What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 22 September 2020 15:53

မကွေးတိုင်းအတွက် အဖြေစောင့်နေသည့် ဓါတ်ခွဲနမူနာ ၄၀ဝ ကျော်ကျန်ရှိနေသေး

အမျိုးသား ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာ ဌာန ၊

ရန်ကုန် NHL သို့ မကွေးတိုင်းမှ တစ်ပတ်လျင် ကိုဗစ်-၁၉ ဆိုင်ရာ ဓါတ်ခွဲနမူနာ (၁၀ဝ၀) ကျော် ပေးပို့နေပြီး လတ်တလော အဖြေစောင့်နေသည့် ဓါတ်ခွဲနမူနာ ၄၀ဝ ကျော် ကျန်ရှိနေကြောင်းမကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

" တစ်ပတ်ကို ဓါတ်ခွဲနမူနာ တစ်ထောင်ကျော်လောက်ပို့တယ်။ မနေ့က စက်တင် ဘာ ၂၁ရက်နေ့ မနက်ပိုင်းမှာ ရောက်သွားတဲ့ နမူနာတွေလည်း အပါဆိုရင် အဖြေစောင့်နေတာ ၄၀ဝ ကျော်လောက် ကျန်ဦးမယ် '' ဟု မကွေးတိုင်းပြည်သု့ကျန်းမာရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်း က ပြောသည်။

ယနေ့ စက်တင်ဘာ ၂၂ ရက်နေ့မနက်ပိုင်းတွင် မကွေးတိုင်းအတွင်း ကိုဗစ် အတည် ပြုလူနာ ထပ်တိုးခဲ့ခြင်း မရှိဟု သိရသည်။

မကွေးမြို့ ၊ ဆားစည်ရပ်ကွက်မှ positive လူနာအိမ်ဝန်းထဲတွင် သီးခြား နေထိုင်သည့် ဆရာဝန် ၂ ဦး၏ ဓါတ်ခွဲ အဖြေမှာ Negative ထွက်ပေါ်ခဲ့ကြောင်း ၊ ဆရာဝန် ၂ဦးအား နောက်တစ်ကြိမ်ထပ်စစ်ရန် လုပ်ဆောင်သွားမည် ဖြစ်ပြီး ၄င်းတို့မှာ lock down ဧရိယာအတွင်းရှိနေအိမ်တွင် Quarantine ဝင်နေကြောင်း သိရသည်။

မကွေးတိုင်းတွင် စက်တင်ဘာ ၂၂ရက်နေ့ မနက်ပိုင်းထိ ကိုဗစ် အတည်ပြုလူနာ ၂၈ ဦးရှိပြီး မကွေးမြို့နယ်မှာ လူနာ ၁၅ ဦးဖြင့် ဒေသတွင်း ပိုးတွေ့မှုအများဆုံး ဖြစ်နေကြောင်း ကျန်းမာရေးဆိုင်ရာ မှတ်တမ်းများအရ သိရသည်။

Myanmar Digital News

Read times
Rate this item
(0 votes)