What's New


Tuesday, 19 May 2020 20:19

(၁၉-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ (၁၉-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန
(ရန်ကုန်) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၁၈၄) ခုနှင့် ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၅၉) ခု၊ စုစုပေါင်း (၃၄၃)ခုအား စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂) ဦးတွေ့ရှိရပါသည်။
၂။ (၁၉-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၉၃) ဦးရှိပြီဖြစ်ပါသည်။
၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ ၏ ဓာတ်ခွဲနမူနာများစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၃) ဦး (Case- 34, 122 နှင့် 157) ရှိခဲ့သဖြင့် (၁၉-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၀၄) ဦးရှိပါသည်။ ၎င်းတို့အနက် (၉၁) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက် ရှိပါသည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆) ဦး ရှိပါသည်။
၅။ (၁၈-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၉-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၆၇) ဦး ရှိပါသည်။
 
 
Read times Last modified on Tuesday, 19 May 2020 20:26
Rate this item
(0 votes)