What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 10 April 2020 12:13

ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ပေးအပ်လှူဒါန်းခဲ့ခြင်း

COVID.png

 

COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှု နှင့်ပတ်သက်၍ ကာကွယ် တုံ့ပြန်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်အနေဖြင့် ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ငါးသောင်း) အား ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ၁၀-၄-၂၀၂၀ ရက်၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့ရှိ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးအဆောက်အဦ၌ ကျင်းပပြုလုပ်ခဲ့ရာ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Nguyen Quoc Dung မှအဆိုပါလှူဒါန်းငွေများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်စိုးဝင်းမှ လက်ခံရယူခဲ့ပါသည်။

 

အဆိုပါအခမ်းအနား၌ ဒုတိယဝန်ကြီး H.E. Mr. Nguyen Quoc Dung မှ မြန်မာအစိုးရ အနေဖြင့် COVID-19 ကူးစက်ရောဂါပြန့်ပွားမှုနှင့် ပတ်သက်၍ ကာကွယ်တုံ့ပြန်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်း အားထုတ်မှုများအပေါ် တန်ဖိုးထားအသိအမှတ်ပြုပါကြောင်း၊ မြန်မာနှင့် ဗီယက်နမ်နှစ်နိုင်ငံသည် အာဆီယံမိသားစုအဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ဘက်စုံပူးပေါင်းဆောင်ရွက်မှု မဟာမိတ်နိုင်ငံများလည်းဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြားထားရှိသော ချစ်ကြည်ရင်းနှီးမှုနှင့် အိမ်နီးချင်းကောင်း နိုင်ငံတစ်နိုင်ငံအနေဖြင့် ဗီယက်နမ်အစိုးရနှင့် ပြည်သူများမှ မြန်မာနိုင်ငံ၏ COVID-19 ကူးစက်ရောဂါကို တိုက်ထုတ်ကာကွယ်ရာတွင် ပူးပေါင်းပါဝင်သောအား တစ်ရပ် အဖြစ် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများအတွက် အမေရိကန် ဒေါ်လာ ၅၀,၀၀၀/- အား လှူဒါန်းခြင်း ဖြစ်ပါကြောင်း၊ မိမိတို့အားလုံးအနေ ဖြင့် စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင် ကျော်လွှားကြမည်ဖြစ်ပါကြောင်းကို ပြောကြားခဲ့ပါသည်။ လှူဒါန်းမှုအခမ်းအနားတွင် သံအမတ်ကြီးဦးကျော်စိုးဝင်းမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။

 

အဆိုပါ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၅၀,၀၀၀/- အား မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ဆက်သွယ်၍ ဘဏ်မှတစ်ဆင့် ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။

HPD.png

Ministry of Foreign Affairs Myanmar

Read times
Rate this item
(0 votes)