What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 05 April 2020 11:55

လာမည့် နှစ်ပတ်၊ သုံးပတ်အတွင်း ရောဂါပျံ့ပွားမှု များလာနိုင်သည့်အတွက် ပြည်သူတွေ စည်းကမ်းလိုက်နာဖို့ အတိုင်ပင်ခံ တိုက်တွန်း

90251442_832926683874316_4730726126572273664_n.png

 

လာမည့် နှစ်ပတ် သုံးပတ် အတွင်း မြန်မာနိုင်ငံမှာ Covid-19 ရောဂါပျံ့ပွားမှုနှုန်း ပိုမြန်လာနိုင်သလို ရောဂါဖြစ်ပွားသူ ပိုများလာနိုင်သည့်အတွက် စည်းကမ်းညွှန်ကြားချက်များကို လိုက်နာကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ၎င်းရဲ့ လူမှုကွန်ရက် စာမျက်နှာက တစ်ဆင့် ပြည်သူတွေကို တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

 

“ ဒီနေ့ဟာCOVIDရောဂါရှိနေသူတစ်ဦးကို မြန်မာ ပြည်တွင်းမှာ ပထမဆုံးတွေ့ရှိပြီး (၁၄)ရက် မြောက်နေ့ဖြစ် ပါတယ်။ နောက်(၂)ပတ်၊ (၃)ပတ်အတွင်းမှာ ရောဂါ ပျံ့ပွါးနှုန်းဘယ်လောက် မြန်နိုင်မယ် ဆိုတာ ပေါ်လွင်လာပါလိမ့်မယ်။ ဒီအချိန်မှာ ပြည်သူတွေအားလုံး အထူးသတိဝိရိယနဲ့ ရောဂါမပျံ့ပွါးရေးအတွက် စည်းကမ်းညွှန်ကြားချက်တွေလိုက်နာဖို့အရေးကြီးပါတယ်”ဟု ၎င်းက တိုက်တွန်းထားသည်။

 

ဒါ့အပြင် ယခုနှစ်ကျရောက်မည့် သင်္ကြန်မှာ တစ်ခါမှ မတွေ့ကြုံရသေးသည့် သင်္ကြန်မျိုးကို ဖြတ်ကျော်ရမှာဖြစ်ပေမယ့်လည်း ပြည်သူတွေအနေနဲ့ စိတ်မပျက်ကြဖို့ကိုလည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုထားပါတယ်။

 

“ကျွန်မတို့တွေ မတွေ့ရမကြုံရဘူးတဲ့ သင်္ကြန်မျိုးကိုဖြတ်ကျော်ရပါမယ်။ လူစုလူဝေး လုံးဝ ရှောင်ရမဲ့သင်္ကြန်ပါ။ ခြိမ့်ခြိမ့်သဲ အလှူတွေနဲ့ ရပ်ကွက် မပျော်ကြရတဲ့သင်္ကြန် ဆိုပြီးစိတ် မ ပျက်ကြပါနဲ့။ကိုယ့်အတွက် သာမက၊ အများအတွက် အကောင်းဆုံးလာဘ်လာဘကိုပေးကမ်းတဲ့ စေတနာအလှူကြီး ကျွန်မတို့ အား လုံး လုပ်နိုင် ပါတယ်”ဟု ၎င်းက တိုက်တွန်းပြောဆိုထားသည်။

 

လက်ရှိ မြန်မာနိုင်ငံတွင် ၁၅ ရက်အတွင်း Covid-19 ရောဂါပိုးတွေ့ရှိသူ ၂၁ ဦးနှင့် သေဆုံးသူ တစ်ဦးရှိခဲ့သည့်အတွက် လူစုလူဝေးဖြင့် ကျင်းပသည့် ပွဲလမ်းသဘင်အပါအဝင် အထင်ကရ နေရာအများစုကိုလည်း မြန်မာနိုင်ငံအနှံ့အပြားမှာ ပိတ်ပင်ထားပါတယ်။

90165828_212716063139335_1462378197545910272_n.png

သက်ပိုင်

Read times
Rate this item
(0 votes)