What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 23 September 2020 18:10

ရန်ကုန်တွင် ရှိသော ကွမ်းယာဆိုင်များကို စက်တင်ဘာလ ၂၄ ရက်က စ၍ ပိတ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ကွမ်းယာဆိုင်များကို စက်တင်ဘာလ(၂၄)ရက်ကစ၍ ပိတ်ခိုင်းမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကော်မတီ က သိရသည်။

 

ပိတ်သိမ်းမှုပြုလုပ်ခြင်းကို သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီများက စီစဉ်ဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ကွမ်းယာဆိုင်များတွင် လာဝယ်သူများ အနေဖြင့် ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားမှုကို ဖြစ်စေနိုင် သောကြောင့် ဖြစ်ကြောင်းလည်း သိရသည်။

 

“ပထမလှိုင်းတုန်းကတော့ဒီအတိုင်း ထားခဲ့တယ်။အဲတော့လူတွေအများကြီးအုံလာတာ ရှိတယ်။အခုက ညွှန်ကြားတာနဲ့ဆိုတော့ ကျွန်တော်တို့ လိုက်ပြီးအော်တယ်။မနက်ဖြန် ပိတ်ရမယ်လို့ပေါ့”ဟု တာမွေမြို့ နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးလင်းက ပြည်မြန်မာကို ပြောသည်။

 

အဆိုပါ ညွှန်ကြားချက်မှာ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးရှိမြို့နယ်များအားလုံးအတွက်အကျူံးဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ပြည်မြန်မာကို ပြောသည်။

Pyi Myanmar 

 

 

Read times Last modified on Wednesday, 23 September 2020 18:16
Rate this item
(0 votes)