What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 19 September 2020 10:59

စစ်တွေမြို့ ဧရာဝတီဘဏ် ဝန်ထမ်းနှစ်ဦး အတည်ပြုလူနာ နှင့် ပတ်သက်ပြီး အသိပေးခြင်း

၁။ ယခင် COVID-19 စစ်ဆေးတွေ့ရှိချက်ကြောင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ

 

ယာယီရပ်ဆိုင်း ထားသော စစ်တွေမြို့ရှိ ဧရာဝတီဘဏ် ဘဏ်ခွဲတွင် တာဝန်ထမ်း‌ဆောင်နေသည့် လက်ရှိအချိန်တွင် Hotel Quarantine ခံယူလျက်ရှိသော ဝန်ထမ်းနှစ်ဦးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ (၁၇-၀၉-၂၀၂၀ ) ရက်နေ့ ထုတ်ပြန်သည့် ရောဂါဓါတ်ခွဲ စစ်ဆေးမှုအဖြေအရ အတည်ပြုခဲ့ပါသည်။

 

ဧရာဝတီဘဏ်မှ ၎င်းဝန်ထမ်းနှစ်ဦးမှာ လက်ရှိတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး၊ ဧရာဝတီဘဏ် အနေဖြင့် ၎င်းဝန်ထမ်းနှင့် မိသားစုဝင်များကိုလည်း ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးလျက် ရှိပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဧရာဝတီဘဏ်၊ စစ်တွေဘဏ်ခွဲအား ယာယီ ပိတ်ထားသည့် အချိန်မှစ၍ ယခုအချိန်အထိ စနစ်တကျ ပိုးသတ်သန့်စင်မှုများ ပြုလုပ်ထားပြီးဖြစ်ပါသည်။ ဘဏ်ခွဲရှိ ဝန်ထမ်းများကိုလည်း ဆက်လက်၍ အသွားအလာ ကန့်သတ်ထားရှိဆဲဖြစ်ပါသည်။

 

၂။ ဧရာဝတီဘဏ်၊ စစ်တွေဘဏ်ခွဲ ပိတ်ထားစဉ်အတွင်း ဘဏ်နှင့် ဆက်သွယ်ဆက်ဆံနေသော Customer များ အဆင်ပြေမှုရှိစေရေး အတွက် ဘဏ်၏ Mobile Banking၊ Internet Banking ဝန်ဆောင်မှုများ အသုံးပြု၍ ဘဏ်ဝန်ဆောင်မှုများ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ဧရာဝတီဘဏ်အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆက်သွယ် ဆက်ဆံနေသော Customer များနှင့် ဝန်ထမ်းများ ဘေးကင်း လုံခြုံရေးအတွက် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါသည်။

 

၃။ ဧရာဝတီဘဏ် ရခိုင်ပြည်နယ်၊ စစ်တွေဘဏ်ခွဲ နှင့် ရန်ကုန်မြို့၊တာမွေမြို့နယ်၊လေးထောင့်ကန် ဘဏ်ခွဲတို့ မှအပ ကျန်ဘဏ်ခွဲအားလုံးအား ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ် ထားရှိမည်ဖြစ်ပြီး၊ ဘဏ်လုပ်ငန်းနှင့် ဆက်စပ်သည့်အချက်အလက်များကို ဧရာဝတီဘဏ်၏ Contact Centre 01-2317777 သို့လည်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။ ယခုကဲ့သို့ COVID-19 ရောဂါပိုးဖြစ်ပွားချိန်တွင် ဧရာဝတီဘဏ်အနေဖြင့် မိမိတို့၏ Customers များနှင့် ဘဏ်ဝန်ထမ်းများ၏ ကျန်းမာရေးကို အဓိက ဦးစားပေးအဖြစ် ထားရှိသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေးကိုလည်း နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုနှင့်အတူ ဝိုင်းဝန်း အားဖြည့် ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

 

သတင်းထုတ်ပြန်ရေးကော်မတီ

ဧရာဝတီဘဏ် လီမိတက်

Read times Last modified on Saturday, 19 September 2020 11:03
Rate this item
(0 votes)