What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 04 October 2020 12:24

ကိုဗစ်ကာလ မိဘများအတွက် အကြံပေးချက်များ

Corona virus infection ဖြစ်ပွားနေချိန်မှာ မိဘတွေအနေနဲ့ ကလေးတွေ နေမကောင်းဖြစ်ကြရင် ထိခိုက်ဒဏ်ရာရကြရင်

Corona virus ကူးစက်မှာစိုးလို့ ဆေးရုံဆေးခန်းမသွားရဲဘဲ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသူတွေ အတွက် အကြံပေး အချက်အလက်လေးတွေပါ။


အနီရောင်အဆင့်

အောက်ပါလက္ခဏာများ တစ်ခုခုရှိနေလျှင်

အနီးဆုံးဆေးရုံ အရေးပေါ်ကျန်း မာရေးဌာနသို့ အမြန်သွားရန် လိုပါသည်။

• ကလေးဖျား အေးစက်နေခြင်း။ • တအင်အင်မြည်နေခြင်း၊ အသက်ရှူးပုံ ပုံမှန်မဟုတ်ခြင်း၊ အသက်ရှူရပ်ရပ်သွားခြင်း။ • အသက်ရှူရ ခက်ခဲနေပြီး ဂဏှာမငြိမ်ဖြစ်ခြင်း၊ လှုပ်ရှားမှုမရှိဘဲ ငြိမ်လွန်းနေခြင်း။ • နှုတ်ခမ်းနှင့်ပါးစပ်တဝိုက် ပြာနှမ်းလာခြင်း။ • တက်ခြင်း။ • သတိကောင်းကောင်းမရခြင်း၊ • နှိုးမရအောင် အလွန်မှိန်းခြင်း။ • ဖိကြည့်လျှင် ပျောက်မသွားသော အနီပြင်များ အရေပြားတွင် ထွက်ခြင်း။


လိမ္မော်ရောင်အဆင့်

အောက်ပါလက္ခဏာများ တစ်ခုခုရှိနေလျှင် 

ဆရာဝန်၊ဆရာမစတဲ့ ကျန်းမာရေးဝန်ထမ်း တစ်ဦးဦးနဲ့ နေ့မကူးဘဲ ပြသဖို့ လိုပါသည်။

• အသက်ရှုလိုက်တိုင်း ရင်ဘတ်အောက်ပိုင်း၊ နံရိုးများကြား၊ လည်ပင်းကြွက်သားများ | လှုပ်ရှားမှုများ၍ ချိုင့်ဝင်ခြင်း။ • အသက်ရှုလိုက်တိုင်း ခေါင်းတလှုပ်လှုပ်ဖြစ်အောင် မောနေခြင်း။ • ရေဓာတ်ခန်းခြောက်သော လက္ခဏာများရှိလျှင် (နှုတ်ခမ်းနှင့်ပါးစောင်များခြောက်ခြင်း၊ မျက်လုံးချိုင့်ဝင်ခြင်း၊ အလွန်မှိန်းခြင်း၊ အရေပြားကို ဆွဲကြည့်လျှင်ကျုံးအား ဆန့်အား နှေးနေခြင်း၊ ဆီးနည်းခြင်း)။ • အဖျားကျသည့်တိုင် တအီအီဖြစ်နေခြင်း၊ အလွန်အိပ်ခြင်း၊ မှိန်းခြင်း။ • ဖျား၍ ချမ်းတုန်ခိုက်နေခြင်း။ • ကြွက်သားအရိုးများ အလွန်နာခြင်း။

• သုံးလအောက်ကလေးငယ်များတွင် အဖျား 38 °C/100 4 °F နှင့်အထက် ကိုယ်အပူချိန်တက်ခြင်း။ 

• သုံးလမှ ခြောက်လကလေးငယ်များတွင် အဖျား 39 °C/102 2"F နှင့်အထက် ကိုယ်အပူချိန်တက်ခြင်း။ 

• ကလေးအားလုံး မည်သည့်အသက်အရွယ်မဆို အဖျား 38 °C/100 4"F နှင့်အထက် ငါးရက်ထက်ကြာအောင် ကိုယ်အပူချိန်တက်ခြင်း။  • နေမကောင်းဖြစ်ရာမှ ပိုဆိုးလာသည်ဟု ထင်ခြင်း၊ မိဘမှ စိုးရိမ်ခြင်း၊ • အဆက်မပြတ်အန်ခြင်း၊ အဆက်မပြတ် ဗိုက်အောင့် ဗိုက်နာခြင်း၊

• ဆီး သို့မဟုတ် ဝမ်းတွင် သွေးပါခြင်း ၊ • ထိခိုက်ဒဏ်ရာရခြင်းများအနက် - ခြေ၊ လက် မလုပ်နိုင်အောင်ဖြစ်ခြင်း၊ အဆက်မပြတ်နာခြင်း၊ ခေါင်းထိခိုက်ပြီး အဆက်မပြတ်ငိုခြင်း၊ • အန်ခြင်း၊ မှိန်းခြင်း၊


အစိမ်းရောင် အဆင့်

အထက်ဖော်ပြပါ  လက္ခဏာများ မရှိပါက အိမ်မှာပဲ ပြုစုပါ။

အိမ်မှာပဲ စောင့်ကြည့်ပါ။


Reference: Advice for parents during coronavirus, NHS, UK.

Child Health and Parenting by Dr. Thet Htar Shwe Sin Win

Read times
Rate this item
(0 votes)