What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 14 December 2021 10:08

တောင်ကိုရီးယားမှာ မျက်နှာမှတ်မိနည်းပညာကို ကိုဗစ်အတွက် သုံးစွဲမည်

တောင်ကိုရီးယားက ကိုရိုနာဗိုင်းရပ်စ် လူနာနဲ့ ထိတွေ့မှု ရှိထားသူတွေကို နောက်ကြောင်းပြန် ဖော်ထုတ်နိုင်ဖို့ အတွက်

မျက်နှာမှတ်မိနည်းပညာ facial recognition tech သုံးစွဲမယ်လို့ အသိပေး ကြေညာပါတယ်။
Bucheon အစမ်းစီမံကိန်းကို စတင်မှာ ဖြစ်ပြီး မြို့မှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာ လုံးရေ ၁၁,၀၀၀ ကျော်မှ မှတ်တမ်းဗီဒီယိုများကို ဉာဏ်ရည်တု artificial intelligence (AI) ဖြင့် စိစစ်ပြီး ကိုဗစ်ကူးစက်ခံထားရတဲ လူနာရဲ့ သွားလာမှုတွေကို ဖော်ထုတ်မှာ ဖြစ်ပါတယ်။
သူနဲ့ ထိတွေ့တဲ့သူတွေ၊ သူ့နားမှာ မတ်စ် မတပ်တဲ့သူတွေ အကုန်လုံးကို သိနိုင်မှာ ဖြစ်ပါတယ်။
အခုလို ဆောင်ရွက်တဲ့အတွက် ကိုယ်ရေးကိုယ်တာ လူသိမခံလိုတဲ့ လုံခြုံမှု ပျက်ပြားသွားတော့မှာ ဖြစ်လို့ ကန့်ကွက်မှုတွေ ရှိနေပေမဲ့ ဇန်နဝါရီလမှာ စတင်မယ်လို့ ဆိုပါတယ်။
လူနာတွေရဲ့ ထွက်ဆိုချက်များအရ ဖော်ထုတ်တဲ့အခါ လူနာက လိမ်လည် ပြောဆိုတာ ရှိသလို အမှတ်မှားပြီး ပြောဆိုတာလည်း ရှိပါတယ်။ အပြည့်အစုံ မပြောပြနိုင်တာလည်း ရှိပါတယ်။ ယခုသုံးစွဲမယ့် နောက်ကြောင်းပြန်လိုက်တဲ့စနစ်က ၅ မိနစ်နဲ့ ၁၀ မိနစ်အတွင်း လူနာ ၁၀ ဦးအထိ တပြိုင်နက်တည်း နောက်ကြောင်းပြန် ဖော်ထုတ်ပေးနိုင်ပါတယ်။

Bucheon က ဆိုးလ်မြို့အနီးမှာ တည်ရှိပြီး တောင်ကိုရီးယားမှာ လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့ ဖြစ်ပြီး လူ ၈ သိန်းခွဲ နေထိုင်ပါတယ်။

Read times
Rate this item
(0 votes)