What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 20 September 2020 12:59

နေပြည်တော်မှာ သေဆုံးသွားတဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦးတွင် ကိုဗစ်ရောဂါ ပိုးတွေ့ရှိ

နေပြည်တော်ရှိ စက်မှုလယ်ယာဦးစီးဌာနက‌နေမကြာသေးခင်မှ ပင်စင်ယူခဲ့တဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦးဟာ စက်တင်ဘာလ ၁၉ရက်နေ့ နေ့လည်ပိုင်းက ၎င်းနေအိမ်တွင်းမှာမေ့မျောသွားတဲ့အတွက် ကုတင်တစ်ထောင်ဆေးရုံကြီးကိုပို့ဆောင်ခဲ့ရာမှာ သေဆုံးလျှက်ရောက်ရှိလာတယ်လို့ ကုတင်တစ်ထောင်ဆေးရုံမှ ကျွမ်းကျင်သူ ဒေါက်တာပပ က ပြောပါတယ်။

 

ဆေးရုံမှာအဆိုပါလူနာဟာ ကိုဗစ်ကြောင့် သေဆုံးတာဟုတ်မဟုတ် စစ်ဆေးရာ COVID-19 ရောဂါပိုးကူးစက်ခံထားရတာကိုတွေ့ရှိရကြောင်း

 

ဒေါက်တာပပ က ဆိုပါတယ်။ လောလောဆယ် ၎င်းနေထိုင်ခဲ့တဲ့၀န်ထမ်းအိမ်ရာမှာနေထိုင်နေတဲ့ အရာထမ်း(၁၅)ဦးကို Stay at home နေထိုင်ရန်ညွှန်ကြားထားကြောင်းလည်းသိရပါတယ် ။

 

သတင်း ပိုးဥ ၊ (နေပြည်တော်ရုံးခွဲ)

Skynet UptoDate

Read times
Rate this item
(0 votes)