What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 18 October 2020 20:55

COVID-19 ကူးစက်ခံရသည့် အလုပ်သမား ၇၀၀ ကျော်ရှိပြီး Quarantine ဝင်ရသည့်အလုပ်သမား ၈၀၀၀ ကျော်ရှိဟု ဆို

COVID-19 ကာလအတွင်း လူမှုဖူလုံရေး အကျုံးဝင် အာမခံအလုပ်သမား (၇၇၂) ဦးမှာ Covid-19 Positive တွေ့ရှိပြီး

Quarantine ပြုလုပ်ခံရသည့် အာမခံအလုပ်သမား (၈၀၅၇) ဦးရှိကြောင်းအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စက်ရုံ/အလုပ်ရုံများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေ အနေများ လူမှုဖူလုံရေး အကျုံးဝင် စက်ရုံ၊အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမားများ၊ ဝန်ထမ်း များအား လူမှုဖူလုံရေးထောက်ပံ့ငွေများ ဆက်လက်ခွင့်ပြု ထုတ်ပေးနေသည့် အခြေအနေများနှင့် ပတ်သက်၍ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ၁၆ရက်တွင် Video Conference စနစ်ဖြင့် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးကအဆိုပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
COVID-19 ကာလအတွင်း လူမှုဖူလုံရေး အကျုံးဝင် အာမခံအလုပ်သမား(၇၇၂) ဦးမှာ Positive လူနာရှိပြီး သက်ဆိုင်ရာကျန်းမာရေးဌာန၊ တိုင်းဒေသကြီး ကိုဗစ် ကော်မတီမှသတ်မှတ်ထားသော ဆေးရုံများတွင် ဆေးကုသမှု ခံယူလျက် ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း Quarantine ပြုလုပ်ခံရသည့် အာမခံအလုပ်သမား (၈၀၅၇) ဦး၊ ဆေးသက်သေခံ လက်မှတ်ထုတ်ပြီးသူ (၁,၆၈၈)ဦးရှိကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့ပါတယ်။
အဆိုပါCOVID-19 အတည်ပြုလူနာ အလုပ်သမားများကို မကျန်းမာမှု ငွေကြေးအကျိုးခံစားခွင့်၆၀ ရာခိုင်နှုန်း ထုတ်ပြီးသူ အာမခံအလုပ်သမား (၄၉၉)ဦးအတွက် ငွေကျပ်(၄၅ ဒသမ ၃၉၅) သန်းကို ခွင့်ပြုထုတ်ပေးပြီးဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း အာမခံအလုပ်သမား ကိုယ်ဝန်ဆောင်မိခင် (၉,၈၈၂)ဦး၊ မကျန်းမာမှု ငွေကြေးအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်း ထုတ်ပြီးသူ (၃,၃၉၅) ဦး အတွက် (၅၀၁ ဒသမ ၀၈၅) သန်းကို ခွင့်ပြုထုတ် ပေးပြီးဖြစ်ပါကြောင်း အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှသိရပါတယ်။

MyanmarLabourNews

Read times
Rate this item
(0 votes)