What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 25 September 2020 07:50

အင်းစိန်၏ ၄ ခုမြောက် Q center အထက(၁)တွင် ဖွင့်လှစ်ထားရှိပြီ

အင်းစိန်မြို့နယ်၏ ၄ ခုမြောက် Quarantine Center ကို အင်းစိန် အထက (၁)ကျောင်းဝင်းအတွင်းရှိ မေခနဲ့‌မလိခ အဆောင် နှစ်ခုတွင် ယမန်နေ့မှစ၍ ဖွင့်လှစ်ထားရှိပြီဖြစ်ပါသည်။

လက်ရှိ GTI ကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားရှိသော Quarantine center ၃ ခု မှာ မြို့နယ်အတွင်းရှိ ပိုးတွေ့သူနှင့် ထိတွေ့ခဲ့ကြသည့် contact person များကို အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်းအဖြစ် ဆောင်ရွက်နေပြီး အသစ်ထပ်မံဖွင့်လှစ်သည့် Center အမှတ် ၄ သည် အင်းစိန်ဆေးရုံအတွက် အထောက်အကူပြုရန် ရည်ရွယ်ပြင်ဆင်ခဲ့ခြင်းဖြစ်ပါသည်။

 

ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရ၏ ညွှန်ကြားချက်၊ အင်းစိန်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ကိုဗစ်ကော်မတီ၊ အင်းစိန်ဆေးရုံအုပ်ကြီးတို့၏ ညှိနှိုင်းတိုင်ပင်ဆွေးနွေးချက်ဖြင့်ဆောင်ရွက်ခဲ့သော အဆိုပါ အထက(၁) center သည် အင်းစိန်ဆေးရုံသို့ လာရောက်ပြသပြီး ကိုဗစ်လက္ခဏာ ထူးခြားဖြစ်စဉ်တစ်ခုခု တွေ့ရသူများအား ၎င်းတို့ နေအိမ်သို့ ပြန်မလွှတ်ဘဲ စောင့်ကြည့်ထားရှိရန် ပြင်ဆင်ပေးထားခြင်းဖြစ်ပါသည်။

 

ယနေ့အထိ အင်းစိန် Quarantine Center ၄ ခုတွင် အမျိုးသား ၁၄၈ ဦး၊ အမျိုးသမီး ၁၂၅ ဦး စုစုပေါင်း ၂၇၃ ဦးအား တာဝန်ယူ ကန့်သတ်စောင့်ကြည့်ပေးထားရပါသည်။

 

အင်းစိန်သည် ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ခြင်း၊ အနယ်နယ်အရပ်ရပ်မှ လူနာများ အင်းစိန်ဆေးရုံသို့ လာရောက်ပြသကြခြင်း၊ အင်းစိန်မြို့နယ်ခန်းမ၌ ဖွင့်လှစ်ထားသော Fever Clinic သည် တစ်တိုင်းလုံးမှ လာရောက်ပြသသူများကို swab test ယူရန် ဆောင်ရွက်ပေးနေခြင်းတို့ကြောင့် အခြားမြို့နယ်များနှင့်မတူ

 

ပိုမိုလေးလံသောဝန်ကို ထမ်းထားရပါကြောင်း၊ သို့ပါ၍ အင်းစိန်သည် ရန်ကုန်တိုင်းဒေသကြီး၏ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေရပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

 

ဝေဖြိုးဟန်

Read times
Rate this item
(0 votes)