ဝူဟန္မွ မိခင္ႏိုင္ငံ ဖိလစ္ပိုင္သို႔ ျပန္လည္ေရာက္ရွိလာၿပီးေနာက္ ယခုလို ေသဆုံးခဲ့ျခင္း ျဖစ္သည္။ စင္ကာကူတြင္ ကူးစက္လူနာအျဖစ္ အတည္ျပဳထားသူ ၁၈ ဦး ရွိၿပီး အေျခအေနတိုးတက္ေကာင္းမြန္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ေၾကညာခဲ့သည္။

 

ရွန္ဟိုင္းၿမိဳ႕တြင္ ႏွစ္သစ္ကူးအားလက္ရက္ရွည္ကို ေဖေဖာ္ဝါရီလ ၉ ရက္ေန႔အထိ တိုးျမႇင့္ ျပ႒ာန္းထားသည္။ ျပည္ပကုမၸဏီ၏ စက္႐ုံအလုပ္႐ုံမ်ားလည္း အက်ဳံးဝင္သျဖင့္ ယာယီ အလုပ္ရပ္နားထားၾကရသည္။ ဝူဟန္ကို စာနာေထာက္ထားမႈမ်ားကိုလည္း ျပသလ်က္ရွိရာ ယူေအးအီက ဒူဘိုင္းရွိ ကမာၻ႔အျမင့္ဆုံးတာဝါတြင္ မီးအလွဆင္၍ စာနာေထာက္ထားေၾကာင္း ျပသထားသည္။

တ႐ုတ္ႏိုင္ငံ ၊ ဝူဟန္ၿမိဳ႕တြင္ ျဖစ္ပြားေနတဲ့ ကို႐ိုနာဗိုင္းရက္စ္ (ဝူဟန္ ဗိုင္းရက္စ္) ႏွင့္ ပတ္သက္ၿပီး အခ်ိန္ နဲ႔ တေျပးညီ Update သတင္းမ်ားကို Health Products Directory ( Facebook Page နဲ႔ Website ) မွာ ေစာင့္ေမွ်ာ္ၾကည့္ရႈဖို႔ မေမ့နဲ႔အုံးေနာ္ ........

Written By Health Products Directory

Ref; CNN

Read times Last modified on Monday, 03 February 2020 21:13
Rate this item
(1 Vote)